Home News အနာဂတ်ဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖို့ တစ်ဖြည်းဖြည်းခက်ခဲလာတဲ့ ရန်ကုန်မြို့တော်

အနာဂတ်ဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖို့ တစ်ဖြည်းဖြည်းခက်ခဲလာတဲ့ ရန်ကုန်မြို့တော်

0
အနာဂတ်ဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖို့ တစ်ဖြည်းဖြည်းခက်ခဲလာတဲ့ ရန်ကုန်မြို့တော်

မြန်မာနိုင်ငံရဲ့ ရာသီဥတု ယိုယွင်းပျက်စီးလာတာနဲ့အမျှ မြို့တော် ရန်ကုန်ဟာလည်း ရာသီဥတုဒဏ်နဲ့ အနာဂတ်ဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖို့ တစ်ဖြည်းဖြည်းခက်ခဲလာပါပြီ။ ယခင်က ဆောင်းရာသီမှာ အေးမြတာကြောင့် အအေးဒဏ်ခံနိုင်ဖို့အတွက် ဆွယ်တာအကျီတွေ၊ အနွေးထည်တွေ ဝတ်ခဲ့ရပေမယ့် ယခုတော့ အဲ့ဒီလိုမဟုတ်တော့ပါဘူး။

ရန်ကုန်ရဲ့ဆောင်းရာသီဟာ အနွေးထည်ဝတ်စရာမလိုတဲ့အခြေအနေကို ရောက်ရှိနေပြီ ဖြစ်သလို တစ်ချိန်ထဲမှာဘဲ အပူချိန် မြင့်တက်မှုကို ခံစားနေတဲ့ မြို့တော်တစ်ခု ဖြစ်လာပါပြီ။ ဒါ့အပြင် မြေငလျင်လှုပ်ခြင်း၊ ရေလွှမ်းမိုးခြင်းနဲ့ လူဦးရေ သိပ်သည်းများပြားလာမှုကို တစ်ဆက်ထဲမှာ ကြုံတွေနေရပြီး မြို့တော်ကြီးဟာ ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

crack-earth

ယခုနွေရာသီမှာဆိုရင် မြေကြီးတွေဟာ ပက်ကြားအက်မှုတွေ ဖြစ်နေပြီး ရေအခက်အခဲကိုလည်း ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာ ဝေးလံတဲ့နေရာကနေ နေအိမ်အထိ ရေများကို ထမ်းပြီး သယ်ဆောင်နေရသလို မကြာခင်မှာလည်း ရန်ကုန်မြို့တော်ဟာ ရေရှားပါးမှုကို ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

မြန်မာနိုင်ငံသာမက ကမ္ဘာတစ်ခုလုံး ရာသီဥတုဖောက်ပြန်မှုကို ကြုံတွေ့နေရတာ မှန်ပေမယ့် လက်ရှိမှာ မြန်မာနိုင်ငံဟာ တိုးတက်မှုမြန်ဆန်နေတဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ ၂ခုတို့ကြားကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘေးပတ်ဝန်းကျင်ရဲ့ ပယောဂ နှစ်ခုအပြင် နိုင်ငံရဲ့ သစ်တော်ပြုန်းတီးမှုကြောင့်လည်း ရာသီဥတု ပျက်စီးမှုက ပိုမိုမြန်ဆန်လာစေခဲ့တာ ဖြစ်ပါတယ်။

climate-6-data

Channel News Asia ရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်မြို့တော်ရဲ့ ရာသီဥတုအခြေအနေဟာ ဆိုးဝါးလာဖွယ်ရှိပြီး မြို့တော်မှာ ဘေးအန္တရာယ်ကို ရင်ဆိုင်နိုင်မယ့် နည်းလမ်းတွေ ကြိုတင်ပြင်ဆင်ထားမှု မရှိဘူးလို့လဲ ဆိုပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့တွင်းမှာ ရေရှားပါးမှု ပြဿနာဟာ သိပ်မသိသာပေမယ့် မြို့စွန်ဘက်တွေမှာ သိသိသာသာနဲ့ ရှားပါးလာနေပါပြီ။

မိုးတွင်းရောက်လာတဲ့အခါမှာလဲ ရေလွှမ်းမိုးမှုများ ဖြစ်လာပြီး ၂နှစ်အတွင်းမှာ အတော်ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပါတယ်။ ယခု နွေရာသီမှာ အပူချိန်အဆမတန် မြင့်မားလာသလို မိုးရာသီ ရောက်တဲ့အခါမှာလဲ ရေလွှမ်းမိုးမှုတွေဖြစ်လာတော့မှာ ဖြစ်တဲ့ အတွက် ရန်ကုန်မှာနေထိုင်တဲ့ အောက်ခြေလူတန်းစားတွေအတွက်ကတော့ ရင်လေးစရာပါဘဲ။ လူတွေရဲ့ အသိမှာ ရာသီဥတု ပိုမိုပျက်စီးလာတာကို သိပေမယ့်လည်း ဒါကို ကာကွယ်ဖို့ အကြံအစည်တွေထုတ်မှုမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ နေ့စဉ်လူမှုဘဝကို ရုန်းကန်လှုပ်ရှားရင်းနဲ့ အချိန်တွေက တစ်ဖြည်းဖြည်းတိုက်စားသွားလို့ပါဘဲ။

လက်ရှိမှာတော့ Channel News Asia ကတော့ ရန်ကုန်မြို့တော်ဟာ အနာဂတ်ဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖို့ အသင့်မရှိတဲ့ မြို့တော် ဖြစ်နေတယ်လို့ မှတ်ချက်ပြုသွားပါတယ်။

Ref: Channel News Asia

Zawgyi Font : အနာဂတ်ဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖို့ တစ်ဖြည်းဖြည်းခက်ခဲလာတဲ့ ရန်ကုန်မြို့တော်



crack-earth



climate-6-data




Ref: Channel News Asia

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: