Home Lifestyle မျက်ကန်းအချစ်ဆိုတာ

မျက်ကန်းအချစ်ဆိုတာ

0
မျက်ကန်းအချစ်ဆိုတာ

 “အချစ်မှာ မျက်စိမရှိဘူး”ဆိုတာက ဆိုရိုးစကား သက်သက်ချည်း မဟုတ်ပါဘူး။ ဘာကြောင့်မို့ မျက်ကန်းအချစ်မျိုးနဲ့ ချစ်တတ်ကြသလဲဆိုတာမှာ အကြောင်းအရင်း တစ်ရပ်ထက်မက အများကြီးရှိနေတယ်လို့ လေ့လာသူတွေက ကောက်ချက်ချထားပါတယ်။ အချစ်ရဲ့ လှည့်စားချက်တွေက စိတ်နဲ့ ခန္ဓာကို ဘယ်လို ဆက်စပ်နေသလဲဆိုတာကို လေ့လာကြည့်ရအောင်လားဗျာ။

အချစ်နဲ့ ပတ်သက်ရင် ကျွန်တော်တို့ မြင်ချင်တာကိုပဲ ရွေးမြင်တတ်ကြပါတယ်

လူတွေဟာ သူတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ခြွင်းချက်မရှိပဲ သူတို့ရဲ့အတွေးတွေကို သေချာစေတာကြောင့် ကိုယ်ချစ်တဲ့သူနဲ့ ပတ်သက်ရင် ကောင်းတဲ့အချက်ကိုပဲ အမြဲရှာဖွေနေတတ်ကြပါတယ်။ လူတွေက တခြားလူတွေကိုပဲ ဆွဲဆောင်နိုင်ဖို့ဆိုရင် တခြားလူနဲ့ပတ်သက်ပြီး တွေးတောစဉ်းစားသမျှကလည်း အကောင်းမြင်ဖြစ်နေတတ်ရပါမယ်။ တွေးတောသမျှက အကောင်းချည်းဖြစ်နေဖို့အတွက် တခြားလူရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ပြီး စဉ်းစားတွေးတောသမျှကလည်း အပြုသဘောချည်း ဖြစ်လို့နေတတ်ပါတယ်။ တခြားသူရဲ့ မကောင်းတဲ့ စရိုက်၊ သွင်ပြင်လက္ခဏာတွေကို မမြင်တာကြောင့် ကိုယ့်အတွေးနဲ့ကိုယ် အချစ်ချည်း ပြည့်နေတတ်ပါတယ်။

နှလုံးခုန်သံကို နားဆင်ရင်း အလိုလိုသိနားလည်နေပါတယ်

လူ့ဦးနှောက်မှာ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက အကျိုးသင့်၊ အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တဲ့အပိုင်းနဲ့ ကျန်တဲ့အပိုင်းက စိတ်ခံစားမှုဆိုင်ရာအပိုင်းတို့ ဖြစ်ကြပါတယ်။ စိတ်ရဲ့အသံကို နားဆင်မယ်ဆိုရင် စိတ်ခံစားမှုပိုင်းဆိုင်ရာအပိုင်းက အကျိုးသင့်အကြောင်းသင့်စဉ်းစားတတ်တဲ့အပိုင်းကို လွှမ်းမိုးနေပါတယ်။ တကယ်လို့သင်က စတင်ချစ်ကျွမ်းဝင်နေကာစ အချိန်ဖြစ်တယ်ဆိုရင် သင့်ရဲ့အတွေးတွေကို စိတ်ခံစားမှုကပဲ ဦးဆောင်နေပါတယ်။ ချစ်ခြင်းမေတ္တာကြောင့်ရလာမဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်တဲ့ အသည်းကွဲတာတွေ၊ အန္တရာယ်တွေ၊ မကောင်းတဲ့အရာတွေ၊ စိတ်ဆင်းရဲမှုတွေကို လုံးဝမမြင်ပါဘူး။ အကြောင်းရင်းကတော့ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တဲ့အပိုင်းကို စိတ်ခံစားမှုအပိုင်းက လုံးဝလွှမ်းမိုးလိုက်လို့ပါပဲ။

အချစ်မှာ မျက်စိမရှိပါ

သင်ချစ်နေချိန်မှာ သင့်ဦးနှောက်ရဲ့တချို့အစိတ်အပိုင်းတွေဟာ ပိတ်ဆို့ခြင်းကိုခံထားရပါတယ်။ အထူးသဖြင့် သင့်ချစ်တဲ့သူအကြောင်းတွေတဲ့အခါ ဒါမှမဟုတ်သင့်ချစ်တဲ့သူကို ကြည့်နေမိတဲ့အခါမျိုးတွေမှာပေါ့။ အဲ့ဒီအစိတ်အပိုင်းမှာရှိတဲ့ ဦးနှောက်ရဲ့လှုပ်ရှားမှုက လျော့ကျသွားပြီး ကိုယ့်ချစ်တဲ့သူကလွဲလို့ တခြားဘေးလူတွေကို သတိထားနိုင်စွမ်း၊ ဆွဲဆောင်နိုင်စွမ်း လျော့နည်းလာပါတယ်။ ဒီလိုနည်းတွေကြောင့် ကိုယ်တကယ်ချစ်တဲ့သူနဲ့ တွေ့ရချိန်မှာ သူ့ထက်ပိုသာတဲ့သူတွေကို မတွေးတောဖြစ်တော့ပဲ သင့်တိုရဲ့ဆက်ဆံရေးက အရှည်တည်တံ့နေမှာပါ။

အခုကြိုက်အခုကွဲပြီး အသစ်ရှာနေကြတဲ့ ဒီခေတ်ထဲက လူတချို့ကို သူတို့ဘာကြောင့် ဒီလိုဖြစ်နေကြတာပဲလိမ့်လို့ သင်တွေးကောင်းတွေးမိပါလိမ့်မယ်။ အပြစ်တင်ချင်ရင် သူတို့ဦးနှောက်ထဲက ဆက်စပ်နေတဲ့ဓာတ်ပစ္စည်းတွေကိုသာ အပြစ်တင်လိုက်ပါတော့လို့ ပြောရင်းနဲ့ပဲ… :,)

Zawgyi Font : မ်က္ကန္းအခ်စ္ဆိုတာ

 “အခ်စ္မွာ မ်က္စိမရွိဘူး”ဆိုတာက ဆို႐ိုးစကား သက္သက္ခ်ည္း မဟုတ္ပါဘူး။ ဘာေၾကာင့္မို႔ မ်က္ကန္းအခ်စ္မ်ိဳးနဲ႔ ခ်စ္တတ္ၾကသလဲဆိုတာမွာ အေၾကာင္းအရင္း တစ္ရပ္ထက္မက အမ်ားႀကီးရွိေနတယ္လို႔ ေလ့လာသူေတြက ေကာက္ခ်က္ခ်ထားပါတယ္။ အခ်စ္ရဲ႕ လွည့္စားခ်က္ေတြက စိတ္နဲ႔ ခႏၶာကို ဘယ္လို ဆက္စပ္ေနသလဲဆိုတာကို ေလ့လာၾကည့္ရေအာင္လားဗ်ာ။

အခ်စ္နဲ႔ ပတ္သက္ရင္ ကြၽန္ေတာ္တို႔ ျမင္ခ်င္တာကိုပဲ ေ႐ြးျမင္တတ္ၾကပါတယ္

လူေတြဟာ သူတို႔ရဲ႕ ဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး ႁခြင္းခ်က္မရွိပဲ သူတို႔ရဲ႕အေတြးေတြကို ေသခ်ာေစတာေၾကာင့္ ကိုယ္ခ်စ္တဲ့သူနဲ႔ ပတ္သက္ရင္ ေကာင္းတဲ့အခ်က္ကိုပဲ အၿမဲရွာေဖြေနတတ္ၾကပါတယ္။ လူေတြက တျခားလူေတြကိုပဲ ဆြဲေဆာင္ႏိုင္ဖို႔ဆိုရင္ တျခားလူနဲ႔ပတ္သက္ၿပီး ေတြးေတာစဥ္းစားသမွ်ကလည္း အေကာင္းျမင္ျဖစ္ေနတတ္ရပါမယ္။ ေတြးေတာသမွ်က အေကာင္းခ်ည္းျဖစ္ေနဖို႔အတြက္ တျခားလူရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႔ ပတ္သက္ၿပီး စဥ္းစားေတြးေတာသမွ်ကလည္း အျပဳသေဘာခ်ည္း ျဖစ္လို႔ေနတတ္ပါတယ္။ တျခားသူရဲ႕ မေကာင္းတဲ့ စ႐ိုက္၊ သြင္ျပင္လကၡဏာေတြကို မျမင္တာေၾကာင့္ ကိုယ့္အေတြးနဲ႔ကိုယ္ အခ်စ္ခ်ည္း ျပည့္ေနတတ္ပါတယ္။

ႏွလုံးခုန္သံကို နားဆင္ရင္း အလိုလိုသိနားလည္ေနပါတယ္

လူ႔ဦးေႏွာက္မွာ ႏွစ္ပိုင္းရွိပါတယ္။ တစ္ပိုင္းက အက်ိဳးသင့္၊ အေၾကာင္းသင့္ စဥ္းစားေတြးေခၚတတ္တဲ့အပိုင္းနဲ႔ က်န္တဲ့အပိုင္းက စိတ္ခံစားမႈဆိုင္ရာအပိုင္းတို႔ ျဖစ္ၾကပါတယ္။ စိတ္ရဲ႕အသံကို နားဆင္မယ္ဆိုရင္ စိတ္ခံစားမႈပိုင္းဆိုင္ရာအပိုင္းက အက်ိဳးသင့္အေၾကာင္းသင့္စဥ္းစားတတ္တဲ့အပိုင္းကို လႊမ္းမိုးေနပါတယ္။ တကယ္လို႔သင္က စတင္ခ်စ္ကြၽမ္းဝင္ေနကာစ အခ်ိန္ျဖစ္တယ္ဆိုရင္ သင့္ရဲ႕အေတြးေတြကို စိတ္ခံစားမႈကပဲ ဦးေဆာင္ေနပါတယ္။ ခ်စ္ျခင္းေမတၱာေၾကာင့္ရလာမဲ့ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြ ျဖစ္တဲ့ အသည္းကြဲတာေတြ၊ အႏၲရာယ္ေတြ၊ မေကာင္းတဲ့အရာေတြ၊ စိတ္ဆင္းရဲမႈေတြကို လုံးဝမျမင္ပါဘူး။ အေၾကာင္းရင္းကေတာ့ အက်ိဳးသင့္အေၾကာင္းသင့္ စဥ္းစားေတြးေခၚတတ္တဲ့အပိုင္းကို စိတ္ခံစားမႈအပိုင္းက လုံးဝလႊမ္းမိုးလိုက္လို႔ပါပဲ။

အခ်စ္မွာ မ်က္စိမရွိပါ

သင္ခ်စ္ေနခ်ိန္မွာ သင့္ဦးေႏွာက္ရဲ႕တခ်ိဳ႕အစိတ္အပိုင္းေတြဟာ ပိတ္ဆို႔ျခင္းကိုခံထားရပါတယ္။ အထူးသျဖင့္ သင့္ခ်စ္တဲ့သူအေၾကာင္းေတြတဲ့အခါ ဒါမွမဟုတ္သင့္ခ်စ္တဲ့သူကို ၾကည့္ေနမိတဲ့အခါမ်ိဳးေတြမွာေပါ့။ အဲ့ဒီအစိတ္အပိုင္းမွာရွိတဲ့ ဦးေႏွာက္ရဲ႕လႈပ္ရွားမႈက ေလ်ာ့က်သြားၿပီး ကိုယ့္ခ်စ္တဲ့သူကလြဲလို႔ တျခားေဘးလူေတြကို သတိထားႏိုင္စြမ္း၊ ဆြဲေဆာင္ႏိုင္စြမ္း ေလ်ာ့နည္းလာပါတယ္။ ဒီလိုနည္းေတြေၾကာင့္ ကိုယ္တကယ္ခ်စ္တဲ့သူနဲ႔ ေတြ႕ရခ်ိန္မွာ သူ႔ထက္ပိုသာတဲ့သူေတြကို မေတြးေတာျဖစ္ေတာ့ပဲ သင့္တိုရဲ႕ဆက္ဆံေရးက အရွည္တည္တံ့ေနမွာပါ။

အခုႀကိဳက္အခုကြဲၿပီး အသစ္ရွာေနၾကတဲ့ ဒီေခတ္ထဲက လူတခ်ိဳ႕ကို သူတို႔ဘာေၾကာင့္ ဒီလိုျဖစ္ေနၾကတာပဲလိမ့္လို႔ သင္ေတြးေကာင္းေတြးမိပါလိမ့္မယ္။ အျပစ္တင္ခ်င္ရင္ သူတို႔ဦးေႏွာက္ထဲက ဆက္စပ္ေနတဲ့ဓာတ္ပစၥည္းေတြကိုသာ အျပစ္တင္လိုက္ပါေတာ့လို႔ ေျပာရင္းနဲ႔ပဲ… :,)

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: