Home News ဧပြီလ အတွင်းမှာ Xiaomi Mi6 ထွက်မည်ဖြစ်ကြောင်း Xiaomi ဥက္ကဌ လေကျွင်း အတည်ပြု

ဧပြီလ အတွင်းမှာ Xiaomi Mi6 ထွက်မည်ဖြစ်ကြောင်း Xiaomi ဥက္ကဌ လေကျွင်း အတည်ပြု

0
ဧပြီလ အတွင်းမှာ Xiaomi Mi6 ထွက်မည်ဖြစ်ကြောင်း Xiaomi ဥက္ကဌ လေကျွင်း အတည်ပြု

Xiaomi Mi6 ဘယ်တော့ထွက်မလဲဆိုတာကို စောင့်စားနေတဲ့ ပရိတ်သတ်တွေဟာ သိလိုစိတ်ပြင်းပြနေ ကြပြီ ဖြစ်သလို ပေါက်ကြား သတင်းများအရ Mi6 ဟာ ဧပြီ ၁၁ ရက်၊ ၁၆ ရက် နဲ့ ၁၈ ရက် အတွင်းမှာ ထွက်ပေါ်မယ်လို့ သိရှိရပါတယ်။ ယခုတော့ Xiaomi ရဲ့ ဥက္ကဌ လေကျွင်း ကိုယ်တိုင် Live Stream လွှင့်ရင်းနဲ့ Mi6 ဟာ ဧပြီလအတွင်းမှာ ထွက်မည်ဆိုတာ သေချာကြောင်း အတည်ပြုပေးခဲ့ပါတယ်။

ဒါပေမယ့် ဥက္ကဌ လေကျွင်းအနေနဲ့ ထွက်ရှိမည့် နေ့ကို အတိအကျမပြောခဲ့ပါဘူး။ ဧပြီလ အတွင်းမှာဘဲ ထွက်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Mi6 ဟာ ရေစိမ်ခံနိုင်တဲ့ စွမ်းဆောင်ရည်၊ ကင်မရာအနေနဲ့ Sony IMX 400 Sensor ထည့်သွင်းပေးမယ်လို့ သတင်းများ ပေါက်ကြားလျက်ရှိပြီး တစ်ကယ် ဟုတ်မဟုတ်ဆိုတာကိုတော့ စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

Zawgyi Font : ဧပြီလ အတွင်းမှာ Xiaomi Mi6 ထွက်မည်ဖြစ်ကြောင်း Xiaomi ဥက္ကဌ လေကျွင်း အတည်ပြု



LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: