
ဒီေန႕အခါမွာ ကမၻာ႔လူသားေတြနဲ႔ မိုဘိုင္းဖုန္းေတြဆိုတာ ခြဲျခားလို႔ မရႏိုင္တဲ႔အရာျဖစ္ခဲ႔ပါျပီ။ ကမာၻ႕ေစ်းကြက္ထဲမွာေတာ႔ မိုဘိုင္းဖုန္းေတြကို တံဆိပ္မ်ိဳးစံု အေရာင္အေသြးမ်ိဳးစံု အရည္အေသြးမ်ိဳးစံု ေတြ႔ျမင္ေနၾကရပါတယ္။ ဒီလို မ်ိဳးစံုအထဲမွာ သိသင္႔တဲ႔ အရာတစ္ခုကေတာ႔ ကမာၻေပၚကေစ်းအၾကီးဆံုး မိုဘိုင္းဖုန္း(၁၀)လံုးျဖစ္ပါတယ္။ ေစ်းအနည္းအမ်ားအလိုက္ ေဖၚျပေပးလိုက္ပါတယ္။
(၁၀) Vertu Signature Diamond
ပလက္တီနမ္နဲ႔ လုပ္ထားျပီး ထုတ္လုပ္တဲ့ နည္းစဥ္ကလည္း စက္မသံုးဘဲ လက္နဲ႔ တပ္ဆင္ထုတ္လုပ္ပါတယ္။ အလွအပအတြက္ စိန္ေတြနဲ႕ အလွဆင္ထားျပီး စုစုေပါင္းအလံုး(၂၀၀)ပဲထုတ္လုပ္ပါတယ္။ တန္ဖိုးကေတာ႔ အေမရိကန္ေဒၚလာ ၈၈၀၀၀ က်ပါတယ္။
(၉) iPhone Princess Plus
အသြင္အျပင္အားျဖင္႔ အျခားအိုင္ဖုန္းေတြနဲ႕ သိပ္ျပီမကြာလွပါဘူး။ နာမည္ၾကီး Austria ဒီဇိုင္းနာPeter Aloisson က ဒီဇိုင္းဆြဲထားတာျဖစ္ျပီး ေတာက္ပတဲ႔စိန္လံုးေပါင္း ၁၈၀ ကို ေရႊနဲ႔ကြပ္ျပီး ဖန္တီးထုတ္လုပ္ထားတာျဖစ္ပါတယ္။ တန္ဖိုးကေဒၚလာ ၁၇၆၄၀၀ ျဖစ္ပါတယ္။
(၈) Black Diamond VIPN Smart phone
Sony Ericsson ဖုန္းအမ်ိဳးအစားျဖစ္ပါတယ္။ Jaren Goh က ဆိုနီအတြက္ စတိုင္က်က် ဖန္တီးေပးထားတာျဖစ္ပါတယ္။ ပိုလီကာဘြန္ႏိုက္ေၾကးမံုျပင္ျဖင္႔ အေသးစိတ္ဖန္တီးျပီး ေအာ္ဂဲနစ္ LED နည္းပညာပါ၀င္ပါတယ္။ မ်က္ႏွာျပင္ကထြက္ေပၚလာတဲ႔ အက်ိဳးသက္ေရာက္မႈက ဘယ္သူမွယွဥ္လို႔မရေသးပါဘူး။ စိန္ႏွစ္လံုးပါ၀င္ျပီး တစ္လံုးက ညႊန္းရပ္ခလုတ္ Navigation Button မွာျဖစ္ျပီး ေနာက္တစ္လံုးကေတာ့ ေနာက္ဘက္မွာျဖစ္ပါတယ္။ တန္ဖိုးက အေမရိကန္ေဒၚလာ ၃၀၀၀၀၀ ပါ။
(၇) Vertu Signature Cobra
ျပင္သစ္ရတနာကုန္သည္ Boucheron က ဒီဇိုင္းထုတ္လုပ္ ဖန္တီးထားတာပါ။ စိန္(၂)လံုး၊ျမ(၂)လံုးနဲ႔ ပတၱျမား(၄၃၉)ကို ဖုန္းေဘးဘက္မွာ ေျမြေဟာက္ပံု ပံုေဖၚထားပါတယ္။တန္ဖိုးက ေဒၚလာ ၃၁၀၀၀၀ ျဖစ္ပါတယ္။
(၆) Gresso Luxor Las Vegas Jackpot
၂၀၀၅ ခုႏွစ္ ဆြစ္ဇာလန္မွာ စတင္တည္ေထာင္ခဲ႔တဲ႔ Gresso အမ်ိဳးအစားဖုန္းျဖစ္ပါတယ္။ ေရႊ ၁၈၀ ဂရမ္နဲ႔ျပဳလုပ္ထားျပီး ေနာက္ေက်ာကိုေတာ႔ ေစ်းအၾကီးဆံုး သက္တမ္းႏွစ္၂၀၀ မက ရွိတဲ႔ အေမရိကန္ Bavkwood သစ္နဲ႔လုပ္ထားပါတယ္။ ခလုတ္ေတြကိုေတာ့ နီလာပံုေဆာင္ခဲနဲ႔ လုပ္ထာျပီး ေဒၚလာတစ္သန္းတန္ပါတယ္။
(၅) Diamond Crypto Smartphone
Window CE ကို အေျခခံျပီး Peter Allioson က ဒီဇိုင္းဆြဲထုတ္လုပ္ထားပါတယ္။ ေစ်းက ၁.၃ သန္းအထိရွိပါတယ္။ စိန္အလံုး(၅၀)ပါ၀င္ျပီး (၁၀)လံုးက စိန္ျပာေတြပါ။ ျပန္ေပးဆြဲမခံရေအာင္ နည္းပညာျမင့္မားစြာျဖင့္ တည္ေဆာက္ထားတာျဖစ္ပါတယ္။
(၄) GoldVish Le Million
ဒီဖုန္းက 2006 ခုႏွစ္မွာ ဂင္းနစ္စံခ်ိန္၀င္ထားတဲ႔ ဖုန္းျဖစ္ပါတယ္။ ဆြစ္ဇာလန္မွာလုပ္ျပီး ေဒၚလာ ၁.၃ သန္းက်ပါတယ္။ 18k ေရႊျဖဴအပါအ၀င္ ၂၂ကာရက္ V V S1 စိန္ေတြနဲ႔လွပခ်ယ္မွဳန္းထားပါတယ္။
(၃) iPhone 3G King’s Button
ဒီဖုန္းကလည္း Austria က နာမည္ၾကီး ရတနာကၽြမ္းက်င္သူ Peter Aloisson ရဲ႕ ဒီဇိုင္းျဖစ္ပါတယ္။ မ်က္ႏွာျပင္ပတ္လည္ကို စိန္ေပါင္း၁၃၈ လံုးနဲ႔အလွဆင္ထားပါတယ္။ မ်က္ႏွာျပင္ရဲ႔ အဓိက ခလုတ္ေနရာကိုေတာ႔ စိန္ျဖဴ ၆.၆ ကာရက္နဲ႔ အလွဆင္ထားပါတယ္။တန္ဖိုးက ေဒၚလာ ၂.၄ သန္းျဖစ္ပါတယ္။
(၂) Supreme Goldstriker iPhone 3G32GB
ကမာၻ႔ဒုတိယ ေစ်းအၾကီး ျဖစ္တဲ႔ Goldstriker အိုင္ဖုန္းဟာ ေဒၚလာ ၃.၂သန္းတန္ဖိုးရွိပါတယ္။ ဖုန္းအိမ္ကို ၂၂ ကာရက္ေရႊ ၂၇၁ ဂရမ္နဲ႔ျပဳလုပ္ထားျပီး ၅၃၁ ကာရက္စိန္နဲ႔ အနားကြပ္ထားပါတယ္။ အဓိကခလုတ္ကိုေတာ႔ ၇.၁ ကာရက္ရွိတဲ႔ ရွားပါးစိန္နဲ႔လုပ္ထားပါတယ္။
(၁) Diamond Rose iPhone 4 32GB
ကမာၻ႔ေစ်းအျမင္႔ဆံုးျဖစ္တာမို႔ ေဒၚလာ ၈ သန္းတန္ပါတယ္။ ဖုန္းရဲ႕ ေဒါင္လိုက္လိုက္ေနရာေတြမွာ ကာရက္ေပါင္း ၁၀၀ ေက်ာ္တဲ႔ စိန္အပြင္႔ေရ ၅၀၀ေလာက္ နဲ႔စီခ်ယ္ထားပါတယ္။ ေနာက္ခံကိုေတာ့ ေရႊနဲ႔လုပ္ထားျပီး ပန္းသီးအမွတ္တံဆိပ္ေနရာမွာေတာ႔ စိန္ ၅၄ ပြင္႔နဲ႔ သီးသန္႔ခ်ယ္သထားပါတယ္။ ညႊန္းမွတ္ခလုတ္ေနရာမွာေတာ႔ ပလက္တီနမ္နဲ႔ လုပ္ထားျပီးအလယ္မွာေတာ႔ ပန္းေရာင္ သို႔မဟုတ္ ၈ ကာရက္ရွိတဲ႔ ရွားပါးစိန္ကို ထည္႔ထားပါတယ္။
ကိုးကား။ ။ Wonderlist
Unicode : ကမ္ဘာ့ ဈေးအကြီးဆုံး မိုဘိုင်းဖုန်း(၁၀)လုံးကို သင်သိပါသလား
ဒီနေ့အခါမှာ ကမ္ဘာ့လူသားတွေနဲ့ မိုဘိုင်းဖုန်းတွေဆိုတာ ခွဲခြားလို့ မရနိုင်တဲ့အရာဖြစ်ခဲ့ပါပြီ။ ကမ္ဘာ့ဈေးကွက်ထဲမှာတော့ မိုဘိုင်းဖုန်းတွေကို တံဆိပ်မျိုးစုံ အရောင်အသွေးမျိုးစုံ အရည်အသွေးမျိုးစုံ တွေ့မြင်နေကြရပါတယ်။ ဒီလို မျိုးစုံအထဲမှာ သိသင့်တဲ့ အရာတစ်ခုကတော့ ကမ္ဘာပေါ်ကဈေးအကြီးဆုံး မိုဘိုင်းဖုန်း(၁၀)လုံးဖြစ်ပါတယ်။ ဈေးအနည်းအများအလိုက် ဖေါ်ပြပေးလိုက်ပါတယ်။
(၁၀) Vertu Signature Diamond
ပလက်တီနမ်နဲ့ လုပ်ထားပြီး ထုတ်လုပ်တဲ့ နည်းစဉ်ကလည်း စက်မသုံးဘဲ လက်နဲ့ တပ်ဆင်ထုတ်လုပ်ပါတယ်။ အလှအပအတွက် စိန်တွေနဲ့ အလှဆင်ထားပြီး စုစုပေါင်းအလုံး(၂၀၀)ပဲထုတ်လုပ်ပါတယ်။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၈၈၀၀၀ ကျပါတယ်။
(၉) iPhone Princess Plus
အသွင်အပြင်အားဖြင့် အခြားအိုင်ဖုန်းတွေနဲ့ သိပ်ပြီမကွာလှပါဘူး။ နာမည်ကြီး Austria ဒီဇိုင်းနာPeter Aloisson က ဒီဇိုင်းဆွဲထားတာဖြစ်ပြီး တောက်ပတဲ့စိန်လုံးပေါင်း ၁၈၀ ကို ရွှေနဲ့ကွပ်ပြီး ဖန်တီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ တန်ဖိုးကဒေါ်လာ ၁၇၆၄၀၀ ဖြစ်ပါတယ်။
(၈) Black Diamond VIPN Smart phone
Sony Ericsson ဖုန်းအမျိုးအစားဖြစ်ပါတယ်။ Jaren Goh က ဆိုနီအတွက် စတိုင်ကျကျ ဖန်တီးပေးထားတာဖြစ်ပါတယ်။ ပိုလီကာဘွန်နိုက်ကြေးမုံပြင်ဖြင့် အသေးစိတ်ဖန်တီးပြီး အော်ဂဲနစ် LED နည်းပညာပါဝင်ပါတယ်။ မျက်နှာပြင်ကထွက်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုက ဘယ်သူမှယှဉ်လို့မရသေးပါဘူး။ စိန်နှစ်လုံးပါဝင်ပြီး တစ်လုံးက ညွှန်းရပ်ခလုတ် Navigation Button မှာဖြစ်ပြီး နောက်တစ်လုံးကတော့ နောက်ဘက်မှာဖြစ်ပါတယ်။ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ ပါ။
(၇) Vertu Signature Cobra
ပြင်သစ်ရတနာကုန်သည် Boucheron က ဒီဇိုင်းထုတ်လုပ် ဖန်တီးထားတာပါ။ စိန်(၂)လုံး၊မြ(၂)လုံးနဲ့ ပတ္တမြား(၄၃၉)ကို ဖုန်းဘေးဘက်မှာ မြွေဟောက်ပုံ ပုံဖေါ်ထားပါတယ်။တန်ဖိုးက ဒေါ်လာ ၃၁၀၀၀၀ ဖြစ်ပါတယ်။
(၆) Gresso Luxor Las Vegas Jackpot
၂၀၀၅ ခုနှစ် ဆွစ်ဇာလန်မှာ စတင်တည်ထောင်ခဲ့တဲ့ Gresso အမျိုးအစားဖုန်းဖြစ်ပါတယ်။ ရွှေ ၁၈၀ ဂရမ်နဲ့ပြုလုပ်ထားပြီး နောက်ကျောကိုတော့ ဈေးအကြီးဆုံး သက်တမ်းနှစ်၂၀၀ မက ရှိတဲ့ အမေရိကန် Bavkwood သစ်နဲ့လုပ်ထားပါတယ်။ ခလုတ်တွေကိုတော့ နီလာပုံဆောင်ခဲနဲ့ လုပ်ထာပြီး ဒေါ်လာတစ်သန်းတန်ပါတယ်။
(၅) Diamond Crypto Smartphone
Window CE ကို အခြေခံပြီး Peter Allioson က ဒီဇိုင်းဆွဲထုတ်လုပ်ထားပါတယ်။ ဈေးက ၁.၃ သန်းအထိရှိပါတယ်။ စိန်အလုံး(၅၀)ပါဝင်ပြီး (၁၀)လုံးက စိန်ပြာတွေပါ။ ပြန်ပေးဆွဲမခံရအောင် နည်းပညာမြင့်မားစွာဖြင့် တည်ဆောက်ထားတာဖြစ်ပါတယ်။
(၄) GoldVish Le Million
ဒီဖုန်းက 2006 ခုနှစ်မှာ ဂင်းနစ်စံချိန်ဝင်ထားတဲ့ ဖုန်းဖြစ်ပါတယ်။ ဆွစ်ဇာလန်မှာလုပ်ပြီး ဒေါ်လာ ၁.၃ သန်းကျပါတယ်။ 18k ရွှေဖြူအပါအဝင် ၂၂ကာရက် V V S1 စိန်တွေနဲ့လှပချယ်မှုန်းထားပါတယ်။
(၃) iPhone 3G King’s Button
ဒီဖုန်းကလည်း Austria က နာမည်ကြီး ရတနာကျွမ်းကျင်သူ Peter Aloisson ရဲ့ ဒီဇိုင်းဖြစ်ပါတယ်။ မျက်နှာပြင်ပတ်လည်ကို စိန်ပေါင်း၁၃၈ လုံးနဲ့အလှဆင်ထားပါတယ်။ မျက်နှာပြင်ရဲ့ အဓိက ခလုတ်နေရာကိုတော့ စိန်ဖြူ ၆.၆ ကာရက်နဲ့ အလှဆင်ထားပါတယ်။တန်ဖိုးက ဒေါ်လာ ၂.၄ သန်းဖြစ်ပါတယ်။
(၂) Supreme Goldstriker iPhone 3G32GB
ကမ္ဘာ့ဒုတိယ ဈေးအကြီး ဖြစ်တဲ့ Goldstriker အိုင်ဖုန်းဟာ ဒေါ်လာ ၃.၂သန်းတန်ဖိုးရှိပါတယ်။ ဖုန်းအိမ်ကို ၂၂ ကာရက်ရွှေ ၂၇၁ ဂရမ်နဲ့ပြုလုပ်ထားပြီး ၅၃၁ ကာရက်စိန်နဲ့ အနားကွပ်ထားပါတယ်။ အဓိကခလုတ်ကိုတော့ ၇.၁ ကာရက်ရှိတဲ့ ရှားပါးစိန်နဲ့လုပ်ထားပါတယ်။
(၁) Diamond Rose iPhone 4 32GB
ကမ္ဘာ့ဈေးအမြင့်ဆုံးဖြစ်တာမို့ ဒေါ်လာ ၈ သန်းတန်ပါတယ်။ ဖုန်းရဲ့ ဒေါင်လိုက်လိုက်နေရာတွေမှာ ကာရက်ပေါင်း ၁၀၀ ကျော်တဲ့ စိန်အပွင့်ရေ ၅၀၀လောက် နဲ့စီချယ်ထားပါတယ်။ နောက်ခံကိုတော့ ရွှေနဲ့လုပ်ထားပြီး ပန်းသီးအမှတ်တံဆိပ်နေရာမှာတော့ စိန် ၅၄ ပွင့်နဲ့ သီးသန့်ချယ်သထားပါတယ်။ ညွှန်းမှတ်ခလုတ်နေရာမှာတော့ ပလက်တီနမ်နဲ့ လုပ်ထားပြီးအလယ်မှာတော့ ပန်းရောင် သို့မဟုတ် ၈ ကာရက်ရှိတဲ့ ရှားပါးစိန်ကို ထည့်ထားပါတယ်။
ကိုးကား။ ။ Wonderlist