Home Lifestyle Health နှလုံးတိုက်ခိုက်မခံရမီ ဘာတွေဖြစ်တတ်သလဲ

နှလုံးတိုက်ခိုက်မခံရမီ ဘာတွေဖြစ်တတ်သလဲ

0
နှလုံးတိုက်ခိုက်မခံရမီ ဘာတွေဖြစ်တတ်သလဲ

နှလုံးတိုက်ခိုက်ခံရတဲ့ ပြဿနာဟာ ကမ္ဘာ့လူသားတွေကို တိတ်တဆိတ် ဇီဝိန်ချွေတတ်တဲ့ ရောဂါတစ်ခုအဖြစ် ကင်ပွန်းတပ်ခဲ့ တာကြာခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ဒီရောဂါဟာ လူအသေအပျောက် အများဆုံးရောဂါတစ်ခုဖြစ်တယ်လို့ မှတ်တမ်းတွေအရ လေ့လာသိရှိရပါတယ်။

ဒီလိုကြောက်စရာကောင်းတဲ့ ရောဂါဟာ မဖြစ်ပွားခင်မှာ ရောဂါလက္ခဏာကို ထင်ထင်ရှားရှားပြခဲတယ်လို့ ပညာရှင်တွေကဆိုပါတယ်။ ဒီရောဂါဖြစ်ပွားပြီး သေဆုံးသွားကြသူတွေရဲ့ သုံးပုံနှစ်ပုံလောက်က မဖြစ်ခင် ဘာမှထင်ထင်ရှားရှားမပြကြဘူးလို့ဆိုပါတယ်။ သို့သော်လည်း အောက်ပါ လက္ခဏာ(၅)ချက်ဖြစ်ပေါ်လာရင်တော့ လူတိုင်းမပေါ့ဆဖို့လိုတယ်လို့ ပညာရှင်တွေကသတိပေးပါတယ်။

(၁) ရင်ဘတ်နာခြင်း၊အောင့်ခြင်း၊စူးခြင်း

အသိသာဆုံး လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ရင်ဘတ်ထဲမှာ မသက်မသာဖြစ်တာ၊ နာတာ၊စူးတာ၊ ဖိထားသလိုတင်းတာ၊ပူတာမျိုးဖြစ်လာရင်တော့ နှလုံးတိုက်ခိုက်ခံရနိုင်တာမို့ မပေါ့ပါနဲ့။ ရင်ဘတ်ကစူးအောင့်ပြီး ဆင်ကောင်ကြီးတက်ထိုင်ထားသလို ဖြစ်နေရင်တော့သတိထားပါ။

(၂)ရီတီတီဖြစ်ခြင်း၊မူးခြင်းနဲ့ အခြားနာကျင်မှုတွေဖြစ်လာခြင်း

မူးတာ၊ပျို့အန်တာတွေက အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်လို့ဆိုပါတယ်။ ဒါတွေအပြင် အမျိုးသမီးတွေ လည်ချောင်းနာတာ၊ကျောနဲ့ လည်ပင်းတွေ၊ မေးရိုးတွေ၊ ဝမ်းဗိုက်တွေ ပခုံးတွေနာတာတွေ ပိုဖြစ်တတ်ပါတယ်။ မေးရိုးနဲ့ လက်မောင်းကြွက်သားတွေဟာ နှလုံးကြွက်သားတွေနဲ့ဆက်နွယ်ပြိး ဦးနှောက်ကို သတင်းပို့နိုင်တာကြောင့် နာကျင်မှုကို ခံစားရတာဖြစ်တယ်လို့ဆိုပါတယ်။

(၃) ကိုယ်လက်လေ့ကျင့်ခန်း လှုပ်ရှားချင်စိတ် ကျဆင်းခြင်း

ဒါကလည်း ထူးခြားတဲ့လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ခါတိုင်းမှာ သွက်လက်နေသူဟာ လှေကားတစ်ထစ် တက်ရတာတောင် စိတ်လက်မပါဖြစ်ပြီး အသက်ရှူရတာတွေလည်း မကောင်းဖြစ်တတ်ပါတယ်။

(၄) အသက်ရှူရတာ လေးလံ ခက်ခဲလာတယ်။

အသက်ရှူလို့မကောင်းတာ၊ လေးလံခက်ခဲလာတာဟာ နှလုံးဖောက်ချင်တဲ့ လက္ခဏာတစ်ခုဖြစ်တာမို့ နှလုံးတိုက်ခိုက်ခံရခါနီး ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

(၅) ခါတိုင်းနဲ့မတူဘဲ တစ်ကိုယ်လုံး ပင်ပန်းပြီးနေထိုင်မကောင်းခံစားရတတ်ပါတယ်။

လူအများစုကတော့ နှလုံးကိုဖိပြီး၊ခေါင်းမူးကာ လဲကျသွားတဲ့ နှလုံးတိုက်ခိုက်ခံရတာမျိုးကို ရုပ်ရှင်ထဲမှာမြင်ဖူးနေကျဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ ဒီလိုမျိုးဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ တစ်ခါတစ်ခါမှာ ခေါင်းမူးခေါင်းကိုက်တာဟာ တုပ်ကွေးနဲ့ရောထွေးနိုင်ပါတယ်။ ဒါပေမယ့် အရင်ဖြစ်ပျက်ခဲ့တဲ့ ကျန်းမာရေးရာဇဝင်တွေရယ်၊သွေးတိုးနဲ့ အဝလွန်တာမျိုးတွေရှိရင်တော့ နှလုံးတိုက်ခိုက်ခံရနိုင်တဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်ချေကို ထည့်တွက်ရတော့မှာဖြစ်ပါတယ်။ စာဖတ်ပရိတ်သတ်များ တိတ်တဆိတ်လူသတ်သမားဘေးမှ ကင်းဝေးကြပါစေ။

ကိုးကား။    ။ TODAY

Zawgyi Font : ႏွလုံးတိုက္ခိုက္မခံရမီ ဘာေတြျဖစ္တတ္သလဲ

ႏွလုံးတိုက္ခိုက္ခံရတဲ့ ျပႆနာဟာ ကမာၻ႔လူသားေတြကို တိတ္တဆိတ္ ဇီဝိန္ေခြၽတတ္တဲ့ ေရာဂါတစ္ခုအျဖစ္ ကင္ပြန္းတပ္ခဲ့ တာၾကာခဲ့ပါၿပီ။ အေမရိကန္ျပည္ေထာင္စုမွာဆိုရင္ ဒီေရာဂါဟာ လူအေသအေပ်ာက္ အမ်ားဆုံးေရာဂါတစ္ခုျဖစ္တယ္လို႔ မွတ္တမ္းေတြအရ ေလ့လာသိရွိရပါတယ္။

ဒီလိုေၾကာက္စရာေကာင္းတဲ့ ေရာဂါဟာ မျဖစ္ပြားခင္မွာ ေရာဂါလကၡဏာကို ထင္ထင္ရွားရွားျပခဲတယ္လို႔ ပညာရွင္ေတြကဆိုပါတယ္။ ဒီေရာဂါျဖစ္ပြားၿပီး ေသဆုံးသြားၾကသူေတြရဲ႕ သုံးပုံႏွစ္ပုံေလာက္က မျဖစ္ခင္ ဘာမွထင္ထင္ရွားရွားမျပၾကဘူးလို႔ဆိုပါတယ္။ သို႔ေသာ္လည္း ေအာက္ပါ လကၡဏာ(၅)ခ်က္ျဖစ္ေပၚလာရင္ေတာ့ လူတိုင္းမေပါ့ဆဖို႔လိုတယ္လို႔ ပညာရွင္ေတြကသတိေပးပါတယ္။

(၁) ရင္ဘတ္နာျခင္း၊ေအာင့္ျခင္း၊စူးျခင္း

အသိသာဆုံး လကၡဏာတစ္ခု ျဖစ္ပါတယ္။ ရင္ဘတ္ထဲမွာ မသက္မသာျဖစ္တာ၊ နာတာ၊စူးတာ၊ ဖိထားသလိုတင္းတာ၊ပူတာမ်ိဳးျဖစ္လာရင္ေတာ့ ႏွလုံးတိုက္ခိုက္ခံရႏိုင္တာမို႔ မေပါ့ပါနဲ႔။ ရင္ဘတ္ကစူးေအာင့္ၿပီး ဆင္ေကာင္ႀကီးတက္ထိုင္ထားသလို ျဖစ္ေနရင္ေတာ့သတိထားပါ။

(၂)ရီတီတီျဖစ္ျခင္း၊မူးျခင္းနဲ႔ အျခားနာက်င္မႈေတြျဖစ္လာျခင္း

မူးတာ၊ပ်ိဳ႕အန္တာေတြက အမ်ိဳးသမီးေတြမွာ ပိုအျဖစ္မ်ားတယ္လို႔ဆိုပါတယ္။ ဒါေတြအျပင္ အမ်ိဳးသမီးေတြ လည္ေခ်ာင္းနာတာ၊ေက်ာနဲ႔ လည္ပင္းေတြ၊ ေမး႐ိုးေတြ၊ ဝမ္းဗိုက္ေတြ ပခုံးေတြနာတာေတြ ပိုျဖစ္တတ္ပါတယ္။ ေမး႐ိုးနဲ႔ လက္ေမာင္းႂကြက္သားေတြဟာ ႏွလုံးႂကြက္သားေတြနဲ႔ဆက္ႏြယ္ၿပိး ဦးေႏွာက္ကို သတင္းပို႔ႏိုင္တာေၾကာင့္ နာက်င္မႈကို ခံစားရတာျဖစ္တယ္လို႔ဆိုပါတယ္။

(၃) ကိုယ္လက္ေလ့က်င့္ခန္း လႈပ္ရွားခ်င္စိတ္ က်ဆင္းျခင္း

ဒါကလည္း ထူးျခားတဲ့လကၡဏာတစ္ခု ျဖစ္ပါတယ္။ ခါတိုင္းမွာ သြက္လက္ေနသူဟာ ေလွကားတစ္ထစ္ တက္ရတာေတာင္ စိတ္လက္မပါျဖစ္ၿပီး အသက္ရွဴရတာေတြလည္း မေကာင္းျဖစ္တတ္ပါတယ္။

(၄) အသက္ရွဴရတာ ေလးလံ ခက္ခဲလာတယ္။

အသက္ရွဴလို႔မေကာင္းတာ၊ ေလးလံခက္ခဲလာတာဟာ ႏွလုံးေဖာက္ခ်င္တဲ့ လကၡဏာတစ္ခုျဖစ္တာမို႔ ႏွလုံးတိုက္ခိုက္ခံရခါနီး ျဖစ္ေပၚတတ္တဲ့ လကၡဏာတစ္ခုျဖစ္ပါတယ္။

(၅) ခါတိုင္းနဲ႔မတူဘဲ တစ္ကိုယ္လုံး ပင္ပန္းၿပီးေနထိုင္မေကာင္းခံစားရတတ္ပါတယ္။

လူအမ်ားစုကေတာ့ ႏွလုံးကိုဖိၿပီး၊ေခါင္းမူးကာ လဲက်သြားတဲ့ ႏွလုံးတိုက္ခိုက္ခံရတာမ်ိဳးကို ႐ုပ္ရွင္ထဲမွာျမင္ဖူးေနက်ျဖစ္ပါတယ္။ တကယ့္လက္ေတြ႕မွာေတာ့ ဒီလိုမ်ိဳးျဖစ္ခ်င္မွျဖစ္ပါလိမ့္မယ္။ တစ္ခါတစ္ခါမွာ ေခါင္းမူးေခါင္းကိုက္တာဟာ တုပ္ေကြးနဲ႔ေရာေထြးႏိုင္ပါတယ္။ ဒါေပမယ့္ အရင္ျဖစ္ပ်က္ခဲ့တဲ့ က်န္းမာေရးရာဇဝင္ေတြရယ္၊ေသြးတိုးနဲ႔ အဝလြန္တာမ်ိဳးေတြရွိရင္ေတာ့ ႏွလုံးတိုက္ခိုက္ခံရႏိုင္တဲ့ ေရွ႕ေျပးလကၡဏာျဖစ္ႏိုင္ေခ်ကို ထည့္တြက္ရေတာ့မွာျဖစ္ပါတယ္။ စာဖတ္ပရိတ္သတ္မ်ား တိတ္တဆိတ္လူသတ္သမားေဘးမွ ကင္းေဝးၾကပါေစ။

ကိုးကား။    ။ TODAY

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: