Home News ဒေါ်လာ ၅သောင်းကျော် အကုန်ကျခံပြီး လိင်မဲ့ ဂြိုလ်သားအဖြစ် ခွဲစိတ်မှုခံယူခဲ့တဲ့ အမျိုးသား
ဒေါ်လာ ၅သောင်းကျော် အကုန်ကျခံပြီး လိင်မဲ့ ဂြိုလ်သားအဖြစ် ခွဲစိတ်မှုခံယူခဲ့တဲ့ အမျိုးသား
0
ဒေါ်လာ ၅သောင်းကျော် အကုန်ကျခံပြီး လိင်မဲ့ ဂြိုလ်သားအဖြစ် ခွဲစိတ်မှုခံယူခဲ့တဲ့ အမျိုးသား
ဒီသတင်းကို ဖတ်ပြီး လူပါ ရှော့ခ်ဖြစ်ချင် ဖြစ်သွားနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အမျိုးသမီးအရေအတွက်ထက် အမျိုးသား အရေ အတွက် ပိုမိုနည်းပါးပြီး ယောက်ျားဖြစ်ရတာ မဟာအခွင့်အရေးလို ဖြစ်နေတဲ့အချိန် ကယ်လီဖိုးနီးယားက အမျိုးသား မိတ်ကပ်ပညာရှင်တစ်ယောက်ကတော့ လိင်မဲ့ လူသားဖြစ်ချင်ပုံရပါတယ်။ ဒါ့အပြင် ဂြိုလ်သားပုံစံဖြစ်အောင်ပါ ငွေကြေး အကုန်အကျခံပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း ၁၁၀ ကျော်ကို ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။
အဆိုုပါ မိတ်ကပ်ပညာရှင်ဟာ အသက် ၂၂ နှစ်သာ ရှိပြီး လိင်မဲ့ ဂြိုလ်သားပုံစံ ဖြစ်ဖို့ ငယ်စဉ်ထဲကပင် စိတ်ဆန္ဒရှိခဲ့ပုံ ရပါတယ်။ အသက် ၁၇ နှစ်မှာ သူ့ရဲ့ ပထမဆုံး ခွဲစိတ်ခံယူမှု အဖြစ် နှုတ်ခမ်းသားကို ပိုမိုထူထဲသွားအောင် ပြုပြင်ခဲ့ပါတယ်။ ဒါကြောင့် ပုံကို ကြည့်လိုက်ရင် ဂြိုလ်သားတွေလိုမျိုး နှုတ်ခမ်းသား ဖြစ်နေတာ ဖြစ်ပါတယ်။
သူဟာ အသက် ၁၇ နှစ်သားထဲက လိင်မဲ့လူသားပြောင်းဖို့ ဆရာဝန်ထံ တောင်းဆိုခဲ့ပေမယ့် ဆရာဝန်က ဖြစ်နိုင်မယ်ဆိုရင်တောင် မလုပ်အပ်တဲ့အရာ ဖြစ်ကြောင်း ဖျောင်းဖျခဲ့ပါသေးတယ်။ ဒါပေမယ့် သူကတော့ သူ့ရဲ့ အိပ်မက်ကို အဆုံးရှုံးမခံပါဘူး။ ယခု အသက် ၂၂ နှစ်မှာ လိင်မဲ့ လူသားအဖြစ် အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါပြီ။
မျက်နှာပြင် အစိတ်အပိုင်းပေါင်း ၂၀ ကျော်ကို လေဆာဖြင့် ခွဲစိတ်ခဲ့ရပြီး နှုတ်ခမ်းသား ၊ နှုတ်ခမ်းနဲ့ ရင်သားအပြင် မျက်နှာပြင်ကို အမြဲတမ်း ပြောင်လက်နေအောင် အထူးကုသမှုတွေနဲ့ ပြုပြင်ခဲ့တာ ဖြစ်ပါတယ်။
လူအတော်များများကတော့ ရူးသွပ်တယ်လို့ ပြောပေမယ့် သူကတော့ ကျနော်ဟာ ယောက်ကျား လိင်အင်္ဂါကနေ မိန်းမလိင် အင်္ဂါ ကို ဘာအကြောင်းကြောင့် ပြောင်းရမှာလဲ၊ အခု ခွဲစိတ်လိုက်တာဟာ မိန်းမ လိင်အင်္ဂါ ကို ပြောင်းလိုက်တာ မဟုတ်ဘူး၊ လိင်မဲ့ လူသား အဖြစ်ကို ပြောင်းလိုက်တာ၊ လိင်မှုဘဝတွေ မရှိဘဲ လူ့လောကမှာ ဘာဖြစ်လို့ ရပ်တည်လို့ မရ နိုင်ရမလဲ၊ ရနိုင်တယ် ဟု ပြောခဲ့သည်။ လိင်မဲ့ လူသားအဖြစ် ပြုပြင်ခွဲစိတ်လိုက်တာ ဒေါ်လာ ၅ သောင်းကျော် ကုန်သွားကြောင်း သိရှိရသည်။
Zawgyi Font : ဒေါ်လာ ၅သောင်းကျော် အကုန်ကျခံပြီး လိင်မဲ့ ဂြိုလ်သားအဖြစ် ခွဲစိတ်မှုခံယူခဲ့တဲ့ အမျိုးသား
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: