Home Knowledge လာမည့် နှစ်ပေါင်း ၁၀၀ တွင် ပြောင်းလဲလာမယ့် အရာ ၅ ခု

လာမည့် နှစ်ပေါင်း ၁၀၀ တွင် ပြောင်းလဲလာမယ့် အရာ ၅ ခု

0
လာမည့် နှစ်ပေါင်း ၁၀၀ တွင် ပြောင်းလဲလာမယ့် အရာ ၅ ခု

ကမ္ဘာကြီးက တိုးတက်ပြောင်းလဲလာလိုက်တာ ယခုဆိုရင် ၂၀၁၇ ခုနှစ်အထိ ရောက်လာပါပြီ။ ခုနှစ်သက္ကရာဇ်နေ့စွဲတွေကို အချိန်က တိုက်စားရင်း လူသားတွေရဲ့ နေထိုင်မှုဘဝဟာ အဆင်မြင့်လာပါတယ်။ ၂၀၁၇ ခုနှစ်ကနေ နောင်နှစ်ပေါင်း ၁၀၀ အတွင်းဘာတွေ ပြောင်းလဲလာမလဲဆိုတာ UN နဲ့  CIA Worlds  အဖွဲ့အစည်းရဲ့ ကြိုတင်တွက်ချက် ဟောကိန်း ထုတ်ချက်များကို ဖော်ပြလိုက်ရပါတယ်။

၁။ လူဦးရေ အဆမတန် တိုးပွားလာမယ်။

UN ရဲ့ ကမ္ဘာ့လူဦးရေ မှတ်တမ်းများအရ ၁၉၅၀ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ၇.၅ ဘီလီယံ ရှိပြီး လာမယ့် ၂၁၀၀ ခုနှစ်မှာ ၁၁.၂ ဘီလီယံ လူဦးရေ အတိ ဖြစ်လာမယ်လို့ ဆိုပါတယ်။

၂။ လူတွေ အသက်ပိုရှည်လာမယ်။

ဒါကတော့ ထူးခြားချက်ပါ။ လူတစ်ယောက်ရဲ့ ပျှမ်းမျှ သက်တမ်းကို ၈၃ နှစ်အထိ ရှိလာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူ့သက်တမ်း သတ်မှတ်ချက်တွေလဲ ပြောင်းလဲ လာပါလိမ့်မယ်။ ၁၉၅၀ ခုနှစ်က အသက် ၂၄ နှစ်ကို လူလတ်ပိုင်း အရွယ်လို့ သတ်မှတ်ခဲ့ပေမယ့် ယနေ့ခေတ်မှာတော့ အသက် ၃၀ နှစ်ကိုမှ လူလတ်ပိုင်းလို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၁၀၀ ခုနှစ်ရောက်တဲ့ အခါ အသက် ၄၂ နှစ်ကိုမှ လူလတ်ပိုင်းလို့ သတ်မှတ်ကြတော့မှာ ဖြစ်ပါတယ်။ ဒါကတော့ လူကဘဲ ပိုမို ငယ်ရွယ်သွားတာလား ဒါမှမဟုတ် ပိုမိုကြီးပြင်းသွားတာလားဆိုတာကတော့ အဲ့ဒီအချိန်ရောက်မှဘဲ သိနိုင်မှာ ဖြစ်ပါတယ်။

long-live

၃။ မြို့ပြယဉ်ကျေးမှု ပိုမိုထွန်းကားလာမယ်။

ကျေးလက်နေထိုင်မှုအနည်းငယ် ကျဆင်းလာမှာ ဖြစ်ပြီး မြို့ပေါ်မှာဘဲ အဆောက်အဦးမြင့်တွေ တည်ဆောက်ပြီး နေထိုင်မှု ပိုမိုများပြားလာမယ်လို့ ဆိုပါတယ်။ ၂၀၅၀ ခုနှစ်ရောက်တဲ့အခါ ကမ္ဘာ့လူဦးရေရဲ့ ၃ပုံ ၂ ပုံ ဟာ မြို့ပေါ်မှာဘဲ အထပ်မြင့် အဆောက်အဦးတွေနဲ့ နေထိုင်လာမယ်လို့ ထုတ်ပြန်ထားပါတယ်။ မြို့တော်တွေကလည်း ပိုမိုကြီးကျယ်ခမ်းနားလာမှာ ဖြစ်သလို Megacity အဆင့်တွေ ဖြစ်ပါတယ်။ သိပ္ပံရုပ်ရှင်ထဲကလို ဖြစ်နေမလားလို့တောင် စဉ်းစားစရာပါဘဲ။

mega-city

၄။ နေရောင်ခြည်စွမ်းအင် အသုံးပြုမှု ပိုမိုများပြားလာမယ်။

ယနေ့ ကမ္ဘာပေါ်မှာ သုံးနေတဲ့ စွမ်းအင်ရဲ့ ၈၆ ရာခိုင်နှုန်းဟာ ကမ္ဘာမြေကြီးအတွင်းမှ တိုက်ရိုက်ယူသုံးစွဲတာဖြစ်ပြီး ကျန်တဲ့ ရာခိုင်နှုန်းတွေကတော့ ရေ၊ လေ နဲ့ နေတို့ရဲ့ စွမ်းအင်ကို အသုံးပြုနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ လေကနေ စွမ်းအင် ထုတ်မှု ၁၄၆ ရာခိုင်နှုန်းတိုးတက်လာသလို နေရောင်ခြည်စွမ်းအင်ထုတ်လုပ် အသုံးပြုမှုဟာလည်း ၆၆၄ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ဒါကြောင့် လာမယ့် ၂၁၀၀ ခုနှစ်မှာတော့ နေရောင်ခြည် စွမ်းအင်ကိုဘဲ ပင်မစွမ်းအင်အဖြစ် အသုံးပြုဖွယ်ရှိတယ်လို့ တွက်ချက်ထားကြပါတယ်။

solar-energy

၅။ လုပ်ငန်းခွင်မှာ စက်ရုပ်တွေ အစားထိုးလာမယ်။

လုပ်ငန်းခွင်မှာ စက်ရုပ်တွေ အစားထိုးတယ်ဆိုတာ ယခုအချိန်ထဲက အနည်းငယ်ရှိနေပါပြီ။ အောက်ဖိုစ့်တက္ကသိုလ်ရဲ့ သုတေသီများရဲ့ ထုတ်ပြန်ချက်များအရ အမေရိကန်နိုင်ငံရဲ့ လူဦးရေ တစ်ဝက်လောက်ဟာ စက်ရုပ်တွေကြောင့် အလုပ် မရ နိုင်ဘူးလို့ ဆိုပါတယ်။ အလိုအလျောက်လုပ်နိုင်တဲ့ လုပ်ငန်းမျိုး၊ ဖျော်ဖြေရေး လုပ်ငန်းတွေ ခေတ်စားလာပြီး ပညာရှင်အနေနဲ့ အလုပ်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ သာမန် လူတန်းစားတွေ အတွက် အလုပ်ရှားပါးလာပါမယ်။

robot-workspace

ဖော်ပြခဲ့တဲ့ အချက် ၅ ခုကို သေချာပြန်စဉ်းစားကြည့်ရင် အားရ ကျေနပ်ဖွယ် မရှိသလို စိတ်ဖိစီးစရာကြီးပါဘဲ။ ဒါကြောင့် ရခဲလှတဲ့ လူ့ဘဝမှာ လူပီသအောင်နေပြီး မိမိရဲ့ ပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ဖန်တီးပေးရင်း လူပီသသော လူ အဖြစ် နေထိုင်နိုင်ကြပါစေလို့ ဆန်းသစ်မြန်မာကနေ ဆန္ဒပြုလိုက်ပါတယ်။

Zawgyi Font : လာမည့္ ႏွစ္ေပါင္း ၁၀၀ တြင္ ေျပာင္းလဲလာမယ့္ အရာ ၅ ခု

ကမၻာၾကီးက တိုးတက္ေျပာင္းလဲလာလိုက္တာ ယခုဆိုရင္ ၂၀၁၇ ခုႏွစ္အထိ ေရာက္လာပါျပီ။ ခုႏွစ္သကၠရာဇ္ေန႕စြဲေတြကို အခ်ိန္က တိုက္စားရင္း လူသားေတြရဲ႕ ေနထိုင္မႈဘ၀ဟာ အဆင္ျမင့္လာပါတယ္။ ၂၀၁၇ ခုႏွစ္ကေန ေနာင္ႏွစ္ေပါင္း ၁၀၀ အတြင္းဘာေတြ ေျပာင္းလဲလာမလဲဆိုတာ UN နဲ႕  CIA Worlds  အဖြဲ႕အစည္းရဲ႕ ၾကိဳတင္တြက္ခ်က္ ေဟာကိန္း ထုတ္ခ်က္မ်ားကို ေဖာ္ျပလိုက္ရပါတယ္။

၁။ လူဦးေရ အဆမတန္ တိုးပြားလာမယ္။

UN ရဲ႕ ကမၻာ႕လူဦးေရ မွတ္တမ္းမ်ားအရ ၁၉၅၀ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အတြင္း ၇.၅ ဘီလီယံ ရွိျပီး လာမယ့္ ၂၁၀၀ ခုႏွစ္မွာ ၁၁.၂ ဘီလီယံ လူဦးေရ အတိ ျဖစ္လာမယ္လို႕ ဆိုပါတယ္။

၂။ လူေတြ အသက္ပိုရွည္လာမယ္။

ဒါကေတာ့ ထူးျခားခ်က္ပါ။ လူတစ္ေယာက္ရဲ႕ ပွ်မ္းမွ် သက္တမ္းကို ၈၃ ႏွစ္အထိ ရွိလာမယ္လို႕ ဆိုပါတယ္။ ဒါ့အျပင္ လူ႕သက္တမ္း သတ္မွတ္ခ်က္ေတြလဲ ေျပာင္းလဲ လာပါလိမ့္မယ္။ ၁၉၅၀ ခုႏွစ္က အသက္ ၂၄ ႏွစ္ကို လူလတ္ပိုင္း အရြယ္လို႕ သတ္မွတ္ခဲ့ေပမယ့္ ယေန႕ေခတ္မွာေတာ့ အသက္ ၃၀ ႏွစ္ကိုမွ လူလတ္ပိုင္းလို႕ သတ္မွတ္ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၂၁၀၀ ခုႏွစ္ေရာက္တဲ့ အခါ အသက္ ၄၂ ႏွစ္ကိုမွ လူလတ္ပုိင္းလို႕ သတ္မွတ္ၾကေတာ့မွာ ျဖစ္ပါတယ္။ ဒါကေတာ့ လူကဘဲ ပိုမို ငယ္ရြယ္သြားတာလား ဒါမွမဟုတ္ ပိုမိုၾကီးျပင္းသြားတာလားဆိုတာကေတာ့ အဲ့ဒီအခ်ိန္ေရာက္မွဘဲ သိႏိုင္မွာ ျဖစ္ပါတယ္။

long-live

၃။ ျမိဳ႕ျပယဥ္ေက်းမႈ ပိုမိုထြန္းကားလာမယ္။

ေက်းလက္ေနထိုင္မႈအနည္းငယ္ က်ဆင္းလာမွာ ျဖစ္ျပီး ျမိဳ႕ေပၚမွာဘဲ အေဆာက္အဦးျမင့္ေတြ တည္ေဆာက္ျပီး ေနထိုင္မႈ ပိုမိုမ်ားျပားလာမယ္လို႕ ဆိုပါတယ္။ ၂၀၅၀ ခုႏွစ္ေရာက္တဲ့အခါ ကမၻာ႕လူဦးေရရဲ႕ ၃ပံု ၂ ပံု ဟာ ျမိဳ႕ေပၚမွာဘဲ အထပ္ျမင့္ အေဆာက္အဦးေတြနဲ႕ ေနထိုင္လာမယ္လို႕ ထုတ္ျပန္ထားပါတယ္။ ျမိဳ႕ေတာ္ေတြကလည္း ပိုမိုၾကီးက်ယ္ခမ္းနားလာမွာ ျဖစ္သလို Megacity အဆင့္ေတြ ျဖစ္ပါတယ္။ သိပၸံရုပ္ရွင္ထဲကလို ျဖစ္ေနမလားလို႕ေတာင္ စဥ္းစားစရာပါဘဲ။

mega-city

၄။ ေနေရာင္ျခည္စြမ္းအင္ အသံုးျပဳမႈ ပိုမိုမ်ားျပားလာမယ္။

ယေန႕ ကမၻာေပၚမွာ သံုးေနတဲ့ စြမ္းအင္ရဲ႕ ၈၆ ရာခိုင္ႏႈန္းဟာ ကမၻာေျမၾကီးအတြင္းမွ တိုက္ရိုက္ယူသံုးစြဲတာျဖစ္ျပီး က်န္တဲ့ ရာခိုင္ႏႈန္းေတြကေတာ့ ေရ၊ ေလ နဲ႕ ေနတို႕ရဲ႕ စြမ္းအင္ကို အသံုးျပဳေနတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေလကေန စြမ္းအင္ ထုတ္မႈ ၁၄၆ ရာခိုင္ႏႈန္းတိုးတက္လာသလို ေနေရာင္ျခည္စြမ္းအင္ထုတ္လုပ္ အသံုးျပဳမႈဟာလည္း ၆၆၄ ရာခိုင္ႏႈန္း တိုးတက္လာပါတယ္။ ဒါေၾကာင့္ လာမယ့္ ၂၁၀၀ ခုႏွစ္မွာေတာ့ ေနေရာင္ျခည္ စြမ္းအင္ကိုဘဲ ပင္မစြမ္းအင္အျဖစ္ အသံုးျပဳဖြယ္ရွိတယ္လို႕ တြက္ခ်က္ထားၾကပါတယ္။

solar-energy

၅။ လုပ္ငန္းခြင္မွာ စက္ရုပ္ေတြ အစားထိုးလာမယ္။

လုပ္ငန္းခြင္မွာ စက္ရုပ္ေတြ အစားထိုးတယ္ဆိုတာ ယခုအခ်ိန္ထဲက အနည္းငယ္ရွိေနပါျပီ။ ေအာက္ဖိုစ့္တကၠသိုလ္ရဲ႕ သုေတသီမ်ားရဲ႕ ထုတ္ျပန္ခ်က္မ်ားအရ အေမရိကန္ႏုိင္ငံရဲ႕ လူဦးေရ တစ္၀က္ေလာက္ဟာ စက္ရုပ္ေတြေၾကာင့္ အလုပ္ မရ ႏိုင္ဘူးလို႕ ဆိုပါတယ္။ အလိုအေလ်ာက္လုပ္ႏုိင္တဲ့ လုပ္ငန္းမ်ိဳး၊ ေဖ်ာ္ေျဖေရး လုပ္ငန္းေတြ ေခတ္စားလာျပီး ပညာရွင္အေနနဲ႕ အလုပ္လုပ္ႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ သာမန္ လူတန္းစားေတြ အတြက္ အလုပ္ရွားပါးလာပါမယ္။

robot-workspace

ေဖာ္ျပခဲ့တဲ့ အခ်က္ ၅ ခုကို ေသခ်ာျပန္စဥ္းစားၾကည့္ရင္ အားရ ေက်နပ္ဖြယ္ မရွိသလို စိတ္ဖိစီးစရာၾကီးပါဘဲ။ ဒါေၾကာင့္ ရခဲလွတဲ့ လူ႕ဘ၀မွာ လူပီသေအာင္ေနျပီး မိမိရဲ႕ ပတ္၀န္းက်င္ကို ေကာင္းမြန္ေအာင္ ဖန္တီးေပးရင္း လူပီသေသာ လူ အျဖစ္ ေနထိုင္ႏုိင္ၾကပါေစလို႕ ဆန္းသစ္ျမန္မာကေန ဆႏၵျပဳလိုက္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: