Home Lifestyle Food သင့္အတြက္ အေကာင္းဆံုး ငွက္ေပ်ာသီးကို ဘယ္လိုေရြးခ်ယ္မလဲ

သင့္အတြက္ အေကာင္းဆံုး ငွက္ေပ်ာသီးကို ဘယ္လိုေရြးခ်ယ္မလဲ

0
သင့္အတြက္ အေကာင္းဆံုး ငွက္ေပ်ာသီးကို ဘယ္လိုေရြးခ်ယ္မလဲ

သင္ဟာ ငွက္ေပ်ာသီး ကိုၾကိဳက္ႏွစ္သက္သူ ျဖစ္ရင္ေတာ့ ငွက္ေပာ်သီးအေၾကာင္းကို ေသခ်ာသိဖို႕လိုပါမယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ငွက္ေပ်ာသီးဟာ အာဟာရဓာတ္အင္မတန္မွ ၾကြယ္၀တဲ့ အသီးတစ္မ်ိဳး ျဖစ္တဲ့အျပင္ မတူညီတဲ့ ငွက္ေပ်ာသီးပံုစံ တစ္မ်ိဳးျခင္းဆီမွာ မတူညီတဲ့ ဓာတ္သဘာ၀ေတြ ရွိေနပါတယ္။ ဒါေပမယ့္ ငွက္ေပ်ာသီး အမ်ိဳးအစားနဲ႕ အရသာ ဘယ္လိုဘဲ ကြာျပားေပမယ့္ အၾကမ္းအားျဖင့္ ၃ မ်ိဳး ခြဲျခားႏုိင္ပါတယ္။ အဲ့ဒါေတြကေတာ့

၁။ အစက္အေျပာက္ပါေသာ ငွက္ေပ်ာသီး၊ အညိဳေရာင္သန္းေသာ ငွက္ေပ်ာသီး

သင္စားမယ့္ ငွက္ေပ်ာသီးမွာ အညိဳေရာင္သန္းမယ္၊ ဒါမွမဟုတ္ အစက္အေျပာက္ေတြ ပါတဲ့ ငွက္ေပ်ာသီးဆိုရင္ေတာ့ က်န္းမာေရး အတြက္ ပိုမိုေကာင္းမြန္ေစတဲ့ အာဟာရဓာတ္ေတြ ၾကြယ္၀ေနပါတယ္။ ပရိုတင္းဓာတ္ပိုမိုၾကြယ္၀ျပီး ၾကြက္သြားထု ျဖစ္ထြန္းဖို႕ အတြက္ အားေပးပါတယ္။

၂။ မွည့္ေနေသာ ငွက္ေပ်ာသီး

အစက္အျပာက္ေတြ မပါဘူး၊ သာမန္ ရင့္မွည့္ေနတဲ့ ငွက္ေပ်ာသီးဘဲ ျဖစ္မယ္ဆိုရင္ေတာ့ ပရုိတင္းပါ၀င္မႈဟာ အစက္အေျပာက္ ပါတဲ့ ငွက္ေပ်ာသီးေလာက္ေတာ့ မမ်ားပါဘူး။ မွည့္ေနတဲ့ ငွက္ေပ်ာသီးမွာ ပိုတက္ဆီယမ္ ပမာဏ ၾကြယ္၀ စြာပါ၀င္ျပီး ေသြးတြင္းကိုလက္စေရာ တက္ျခင္းကို ထိန္းညိွေပးပါတယ္။ ဒါေၾကာင့္ အစာစားျပီးလို႕ ေသြးတက္ခဲ့ရင္ ငွက္ေပ်ာသီး မွည့္မွည့္တစ္လံုးကို စားလိုက္ပါ။

banana-ripe

၃။ စိမ္းေရာင္သန္းေသာ ငွက္ေပ်ာသီး

စိမ္းေရာင္သန္းတဲ့ ငွက္ေပ်ာသီးဆိုတာကေတာ့ လံုး၀ၾကီး အစိမ္းကိုေျပာတာမဟုတ္ပါဘူး။ မွည့္ခါနီး ငွက္ေပ်ာသီးကို ဆိုလိုတာ ျဖစ္ပါတယ္။ အခ်ိဳ႕ငွက္ေပ်ာသီး အမ်ိဳးအစားကေတာ့ အခြံ႕စိမ္းေနေပမယ့္ စားလို႕ရတဲ့ ငွက္ေပ်ာသီးမ်ိဳး ေတြရွိပါတယ္။ အဲ့ဒီလို စိမ္းေရာင္သန္းတဲ့ ငွက္ေပ်ာသီးမွာ အမွ်င္ဓာတ္ၾကြယ္၀စြာ ပါ၀င္ျပီး အစာအိမ္နဲ႕ အူလမ္းေၾကာင္းကို သန္႕ရွင္းေပးပါတယ္။ ဒါ့အျပင္ အဆီကိုလည္း က်ေစတဲ့ သဘာ၀ရွိပါတယ္။ သတိထားရမွာက အရမ္းစိမ္းေနတဲ့ အခ်ိန္စားလိုက္ရင္ အစာမေၾကျဖစ္တတ္ပါတယ္။

green-bananas

ဒါေၾကာင့္ ငွက္ေပ်ာသီး စားေတာ့မယ္ဆိုရင္ ဘယ္လိုငွက္ေပ်ာသီးမ်ိဳးကို ႏွစ္ျခိဳက္လဲ၊ ကိုယ့္ခႏၶာကိုယ္အတြက္ သင့္ေလ်ာ္တဲ့ ငွက္ေပ်ာသီးမ်ိဳးကို ေရြးခ်ယ္ျပီး စားႏုိင္ရင္ အေကာင္းဆံုးပါလို႕ အၾကံေပးလိုက္ရပါတယ္။

Unicode : သင့်အတွက် အကောင်းဆုံး ငှက်ပျောသီးကို ဘယ်လိုရွေးချယ်မလဲ

သင်ဟာ ငှက်ပျောသီး ကိုကြိုက်နှစ်သက်သူ ဖြစ်ရင်တော့ ငှက်ပောျသီးအကြောင်းကို သေချာသိဖို့လိုပါမယ်။ ဘာကြောင့်လဲ ဆိုတော့ ငှက်ပျောသီးဟာ အာဟာရဓာတ်အင်မတန်မှ ကြွယ်ဝတဲ့ အသီးတစ်မျိုး ဖြစ်တဲ့အပြင် မတူညီတဲ့ ငှက်ပျောသီးပုံစံ တစ်မျိုးခြင်းဆီမှာ မတူညီတဲ့ ဓာတ်သဘာဝတွေ ရှိနေပါတယ်။ ဒါပေမယ့် ငှက်ပျောသီး အမျိုးအစားနဲ့ အရသာ ဘယ်လိုဘဲ ကွာပြားပေမယ့် အကြမ်းအားဖြင့် ၃ မျိုး ခွဲခြားနိုင်ပါတယ်။ အဲ့ဒါတွေကတော့

၁။ အစက်အပြောက်ပါသော ငှက်ပျောသီး၊ အညိုရောင်သန်းသော ငှက်ပျောသီး

သင်စားမယ့် ငှက်ပျောသီးမှာ အညိုရောင်သန်းမယ်၊ ဒါမှမဟုတ် အစက်အပြောက်တွေ ပါတဲ့ ငှက်ပျောသီးဆိုရင်တော့ ကျန်းမာရေး အတွက် ပိုမိုကောင်းမွန်စေတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝနေပါတယ်။ ပရိုတင်းဓာတ်ပိုမိုကြွယ်ဝပြီး ကြွက်သွားထု ဖြစ်ထွန်းဖို့ အတွက် အားပေးပါတယ်။

၂။ မှည့်နေသော ငှက်ပျောသီး

အစက်အပြာက်တွေ မပါဘူး၊ သာမန် ရင့်မှည့်နေတဲ့ ငှက်ပျောသီးဘဲ ဖြစ်မယ်ဆိုရင်တော့ ပရိုတင်းပါဝင်မှုဟာ အစက်အပြောက် ပါတဲ့ ငှက်ပျောသီးလောက်တော့ မများပါဘူး။ မှည့်နေတဲ့ ငှက်ပျောသီးမှာ ပိုတက်ဆီယမ် ပမာဏ ကြွယ်၀ စွာပါဝင်ပြီး သွေးတွင်းကိုလက်စရော တက်ခြင်းကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် အစာစားပြီးလို့ သွေးတက်ခဲ့ရင် ငှက်ပျောသီး မှည့်မှည့်တစ်လုံးကို စားလိုက်ပါ။

banana-ripe

၃။ စိမ်းရောင်သန်းသော ငှက်ပျောသီး

စိမ်းရောင်သန်းတဲ့ ငှက်ပျောသီးဆိုတာကတော့ လုံးဝကြီး အစိမ်းကိုပြောတာမဟုတ်ပါဘူး။ မှည့်ခါနီး ငှက်ပျောသီးကို ဆိုလိုတာ ဖြစ်ပါတယ်။ အချို့ငှက်ပျောသီး အမျိုးအစားကတော့ အခွံ့စိမ်းနေပေမယ့် စားလို့ရတဲ့ ငှက်ပျောသီးမျိုး တွေရှိပါတယ်။ အဲ့ဒီလို စိမ်းရောင်သန်းတဲ့ ငှက်ပျောသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို သန့်ရှင်းပေးပါတယ်။ ဒါ့အပြင် အဆီကိုလည်း ကျစေတဲ့ သဘာဝရှိပါတယ်။ သတိထားရမှာက အရမ်းစိမ်းနေတဲ့ အချိန်စားလိုက်ရင် အစာမကြေဖြစ်တတ်ပါတယ်။

green-bananas

ဒါကြောင့် ငှက်ပျောသီး စားတော့မယ်ဆိုရင် ဘယ်လိုငှက်ပျောသီးမျိုးကို နှစ်ခြိုက်လဲ၊ ကိုယ့်ခန္ဓာကိုယ်အတွက် သင့်လျော်တဲ့ ငှက်ပျောသီးမျိုးကို ရွေးချယ်ပြီး စားနိုင်ရင် အကောင်းဆုံးပါလို့ အကြံပေးလိုက်ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: