Home Knowledge အသင်းအဖွဲ့တွေ ဘာကြောင့်ပျက်စီးရတာလဲ

အသင်းအဖွဲ့တွေ ဘာကြောင့်ပျက်စီးရတာလဲ

0
အသင်းအဖွဲ့တွေ ဘာကြောင့်ပျက်စီးရတာလဲ

နာဂစ်ကာလနောက်ပိုင်း မြန်မာနိုင်ငံမှာ လူထုအခြေပြုတဲ့ လူမှုအဖွဲ့အစည်းတွေ အတော်များများ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ကျေးလက်ဒေသတွေကနေ မြို့ပြတွေအဆုံးပါပဲ။ မြို့ပြမှာလည်း လမ်းတွေကအစ ရပ်ကွက်၊မြို့နယ်၊ ခရိုင်စတဲ့ သာရေးနာရေးအပါအဝင် လူမှုရေး အသင်းအဖွဲ့တွေ တိုးတက်များပြားလာခဲ့ပါတယ်။ တဘက်မှာလည်း ဋ္ဌာနအသီးသီးမှာ တာဝန်တွေအသီးသီးယူခဲ့ကြတဲ့ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေကလည်း အငြိမ်းစားယူပြီးတဲ့အခါမှာ အဖွဲ့အစည်းတွေဖွဲ့ပြီး သာရေးနာရေးနဲ့လူမှုရေးတွေမှာ တစ်ဦးကို တစ်ဦးအပြန်အလှန်ကူညီလာကြတာကို တွေ့ရပါတယ်။

teamwork-exm

ဒီလိုလူထုကြားကနေ လူမှုအဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာဟာ တိုင်းပြည်အတွက် အင်မတန်ကောင်းမွန်တဲ့ ကိစ္စဖြစ်တဲ့အတွက် ဝမ်းသာကြိုဆိုကြရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရနဲ့အတူ ပြည်သူတွေကိုယ်တိုင်က ပြည်သူ့ အကျိုးကို ပါဝင်ဆောင်ရွက်လာကြလို့ပါပဲ။

ဒီလိုအသင်းအဖွဲ့အစည်း တွေများလာနေသလို အသင်းအဖွ့ဲအစည်းအတွင်းက ပဋိပက္ခတွေကြောင့် လိုရာပန်းတိုင်မရောက်ဘဲ လမ်းခုလတ်မှာတင် ရပ်တန့် ပျက်စီးသွားကြတဲ့ အသင်းတွေ၊ အဖွဲ့အစည်းတွေကလည်းရှိနေပြန်ပါတယ်။ အသင်းအဖွဲ့တွေ ဘာကြောင့်ပျက်စီးရတာလဲ။ အသင်းအဖွဲတွေမှာ အောက်ပါအချက်သုံးချက်အနက် တစ်ချက်ချက်ဖြစ်ပေါ်လာပြီဆိုရင် ပျက်စီးတတ်တယ်လို့ ရှေးပညာရှိတွေဆိုခဲ့တာကို လေ့လာသိရှိရပါတယ်။ အဲ့ဒါတွေကတော့၊

(၁)လမ်းပြနည်းညွှန်ဦးစီး အကြီးအမှူး လုပ်သူတို့ပေါများခြင်း( ဆရာများခြင်း)

(၂) အသင်းသားအားလုံး ကိုယ့်ကိုယ်ကို ပညာရှိဟုမှတ်ထင်ပြီး ဘဝင်မြင့်ကြခြင်း

(၃) ရာထူးမက်မောသူများပေါများခြင်းတို့ ဖြစ်ကြပါတယ်။

ပညာရှိ သတိဖြစ်ခဲဆိုသလို ဆင်ခြင်သတိပြုနိုင်ကြပြီး နိုင်ငံအကျိုးပြု လူမှုအဖွဲ့အစည်းကောင်းများ ပိုမိုပေါ်ပေါက်လာကာ ကြာရှည်ခိုင်မြဲနိုင်ကြစေရန်ရေးသားတင်ပြရခြင်းဖြစ်ပါတယ်။

Zawgyi Font : အသင္းအဖြဲ႕ေတြ ဘာေၾကာင့္ပ်က္စီးရတာလဲ

နာဂစ္ကာလေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ လူထုအေျချပဳတဲ့ လူမႈအဖြဲ႕အစည္းေတြ အေတာ္မ်ားမ်ား စတင္ေပၚေပါက္လာခဲ့ပါတယ္။ ေက်းလက္ေဒသေတြကေန ၿမိ့ျပေတြအဆုံးပါပဲ။ ၿမိဳ႕ျပမွာလည္း လမ္းေတြကအစ ရပ္ကြက္၊ၿမိဳ႕နယ္၊ ခ႐ိုင္စတဲ့ သာေရးနာေရးအပါအဝင္ လူမႈေရး အသင္းအဖြဲ႕ေတြ တိုးတက္မ်ားျပားလာခဲ့ပါတယ္။ တဘက္မွာလည္း ႒ာနအသီးသီးမွာ တာဝန္ေတြအသီးသီးယူခဲ့ၾကတဲ့ ႒ာနဆိုင္ရာဝန္ထမ္းေတြကလည္း အၿငိမ္းစားယူၿပီးတဲ့အခါမွာ အဖြဲ႕အစည္းေတြဖြဲ႕ၿပီး သာေရးနာေရးနဲ႔လူမႈေရးေတြမွာ တစ္ဦးကို တစ္ဦးအျပန္အလွန္ကူညီလာၾကတာကို ေတြ႕ရပါတယ္။

teamwork-exm

ဒီလိုလူထုၾကားကေန လူမႈအဖြဲ႕အစည္းေတြ ေပၚေပါက္လာတာဟာ တိုင္းျပည္အတြက္ အင္မတန္ေကာင္းမြန္တဲ့ ကိစၥျဖစ္တဲ့အတြက္ ဝမ္းသာႀကိဳဆိုၾကရပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ အစိုးရနဲ႔အတူ ျပည္သူေတြကိုယ္တိုင္က ျပည္သူ႔ အက်ိဳးကို ပါဝင္ေဆာင္႐ြက္လာၾကလို႔ပါပဲ။

ဒီလိုအသင္းအဖြဲ႕အစည္း ေတြမ်ားလာေနသလို အသင္းအဖြ႕ဲအစည္းအတြင္းက ပဋိပကၡေတြေၾကာင့္ လိုရာပန္းတိုင္မေရာက္ဘဲ လမ္းခုလတ္မွာတင္ ရပ္တန႔္ ပ်က္စီးသြားၾကတဲ့ အသင္းေတြ၊ အဖြဲ႕အစည္းေတြကလည္းရွိေနျပန္ပါတယ္။ အသင္းအဖြဲ႕ေတြ ဘာေၾကာင့္ပ်က္စီးရတာလဲ။ အသင္းအဖြဲေတြမွာ ေအာက္ပါအခ်က္သုံးခ်က္အနက္ တစ္ခ်က္ခ်က္ျဖစ္ေပၚလာၿပီဆိုရင္ ပ်က္စီးတတ္တယ္လို႔ ေရွးပညာရွိေတြဆိုခဲ့တာကို ေလ့လာသိရွိရပါတယ္။ အဲ့ဒါေတြကေတာ့၊

(၁)လမ္းျပနည္းၫႊန္ဦးစီး အႀကီးအမႉး လုပ္သူတို႔ေပါမ်ားျခင္း( ဆရာမ်ားျခင္း)

(၂) အသင္းသားအားလုံး ကိုယ့္ကိုယ္ကို ပညာရွိဟုမွတ္ထင္ၿပီး ဘဝင္ျမင့္ၾကျခင္း

(၃) ရာထူးမက္ေမာသူမ်ားေပါမ်ားျခင္းတို႔ ျဖစ္ၾကပါတယ္။

ပညာရွိ သတိျဖစ္ခဲဆိုသလို ဆင္ျခင္သတိျပဳႏိုင္ၾကၿပီး ႏိုင္ငံအက်ိဳးျပဳ လူမႈအဖြဲ႕အစည္းေကာင္းမ်ား ပိုမိုေပၚေပါက္လာကာ ၾကာရွည္ခိုင္ၿမဲႏိုင္ၾကေစရန္ေရးသားတင္ျပရျခင္းျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: