Home News Samsung Galaxy S8 မှာ ဘတ်ထရီပြဿနာ ရှိနိုင်သေးလား

Samsung Galaxy S8 မှာ ဘတ်ထရီပြဿနာ ရှိနိုင်သေးလား

0
Samsung Galaxy S8 မှာ ဘတ်ထရီပြဿနာ ရှိနိုင်သေးလား

Samsung ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ Galaxy Note 7 စမတ်ဖုန်း ပေါက်ကွဲမှုများကြောင့် Samsung ရဲ့ သက်တမ်းတစ်လျှောက်မှာ အရှုံးပေါ်ခဲ့ရပြီး ယခုချိန်မှာတော့ Samsung Galaxy S8 ကရော ဘတ်ထရီပြဿနာရှိသေးလား ဆိုတဲ့ မေးခွန်းတွေက မေးစရာဖြစ်နေသေးပါတယ်။

Samsung ရဲ့ Galaxy S8 ဟာ ထူးခြားတဲ့ feature များစွာပါဝင်ပြီး iPhone အသုံးပြုသူတွေတောင် Galaxy S8 ကို အသုံးပြုဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပတဲ့ စင်ကာပူနိုင်ငံရှိ Samsung Experience Store မှာ အသေးစားမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ဖြစ်ချင်းမှာဘဲ လုံခြုံရေးအတွက်ဆိုပြီး ဆိုင်တံခါးကို ပိတ်ချလိုက်တဲ့အတွက် ဘယ်ကနေ ဘယ်လိုစမှန်း ဘယ်သူမှ မသိနိုင်ပါဘူး။

လက်ရှိမှာတော့ Samsung ကနေ အသေးစားမီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကို တွက်ချက်ဆဲဖြစ်ပြီး အသေးစိတ်ကို ထပ်မံထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မီးလောင်သွားတဲ့နေ့ကတော့ Samsung Galaxy S8 ကို မိတ်မဆက်မှီ တစ်ရက်အလိုမှာ ဖြစ်ပါတယ်။ Samsung ဟာ Galaxy Note 7 ဖုန်းများ မီးလောင်ရုံသာမက Note 7 ဘတ်ထရီထုတ်ပေးတဲ့ စက်ရုံပါ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ယခုတဖန် Galaxy S8 မိတ်မဆက်မှီ စင်ကာပူနိုင်ငံမှာ အသေးစားမီးလောင်မှု ထပ်မံဖြစ်ပွားခဲ့တဲ့အတွက် အချို့သော သူများကတော့ Galaxy S8 မှာ ရော ဘတ်ထရီပြဿနာကို အမှန်တစ်ကယ် ဖြေရှင်းပြီးပြီ ဆိုတာကို သံသယဝင်လျက်ရှိပါတယ်။

Zawgyi Font : Samsung Galaxy S8 မွာ ဘတ္ထရီျပႆနာ ရွိႏုိင္ေသးလား

Samsung ဟာ ျပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္မွာ Galaxy Note 7 စမတ္ဖုန္း ေပါက္ကြဲမႈမ်ားေၾကာင့္ Samsung ရဲ႕ သက္တမ္းတစ္ေလွ်ာက္မွာ အရံႈးေပၚခဲ့ရျပီး ယခုခ်ိန္မွာေတာ့ Samsung Galaxy S8 ကေရာ ဘတ္ထရီျပႆနာရွိေသးလား ဆိုတဲ့ ေမးခြန္းေတြက ေမးစရာျဖစ္ေနေသးပါတယ္။

Samsung ရဲ႕ Galaxy S8 ဟာ ထူးျခားတဲ့ feature မ်ားစြာပါ၀င္ျပီး iPhone အသံုးျပဳသူေတြေတာင္ Galaxy S8 ကို အသံုးျပဳဖို႕ စဥ္းစားေနတယ္လို႕ သတင္းေတြ ထြက္ေပၚခဲ့ပါေသးတယ္။ ဒါေပမယ့္ မတ္လ ၂၈ ရက္ေန႕ မနက္ပိုင္းမွာ က်င္းပတဲ့ စင္ကာပူႏိုင္ငံရွိ Samsung Experience Store မွာ အေသးစားမီးေလာင္မႈ ျဖစ္ပြားခဲ့ပါတယ္။ ျဖစ္ျဖစ္ခ်င္းမွာဘဲ လံုျခံဳေရးအတြက္ဆိုျပီး ဆုိင္တံခါးကို ပိတ္ခ်လိုက္တဲ့အတြက္ ဘယ္ကေန ဘယ္လိုစမွန္း ဘယ္သူမွ မသိႏုိင္ပါဘူး။

လက္ရွိမွာေတာ့ Samsung ကေန အေသးစားမီးေလာင္မႈေၾကာင့္ ပ်က္စီးသြားတဲ့ ပစၥည္းေတြရဲ႕ တန္ဖိုးကို တြက္ခ်က္ဆဲျဖစ္ျပီး အေသးစိတ္ကို ထပ္မံထုတ္ျပန္ေပးမွာ ျဖစ္တယ္လို႕ ဆိုပါတယ္။ မီးေလာင္သြားတဲ့ေန႕ကေတာ့ Samsung Galaxy S8 ကို မိတ္မဆက္မွီ တစ္ရက္အလိုမွာ ျဖစ္ပါတယ္။ Samsung ဟာ Galaxy Note 7 ဖုန္းမ်ား မီးေလာင္ရံုသာမက Note 7 ဘတ္ထရီထုတ္ေပးတဲ့ စက္ရံုပါ မီးေလာင္မႈ ျဖစ္ပြားခဲ့ပါတယ္။ ယခုတဖန္ Galaxy S8 မိတ္မဆက္မွီ စင္ကာပူႏုိင္ငံမွာ အေသးစားမီးေလာင္မႈ ထပ္မံျဖစ္ပြားခဲ့တဲ့အတြက္ အခ်ိဳ႕ေသာ သူမ်ားကေတာ့ Galaxy S8 မွာ ေရာ ဘတ္ထရီျပႆနာကို အမွန္တစ္ကယ္ ေျဖရွင္းျပီးျပီ ဆိုတာကို သံသယ၀င္လ်က္ရွိပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: