Home Lifestyle Food သခွားသီးက လူတွေအပေါ် ဘယ်လိုကောင်းကျိုးပြုလဲ

သခွားသီးက လူတွေအပေါ် ဘယ်လိုကောင်းကျိုးပြုလဲ

0
သခွားသီးက လူတွေအပေါ် ဘယ်လိုကောင်းကျိုးပြုလဲ

သခွားသီးဟာ အတို့အမြှုပ်အဖြစ် စားရုံသာမက အလှအပရေးရာအတွက်ပါ ကောင်းကျိုးပြုနေပါတယ်။ ရေဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး သွေးအတွင်းမှာ ဆိုဒီယမ် (အငန်) ဓာတ် တိုးပွားလာမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးတွင်း အဆီတက်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ သွေးထွက်လွန်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

၁။ ရေဓာတ်ဖြည့်ပေးနိုင်တယ်။

သခွားသီးရဲ့ ၉၅ ရာခိုင်နှုန်းဟာ ရေဓာတ်ဖြင့် ဖွဲ့စည်းထားတာကြောင့် ခန္ဓာကိုယ်ရဲ့ ရေဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါတယ်။ နွေရာသီမှာ များများစားသင့်တဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။

၂။ အသားအရေစိုပြေစေတယ်။

အသားအရေစိုပြေအတွက် သခွားသီးကို ခန္ဓာကိုယ်နဲ့ တိုက်ရိုက်ထိတွေ့ရုံနဲ့ ရေဓာတ်ရနိုင်ပါတယ်။ နေလောင်ဒဏ်ကြောင့် အသားအရေမွဲခြောက်မှုအတွက် သခွားသီးကို ပါးပါးလေးလှီးပြီး အသားမှာ ဖြည်းညှင်းစွာ ပွတ်ပေးရုံပါဘဲ။ ဒါ့အပြင် မျက်စိ ကနေ အပူစုပ်ထုတ်ဖို့အတွက် ညအိပ်တဲ့အခါ သခွားသီးကို မျက်လုံးပေါ်မှာ တင်ပြီး အိပ်ပါ။

၃။ အရိုးအဆစ်တွေ ခိုင်မာမှုကို အားပေးတယ်။

သခွားသီးမှာ ဗီတာမင် K ကြွယ်ဝစွာပါဝင်မှုကြောင့် ကယ်စီယမ်ဓာတ် စုပ်ယူမှုပိုမိုအားကောင်းစေပါတယ်။ ကယ်စီယမ် ဓာတ်အားကောင်းရင် အရိုးအဆစ်  ပိုမိုခိုင်မာစေပါတယ်။

သခွားသီးကို ရေခဲသေတ္တာထဲမှာ တစ်ပတ်ခန့်ထိထားနိုင်ပါတယ်။ တာရှည်ခံဖို့အတွက် ဖယောင်းအုပ်ထားတဲ့ သခွားသီးကတော့ ဒီထက်ပိုမိုတာရှည်ခံပေမယ့် မစားခင်မှာ ဖယောင်းတွေကို ခြစ်ထုတ်ဖို့တော့ လိုပါလိမ့်မယ်။

ဂရိလူမျိုးတွေကတော့ သခွားသီးကို အာလူးနဲ့ သိုးနို့ကနေ ပြုလုပ်ထားတဲ့ ချိစ့်နဲ့ ရောစပ်ပြီး ဖျော်ရည်အဖြစ် ပြုလုပ်ကာ အဆီချဖို့အတွက် အသုံးပြုပါတယ်။ လန်းဆန်းဖို့အတွက်ဘဲဆိုရင်တော့ သခွားသီးကို ဇီယာရွက်နဲ့ ရောစပ်ပြီး ဖျော်ရည်ပြုလုပ်၍ သုံးဆောင်ခြင်းက ပိုထိရောက်ပါတယ်။

Zawgyi Font : သခြားသီးက လူေတြအေပၚ ဘယ္လိုေကာင္းက်ိဳးျပဳလဲ

cucumber

သခြားသီးဟာ အတုိ႕အျမွဳပ္အျဖစ္ စားရံုသာမက အလွအပေရးရာအတြက္ပါ ေကာင္းက်ိဳးျပဳေနပါတယ္။ ေရဓာတ္ၾကြယ္၀စြာ ပါ၀င္ျပီး ေသြးအတြင္းမွာ ဆိုဒီယမ္ (အငန္) ဓာတ္ တုိးပြားလာမႈကိုလည္း ေလ်ာ့ခ်ေပးႏုိင္ပါတယ္။ ဒါ့အျပင္ ေသြးတြင္း အဆီတက္ျခင္း၊ ေရဓာတ္ခမ္းေျခာက္ျခင္း၊ ေသြးထြက္လြန္ျခင္းကိုလည္း ကာကြယ္ေပးပါတယ္။

၁။ ေရဓာတ္ျဖည့္ေပးႏုိင္တယ္။

သခြားသီးရဲ႕ ၉၅ ရာခိုင္ႏႈန္းဟာ ေရဓာတ္ျဖင့္ ဖြဲ႕စည္းထားတာေၾကာင့္ ခႏၶာကိုယ္ရဲ႕ ေရဓာတ္လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးပါတယ္။ ေႏြရာသီမွာ မ်ားမ်ားစားသင့္တဲ့ အသီးတစ္မ်ိဳးလည္း ျဖစ္ပါတယ္။

၂။ အသားအေရစိုေျပေစတယ္။

အသားအေရစိုေျပအတြက္ သခြားသီးကို ခႏၶာကိုယ္နဲ႕ တိုက္ရိုက္ထိေတြ႕ရံုနဲ႕ ေရဓာတ္ရႏိုင္ပါတယ္။ ေနေလာင္ဒဏ္ေၾကာင့္ အသားအေရမြဲေျခာက္မႈအတြက္ သခြားသီးကို ပါးပါးေလးလွီးျပီး အသားမွာ ျဖည္းညွင္းစြာ ပြတ္ေပးရံုပါဘဲ။ ဒါ့အျပင္ မ်က္စိ ကေန အပူစုပ္ထုတ္ဖို႕အတြက္ ညအိပ္တဲ့အခါ သခြားသီးကို မ်က္လံုးေပၚမွာ တင္ျပီး အိပ္ပါ။

၃။ အရိုးအဆစ္ေတြ ခိုင္မာမႈကို အားေပးတယ္။

သခြားသီးမွာ ဗီတာမင္ K ၾကြယ္၀စြာပါ၀င္မႈေၾကာင့္ ကယ္စီယမ္ဓာတ္ စုပ္ယူမႈပိုမုိအားေကာင္းေစပါတယ္။ ကယ္စီယမ္ ဓာတ္အားေကာင္းရင္ အရိုးအဆစ္  ပိုမိုခိုင္မာေစပါတယ္။

သခြားသီးကို ေရခဲေသတၱာထဲမွာ တစ္ပတ္ခန္႕ထိထားႏုိင္ပါတယ္။ တာရွည္ခံဖို႕အတြက္ ဖေယာင္းအုပ္ထားတဲ့ သခြားသီးကေတာ့ ဒီထက္ပိုမိုတာရွည္ခံေပမယ့္ မစားခင္မွာ ဖေယာင္းေတြကို ျခစ္ထုတ္ဖို႕ေတာ့ လိုပါလိမ့္မယ္။

ဂရိလူမ်ိဳးေတြကေတာ့ သခြားသီးကို အာလူးနဲ႕ သိုးႏို႕ကေန ျပဳလုပ္ထားတဲ့ ခ်ိစ့္နဲ႕ ေရာစပ္ျပီး ေဖ်ာ္ရည္အျဖစ္ ျပဳလုပ္ကာ အဆီခ်ဖို႕အတြက္ အသံုးျပဳပါတယ္။ လန္းဆန္းဖို႕အတြက္ဘဲဆိုရင္ေတာ့ သခြားသီးကို ဇီယာရြက္နဲ႕ ေရာစပ္ျပီး ေဖ်ာ္ရည္ျပဳလုပ္၍ သံုးေဆာင္ျခင္းက ပိုထိေရာက္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: