
သြစတေးလျနိုင်ငံ Queensland မြို့ရှိ Ayr ရပ်ကွက်လမ်းပေါ်သို့ ငါးမန်းတစ်ကောင် ပြုတ်ကျလာကြောင်း သိရှိရသည်။ အကြောင်းရင်းမှာ Debbie အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခြင်းကြောင့် ပင်လယ်ပြင်အတွင်းမှ ငါးမန်း တစ်ကောင် ပါလာဟန်ရှိသည်ဟု ယူဆကြသည်။
အဆိုပါ ငါးမန်းပြုတ်ကျလာရာ နေရာတွင် ငါးမန်းနှင့်အတူ ရေများ၊ ရွှံ့ဗွက်များစွာ ပေကျံနေပြီး ရပ်ကွက်တစ်ခုလုံး ရေများဖြင့် ဖုံးလွှမ်းသွားသည်။ သြစတေးလျ သည် ကမ္ဘာပေါ်တွင် ငါးမန်းအများဆုံး နေရာတစ်ခုဖြစ်ပြီး မည်သူမှ ပင်လယ်ရေပြင်ထဲသို့ ရေမကူးရဲကြသော နေရာလည်း ဖြစ်သည်။ ယခုအခါ ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းကြောင့် ငါးမန်းတစ်ကောင် ပါလာခြင်း ဖြစ်သည်။
Zawgyi Font : ဆိုင်ကလုန်းမုန်တိုင်းကြောင့် သြစတေးလျနိုင်ငံရှိ လမ်းမအပေါ်သို့ ငါးမန်း တစ်ကောင် ပြုတ်ကျလာ