Home News ဦးဝီရသူ ကို အရေးယူရန် Change.org တွင် အွန်လိုင်းမှ တစ်ဆင့် လက်မှတ်ရေးထိုးနိုင်

ဦးဝီရသူ ကို အရေးယူရန် Change.org တွင် အွန်လိုင်းမှ တစ်ဆင့် လက်မှတ်ရေးထိုးနိုင်

0
ဦးဝီရသူ ကို အရေးယူရန် Change.org တွင် အွန်လိုင်းမှ တစ်ဆင့် လက်မှတ်ရေးထိုးနိုင်

အကြမ်းဖက်မှုများကို အားပေးအားမြှောက်ပြုသည့် အရေးအသားများနှင့် စကားများကို ပြောဆိုခဲ့သည့် ဆရာတော် ဦးဝီရသူ အား တရားဥပဒေအရ အရေးယူပေးရန် ထောက်ခံကြောင်း လက်မှတ်ကို အွန်လိုင်းမှ တစ်ဆင့် ရေးထိုးနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

Change.org ဝက်ဘ်ဆိုဒ်တွင် ထောက်ခံကြောင်း လက်မှတ်ရေးထိုးနိုင်ပြီး လက်ရှိတွင် လက်မှတ်ပေါင်း ၅၀၀ နီးပါးခန့် ရရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

ဦးဝီရသူက “ကြည်လင်းကို ကျေးဇူးတင်တယ်။ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်။ အောင်ဝင်းခိုင်ကို ကျေးဇူးတင် တယ်။ ဇေယျာဖြိုး ကို ကျေးဇူးတင်တယ်။ တပ်ကိုယ်စားလှယ်တွေကို မောင်းထုတ်ချင်သူတွေ သတိထားကြ။ ခြေဥ ဖျက်ချင်သူတွေ သတိ ထားကြ။ ကြည်လင်းတွေ ချောင်ကြိုချောင်ကြားက ထွက်လာမှ မဘသ ကို မလွှဲချနဲ့” စသည့် စာသားများကို ၂၀၁၇ ဖေဖော်ဝါရီ ၂၆ ရက်စွဲဖြင့် ရေးသားခဲ့ပြီး ယင်းည ၁၀ နာရီခွဲကျော် အချိန်တွင် Wira Thu အကောင့် ကို သုံးစွဲ၍ လူမှု ကွန်ရက် စာမျက်နှာပေါ် လွှင့်တင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဦးဝီရသူ၏ ရေးသားမှုများသည် မြန်မာနိုင်ငံ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၃ အရ ခြိမ်းခြောက်မှုနှင့် အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်မှုမြောက်စေသည့် ဦးဝီရသူကို ထိရောက်စွာ အရေးယူပေးရန် အသိပေး တိုင်ကြားကြောင်း ဖော်ပြထားသည်။

တိုင်ကြားစာနှင့်တကွ ကောက်ယူရရှိသည့် လက်မှတ်များနှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုရှေ့နေချုပ်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ ဒုတိယ ဥက္ကဌ ဆရာတော်၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေးတိုင်း ဒေသကြီး ဥပဒေ ချုပ်၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူး၊ မန္တလေးတိုင်း ဒေသကြီး သံဃနာယက အဖွဲ့ဝင် ဥက္ကဌ ဆရာတော်နှင့် မဟာအောင်မြေ မြို့နယ် တိုင်းဒေသကြီး သံဃနာယက အဖွဲ့ ဥက္ကဌ ဆရာတော် တို့ ထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အောက်ပါလင့်ကနေ လက်မှတ်ရေးထိုးနိုင်ကြောင်း သိရှိရသည်။

http://bit.ly/2nHhfcl

Zawgyi Font : ဦး၀ီရသူ ကို အေရးယူရန္ Change.org တြင္ အြန္လိုင္းမွ တစ္ဆင့္ လက္မွတ္ေရးထိုးႏုိင္

change.org

အၾကမ္းဖက္မႈမ်ားကို အားေပးအားေျမွာက္ျပဳသည့္ အေရးအသားမ်ားႏွင့္ စကားမ်ားကို ေျပာဆိုခဲ့သည့္ ဆရာေတာ္ ဦး၀ီရသူ အား တရားဥပေဒအရ အေရးယူေပးရန္ ေထာက္ခံေၾကာင္း လက္မွတ္ကို အြန္လုိင္းမွ တစ္ဆင့္ ေရးထိုးႏုိင္ျပီ ျဖစ္ေၾကာင္း သိရွိရသည္။

Change.org ၀က္ဘ္ဆိုဒ္တြင္ ေထာက္ခံေၾကာင္း လက္မွတ္ေရးထိုးႏုိင္ျပီး လက္ရွိတြင္ လက္မွတ္ေပါင္း ၅၀၀ နီးပါးခန္႕ ရရွိျပီ ျဖစ္ေၾကာင္း သိရွိရသည္။

ဦးဝီရသူက “ၾကည္လင္းကို ေက်းဇူးတင္တယ္။ ေအာင္ဝင္းေဇာ္ကို ေက်းဇူးတင္တယ္။ ေအာင္ဝင္းခိုင္ကို ေက်းဇူးတင္ တယ္။ ေဇယ်ာၿဖိဳး ကို ေက်းဇူးတင္တယ္။ တပ္ကိုယ္စားလွယ္ေတြကို ေမာင္းထုတ္ခ်င္သူေတြ သတိထားၾက။ ေျခဥ ဖ်က္ခ်င္သူေတြ သတိ ထားၾက။ ၾကည္လင္းေတြ ေခ်ာင္ႀကိဳေခ်ာင္ၾကားက ထြက္လာမွ မဘသ ကို မလႊဲခ်နဲ႔” စသည့္ စာသားမ်ားကို ၂၀၁၇ ေဖေဖာ္ဝါရီ ၂၆ ရက္စြဲျဖင့္ ေရးသားခဲ့ၿပီး ယင္းည ၁၀ နာရီခြဲေက်ာ္ အခ်ိန္တြင္ Wira Thu အေကာင့္ ကို သုံးစြဲ၍ လူမႈ ကြန္ရက္ စာမ်က္ႏွာေပၚ လႊင့္တင္ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဦးဝီရသူ၏ ေရးသားမႈမ်ားသည္ ျမန္မာႏိုင္ငံ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅၀၃ အရ ၿခိမ္းေျခာက္မႈႏွင့္ အၾကမ္း ဖက္မႈ တိုက္ဖ်က္ေရး ဥပေဒအရ အၾကမ္းဖက္မႈေျမာက္ေစသည့္ ဦးဝီရသူကို ထိေရာက္စြာ အေရးယူေပးရန္ အသိေပး တိုင္ၾကားေၾကာင္း ေဖာ္ျပထားသည္။

တိုင္ၾကားစာႏွင့္တကြ ေကာက္ယူရရွိသည့္ လက္မွတ္မ်ားႏွင့္အတူ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္၊ ႏိုင္ငံေတာ္သမၼတ၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္၊ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီး၊ ႏိုင္ငံေတာ္ သံဃ မဟာနာယက အဖြဲ႕ ဒုတိယ ဥကၠဌ ဆရာေတာ္၊ မႏၲေလးတိုင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္၊ မႏၲေလးတိုင္း ေဒသႀကီး ဥပေဒ ခ်ဳပ္၊ သာသနာေရး ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္၊ မႏၲေလးတိုင္းေဒသႀကီး သာသနာေရးမႉး၊ မႏၲေလးတိုင္း ေဒသႀကီး သံဃနာယက အဖြဲ႕ဝင္ ဥကၠဌ ဆရာေတာ္ႏွင့္ မဟာေအာင္ေျမ ၿမိဳ႕နယ္ တိုင္းေဒသႀကီး သံဃနာယက အဖြဲ႕ ဥကၠဌ ဆရာေတာ္ တို႔ ထံ ေပးပို႔သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေအာက္ပါလင့္ကေန လက္မွတ္ေရးထိုးႏုိင္ေၾကာင္း သိရွိရသည္။

http://bit.ly/2nHhfcl

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: