
မကြာမီမှာ မြန်မာတို့ရဲ့ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကြီး ဆင်ယင်ကျင်းပဖို့ အချိန်ကျရောက်လာပါတော့မယ်။ တစ်နှစ်မှာတစ်ခါသာဆင်နွဲခွင့် ရကြတဲ့ ဒီ ပွဲတော်ကြီးမှာ တစ်ချို့တွေက ဆိုကြ၊ ကကြ၊ တီးကြနဲ့ ပျော်ရွှင်စွာ ပါဝင်ရေကစားကြသလို တစ်ချို့တွေကလည်း မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး အပန်းဖြေခရီးတွေထွက်ကြပါတယ်။ တစ်ချို့ကျပြန်တော့ ဘုရားရိပ် တရားရိပ် ခိုကြ၊ အလှူဒါနတွေပြုကြနဲ့ အေးချမ်းသာယာစွာ ဖြတ်သန်းကြပါတယ်။ ရှေးလူတို့ကတော့ သင်္ကြန်ကာလအတွင်းမှာ အောက်ပါကိစ္စ(၁၀)မျိုးကို ရှောင်ကြဉ်ခဲ့ကြပါတယ်။
(၁) ငိုကြွေးပူဆွေးခြင်း
(၂) မေထုန်သံဝါသပြုခြင်း
(၃) အသားဟင်းလျာများစားသောက်ခြင်း
(၄) သေရည်သေရက်သောက်စားခြင်း
(၅) အမျက်ဒေါသထွက်ခြင်း၊ သတ်ပုတ်ခြင်း
(၆) သွေးဖေါက်ခြင်း၊ သွေးထုတ်ခြင်း
(၇) ဆီ၊ ဆေးလိမ်းခြင်း
(၈) သစ်ပင်ဖြတ်ခြင်း၊ ထင်းခုတ်ခွဲခြင်း
(၉) ဝယ်ခြင်း၊ ကျီသွင်းခြင်း
(၁၀) ရောင်းခြင်း၊ ဆိုင်ထွက်ခြင်း
ရှေးလူကြီးတွေက ဒါတွေကိုရှောင်ကြဉ်ခြင်းက ကျက်သရေမင်္ဂလာနဲ့ပြည့်စုံပြီး အကျိုးစီးပွားကိုလည်းဆောင်တယ်လို့ ဆိုပါတယ်။ ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ လူကြီးသူမတွေရဲ့ ဆိုဆုံးမစကားတွေကို ပစ်ပယ်ပြီး မြန်မာ့ ယဉ်ကျေးမှုနဲ့ ဖီလာဖြစ်တဲ့၊ အပျော်ကျူးတဲ့ သင်္ကြန်ဖြစ်လာတာကတော့ အားလုံးအသိပင်ဖြစ်ပါတယ်။
လူတွေရဲ့ အပြုအမူစိတ်နေသဘောထားတွေ ပြောင်းလဲလာတာကြောင့် ကမ္ဘာကြီးကလည်း လူသားတွေအပေါ်ဒဏ်ခတ်နေပါပြီ။ ကောင်းမြတ်တဲ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေကို လေးစားလိုက်နာရင်း အေးချမ်းသာယာတဲ့ သင်္ကြန်ကာလဖြစ်ပါစေ။
Zawgyi Font : ေရွးလူတို႔ သၾကၤန္တြင္းတြင္ ေရွာင္ၾကဥ္ခဲ့ၾကေသာ အရာ(၁၀)မ်ိဳး
မၾကာမီမွာ ျမန္မာတို႔ရဲ႕ ႏွစ္သစ္ကူး အတာသၾကၤန္ ပြဲေတာ္ႀကီး ဆင္ယင္က်င္းပဖို႔ အခ်ိန္က်ေရာက္လာပါေတာ့မယ္။ တစ္ႏွစ္မွာတစ္ခါသာဆင္ႏြဲခြင့္ ရၾကတဲ့ ဒီ ပြဲေတာ္ႀကီးမွာ တစ္ခ်ိဳ႕ေတြက ဆိုၾက၊ ကၾက၊ တီးၾကနဲ႔ ေပ်ာ္႐ႊင္စြာ ပါဝင္ေရကစားၾကသလို တစ္ခ်ိဳ႕ေတြကလည္း မိသားစုေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး အပန္းေျဖခရီးေတြထြက္ၾကပါတယ္။ တစ္ခ်ိဳ႕က်ျပန္ေတာ့ ဘုရားရိပ္ တရားရိပ္ ခိုၾက၊ အလႉဒါနေတြျပဳၾကနဲ႔ ေအးခ်မ္းသာယာစြာ ျဖတ္သန္းၾကပါတယ္။ ေရွးလူတို႔ကေတာ့ သၾကၤန္ကာလအတြင္းမွာ ေအာက္ပါကိစၥ(၁၀)မ်ိဳးကို ေရွာင္ၾကဥ္ခဲ့ၾကပါတယ္။
(၁) ငိုေႂကြးပူေဆြးျခင္း
(၂) ေမထုန္သံဝါသျပဳျခင္း
(၃) အသားဟင္းလ်ာမ်ားစားေသာက္ျခင္း
(၄) ေသရည္ေသရက္ေသာက္စားျခင္း
(၅) အမ်က္ေဒါသထြက္ျခင္း၊ သတ္ပုတ္ျခင္း
(၆) ေသြးေဖါက္ျခင္း၊ ေသြးထုတ္ျခင္း
(၇) ဆီ၊ ေဆးလိမ္းျခင္း
(၈) သစ္ပင္ျဖတ္ျခင္း၊ ထင္းခုတ္ခြဲျခင္း
(၉) ဝယ္ျခင္း၊ က်ီသြင္းျခင္း
(၁၀) ေရာင္းျခင္း၊ ဆိုင္ထြက္ျခင္း
ေရွးလူႀကီးေတြက ဒါေတြကိုေရွာင္ၾကဥ္ျခင္းက က်က္သေရမဂၤလာနဲ႔ျပည့္စုံၿပီး အက်ိဳးစီးပြားကိုလည္းေဆာင္တယ္လို႔ ဆိုပါတယ္။ ေခတ္စနစ္ေတြ ေျပာင္းလဲလာတာနဲ႔အမွ် လူႀကီးသူမေတြရဲ႕ ဆိုဆုံးမစကားေတြကို ပစ္ပယ္ၿပီး ျမန္မာ့ ယဥ္ေက်းမႈနဲ႔ ဖီလာျဖစ္တဲ့၊ အေပ်ာ္က်ဴးတဲ့ သၾကၤန္ျဖစ္လာတာကေတာ့ အားလုံးအသိပင္ျဖစ္ပါတယ္။
လူေတြရဲ႕ အျပဳအမူစိတ္ေနသေဘာထားေတြ ေျပာင္းလဲလာတာေၾကာင့္ ကမာၻႀကီးကလည္း လူသားေတြအေပၚဒဏ္ခတ္ေနပါၿပီ။ ေကာင္းျမတ္တဲ့ ႐ိုးရာယဥ္ေက်းမႈ အစဥ္အလာေတြကို ေလးစားလိုက္နာရင္း ေအးခ်မ္းသာယာတဲ့ သၾကၤန္ကာလျဖစ္ပါေစ။