Home News အိန္ဒိယနိုင်ငံတွင် Broadband အင်တာနက် ဝန်ဆောင်မှု အမြန်နှုန်း 1Gbps ရရှိပြီ

အိန္ဒိယနိုင်ငံတွင် Broadband အင်တာနက် ဝန်ဆောင်မှု အမြန်နှုန်း 1Gbps ရရှိပြီ

0
အိန္ဒိယနိုင်ငံတွင် Broadband အင်တာနက် ဝန်ဆောင်မှု အမြန်နှုန်း 1Gbps ရရှိပြီ

အိန္ဒိယနိုင်ငံ၏ Broadband အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သော ACT ဆက်သွယ်ရေးကုမ္ပဏီမှ အမြန်နှုန်း 1Gbps ရှိသော Broadband အင်တာနက်ဝန်ဆောင်မှုကို စတင်မိတ်ဆက်လိုက်သည်။ အဆိုပါ Broadband နည်းပညာဖြင့် အင်တာနက်ဝန်ဆောင်မှုမှာ အိန္ဒိယနိုင်ငံ၏ အမြန်ဆုံး Broadband ဝန်ဆောင်မှု ဖြစ်လာပြီ ဖြစ်သည်။

အဆိုပါ ဝန်ဆောင်မှုအတွက် ဈေးနှုန်းမှာ သင့်တင့်ပြီး တစ်လလျှင် ရူပီ ၆၉၀၀ သာ ကျသင့်ပြီး မြန်မာကျပ်ငွေဖြင့် တွက်ပါက တစ်လလျှင် တစ်သိန်းခွဲနီးပါးခန့်သာ ကျသင့်မည် ဖြစ်သည်။ Upload အတွက် ဒေတာသုံးစွဲမှု 1TB အထိ ခွင့်ပြုထားပြီး Download အတွက် ဒေတာသုံးစွဲမှု  1TB အထိ ခွင့်ပြုထားသည်။ လက်ရှိတွင် မိုဘိုင်းလ်ကွန်ရက် ကုမ္ပဏီများနှင့် အဆိုပါ Broadband ဝန်ဆောင်မှု ကုမ္ပဏီများအကြား အားပြိုင်မှုများ ဖြစ်နေပြီး ACT ကုမ္ပဏီမှ အိန္ဒိယနိုင်ငံရဲ့ အချက်အချာကျတော့ မြို့ပေါင်း ၁၀၀ တွင် စတင် ဝန်ဆောင်မှုပေးသွားမည် ဟု သိရှိရသည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် ACT ကုမ္ပဏီမှ ဝန်ဆောင်မှုပေးသော Broadband အင်တာနက် ဝန်ဆောင်မှုမှာ အာရှနိုင်ငံများရှိ Broadband အင်တာနက်ဝန်ဆောင်မှုများတွင် အမြန်ဆုံးဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံတွင်မူ Broadband အင်တာနက်ဝန်ဆောင်မှုမှာ လက်ရှိတွင် 4Mbps အထိသာ အမြင့်ဆုံးအနေဖြင့် ဝယ်ယူရရှိနိုင်သေးသည်။

Zawgyi Font : အိႏိၵယႏိုင္ငံတြင္ Broadband အင္တာနက္ ၀န္ေဆာင္မႈ အျမန္ႏႈန္း 1Gbps ရရွိျပီ

India

အိႏိၵယႏုိင္ငံ၏ Broadband အင္တာနက္ ၀န္ေဆာင္မႈ ကုမၸဏီတစ္ခုျဖစ္ေသာ ACT ဆက္သြယ္ေရးကုမၸဏီမွ အျမန္ႏႈန္း 1Gbps ရွိေသာ Broadband အင္တာနက္၀န္ေဆာင္မႈကို စတင္မိတ္ဆက္လိုက္သည္။ အဆိုပါ Broadband နည္းပညာျဖင့္ အင္တာနက္၀န္ေဆာင္မႈမွာ အိႏိၵယႏုိင္ငံ၏ အျမန္ဆံုး Broadband ၀န္ေဆာင္မႈ ျဖစ္လာျပီ ျဖစ္သည္။

အဆိုပါ ၀န္ေဆာင္မႈအတြက္ ေစ်းႏႈန္းမွာ သင့္တင့္ျပီး တစ္လလွ်င္ ရူပီ ၆၉၀၀ သာ က်သင့္ျပီး ျမန္မာက်ပ္ေငြျဖင့္ တြက္ပါက တစ္လလွ်င္ တစ္သိန္းခြဲနီးပါးခန္႕သာ က်သင့္မည္ ျဖစ္သည္။ Upload အတြက္ ေဒတာသံုးစြဲမႈ 1TB အထိ ခြင့္ျပဳထားျပီး Download အတြက္ ေဒတာသံုးစြဲမႈ  1TB အထိ ခြင့္ျပဳထားသည္။ လက္ရွိတြင္ မိုဘိုင္းလ္ကြန္ရက္ ကုမၸဏီမ်ားႏွင့္ အဆိုပါ Broadband ၀န္ေဆာင္မႈ ကုမၸဏီမ်ားအၾကား အားျပိဳင္မႈမ်ား ျဖစ္ေနျပီး ACT ကုမၸဏီမွ အိႏိၵယႏုိင္ငံရဲ႕ အခ်က္အခ်ာက်ေတာ့ ျမိဳ႕ေပါင္း ၁၀၀ တြင္ စတင္ ၀န္ေဆာင္မႈေပးသြားမည္ ဟု သိရွိရသည္။

ထို႕ေၾကာင့္ အိႏိၵယႏုိင္ငံတြင္ ACT ကုမၸဏီမွ ၀န္ေဆာင္မႈေပးေသာ Broadband အင္တာနက္ ၀န္ေဆာင္မႈမွာ အာရွႏုိင္ငံမ်ားရွိ Broadband အင္တာနက္၀န္ေဆာင္မႈမ်ားတြင္ အျမန္ဆံုးဟု ဆိုႏုိင္သည္။ ျမန္မာႏိုင္ငံတြင္မူ Broadband အင္တာနက္၀န္ေဆာင္မႈမွာ လက္ရွိတြင္ 4Mbps အထိသာ အျမင့္ဆံုးအေနျဖင့္ ၀ယ္ယူရရွိႏုိင္ေသးသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: