Home News လစာအခွန်မဆောင်သူများ အရေးယူခံရမည်

လစာအခွန်မဆောင်သူများ အရေးယူခံရမည်

0
လစာအခွန်မဆောင်သူများ အရေးယူခံရမည်

အသက်မွေးပညာရပ်တစ်ခုခုဖြင့် ရရှိသော လစာများကို အခွန်မဆောင်ပါက အခွန်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ကြေငြာလိုက်သည်။

ဝင်ငွေခွန် ဥပဒေအရ လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ပင်စင်၊ ဂရုဏာကြေး၊ ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်၊ အကျိုးခံစားခွင့်တို့မှ ရရှိသော ငွေကြေးတို့သည် တစ်နှစ်လျှင် သိန်း ၂၀ နှင့်အထက် ရရှိပါက အခွန်စည်းကြပ်ထိုက်သူများ ဖြစ်သည်ဟု သတ်မှတ်ထားကြောင်းသိရှိရသည်။

လစာခွန်များကို သက်ဆိုင်ရာ မြို့နယ်ရုံးများမှ တစ်ဆင့်ပေးသွင်းနိုင်ပြီး အခွန်ဆောင်ရမည့်ကိစ္စနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များအား မေးမြန်းနိုင်ကြောင်း သိရှိရသည်။

အခွန်ဥပဒေအရ တစ်နှစ်လျှင် ဝင်ငွေ သုညကျပ်မှ သိန်း နှစ်ဆယ်ကျပ်အထိကို သုညရာခိုင်နှုန်း၊ သိန်း နှစ်ဆယ့်တစ်ကျပ်မှ သိန်း ၅၀ အထိလျှင် ၅ ရာခိုင်နှုန်း၊ သိန်း ငါးဆယ့်တစ်ကျပ်မှ သိန်း တစ်ရာကျပ်အထိကို ၁၀ ရာခိုင်နှုန်း၊ သိန်း တစ်ရာ့တစ်ကျပ် မှ သိန်း နှစ်ရာအထိ လျှင် ၁၅ ရာခိုင်နှုန်း၊ သိန်း နှစ်ရာ့တစ်ကျပ်မှ သိန်း သုံးရာအထိလျှင် ၂၀ ရာခိုင်နှုန်း နှင့် သိန်း သုံးရာနှင့်အထက် ဝင်ငွေရှိသူများ ၂၅ ရာခိုင်နှုန်းပေးဆောင်ရမည် ဖြစ်ကြောင်း သိရှိရသည်။

Zawgyi Font : လစာအခွန်မဆောင်သူများ အရေးယူခံရမည်



tax-law



LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: