Home Entertainment Celebrity နေတိုးမှသည် သားငယ်ဆီသို့ ဝတီ မေဃ လှပဋ္ဌာနေ မာန်အောင်မြေ

နေတိုးမှသည် သားငယ်ဆီသို့ ဝတီ မေဃ လှပဋ္ဌာနေ မာန်အောင်မြေ

0
နေတိုးမှသည် သားငယ်ဆီသို့ ဝတီ မေဃ လှပဋ္ဌာနေ မာန်အောင်မြေ

Myanmar Idol Winner ဖြစ်တဲ့ သားငယ် တစ်ယောက် မွေးရပ်မြေမာန်အောင် သို့ ခရီးထွက်လာခဲ့သည့်သတင်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာကြောင့် ယခင် ဘင်္ဂလားပင်လယ်အတွင်း ငြိမ်သက်စွာလဲလျောင်းနေတဲ့ အလှနတ်မိမယ် မာန်အောင်ကျွန်းကလေးဟာ မြန်ပြည်တွင်းက တိုင်းရင်းသားပြည်သူတွေကြားမှာ ကြွားဝင့်စွာနဲ့ လူးလွန့်နိုးထလာခဲ့ပါပြီ။

အမှန်ပြောရရင် မာန်အောင်ဆိုတဲ့ ဒီကျွန်းကလေးဟာ အင်မတန်လှပတဲ့ နေရာတစ်ခုဖြစ်မှန်း လူအတော်များများမသိကြပါဘူး။ ဖြူလွလွသဲသောင်ခုံနဲ့ ပြာညို့နေတဲ့ ပင်လယ်ရေပြင်အလှကို ရောက်ဖူးသူတိုင်းအမှတ်ရနေကြမှာပါ။ ရန်အပေါင်းကို အောင်မြင်ခဲ့တာကြောင့် မာန်အောင်လို့ မှည့်ခေါ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုလှပတဲ့ မာန်အောင်ကျွန်းဟာ ဧရိယာစတုရန်းမိုင် ၂၀၂.၈၉ မိုင်ကျယ်ဝန်းပြီး ၂၀၀၇ ခုနှစ်စာရင်းအရလူဦးရေ (၉၅၉၂၇)ဦး ရှိပါတယ်။

ဒီကျွန်းပေါ်မှာ ရပ်ကွက်(၅)ခုနဲ့စုဖွဲ့ထားတဲ့မာန်အောင်မြို့နဲ့ ကျေးရွာပေါင်း (၁၃၈)ရွာစုပေါင်းတည်ရှိနေပါတယ်။ အင်္ဂလိပ်အစိုးရကတော့ Cheduba လို့ခေါ်တွင်ခဲ့ပြီး ရခိုင်အများစုကတော့ မေဃဝတီ၊ မိန်းမလှကျွန်းလို့ သိကြပါတယ်။ ခုတော့ ဒီမိန်းမလှကျွန်းလေးဟာ မိန်းမတွေသာလှရုံမက ထင်ပေါ်ကျော်ကြားတဲ့အနုပညာကြယ်ပွင့်များကို မွေးဖွားပေးနိုင်ခဲ့တာကြောင့် လှသထက်လှလို့ လာခဲ့ပါပြီ။

နိုင်ငံကျော် အနုပညာရှင် နေတိုးနဲ့မင်းသွေးတို့ ညီအစ်ကိုကြောင့် ဂုဏ်တက်ခဲ့တဲ့ဒီမြို့၊ ဒီကျွန်းလေးဟာ အခုအခါမှာတော့ မြန်မာIdol  သားငယ်ကြောင့် ပိုပြီးလူသိများလာခဲ့ရပါပြီ။ တကယ်တော့ဒီကျွန်းလေးဟာ ရုပ်ရှင်အနုပညာ၊ တေးဂီတဖက်တွင်သာမက စာပေဖက်တွင် နိုင်ငံသိစာပေပညာရှင်ကြီးများကို မွေးထုတ်ပေးခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ ဘာသာပြန်စာရေးဆရာကြီး၊ အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာမောင်ပေါ်ထွန်းနဲ့ ဆရာ မာန်အောင်ပီယတို့ဟာ ဒီကျွန်းကမွေးဖွားပေးလိုက်တဲ့ သားကောင်းရတနာများဖြစ်ကြပါတယ်။ နောက်ထပ်ထင်ပေါ်ကျော်ကြားလာမယ့် စာပေ၊ဂီတအနုပညာရှင်များလည်း တာစူနေကြလေရဲ့။

ဒီကျွန်းပေါ်မှာမွေးဖွားပြီး ထင်ပေါ်လာကြတဲ့အနုပညာရှင် တွေအားလုံးကို သုံးသပ်ကြည့်တဲ့အခါ အားလုံးရဲ့ ချစ်ပရိတ်သတ်တွေဟာ ရခိုင်လူမျိုးများသာမက  မြန်မာတစ်နိုင်ငံလုံးက ချစ်ခင်အားပေးကြတဲ့ အနုပညာရှင်တွေဖြစ်နေတာက ထူးခြားမှုတစ်ခုဖြစ်ပါတယ်။ ခုအချိန်မှာတော့ ဒီကျွန်းလေးကို နေတိုးမှသည်သားငယ်ဆီသို့ ဝတီမေဃ လှပဋ္ဌာနေ မာန်အောင်မြေလို့ပဲကင်ပွန်းတပ်လိုက်ချင်ပါတော့တယ်။

Zawgyi font : ေနတိုးမွသည္ သားငယ္ဆီသို႔ ဝတီ ေမဃ လွပ႒ာေန မာန္ေအာင္ေျမ

Myanmar Idol Winner ျဖစ္တဲ့ သားငယ္ တစ္ေယာက္ ေမြးရပ္ေျမမာန္ေအာင္ သို႔ ခရီးထြက္လာခဲ့သည့္သတင္းက လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔လာခဲ့တာေၾကာင့္ ယခင္ ဘဂၤလားပင္လယ္အတြင္း ၿငိမ္သက္စြာလဲေလ်ာင္းေနတဲ့ အလွနတ္မိမယ္ မာန္ေအာင္ကြၽန္းကေလးဟာ ျမန္ျပည္တြင္းက တိုင္းရင္းသားျပည္သူေတြၾကားမွာ ႂကြားဝင့္စြာနဲ႔ လူးလြန႔္ႏိုးထလာခဲ့ပါၿပီ။

အမွန္ေျပာရရင္ မာန္ေအာင္ဆိုတဲ့ ဒီကြၽန္းကေလးဟာ အင္မတန္လွပတဲ့ ေနရာတစ္ခုျဖစ္မွန္း လူအေတာ္မ်ားမ်ားမသိၾကပါဘူး။ ျဖဴလြလြသဲေသာင္ခုံနဲ႔ ျပာညိဳ႕ေနတဲ့ ပင္လယ္ေရျပင္အလွကို ေရာက္ဖူးသူတိုင္းအမွတ္ရေနၾကမွာပါ။ ရန္အေပါင္းကို ေအာင္ျမင္ခဲ့တာေၾကာင့္ မာန္ေအာင္လို႔ မွည့္ေခၚခဲ့တယ္လို႔ဆိုပါတယ္။ ဒီလိုလွပတဲ့ မာန္ေအာင္ကြၽန္းဟာ ဧရိယာစတုရန္းမိုင္ ၂၀၂.၈၉ မိုင္က်ယ္ဝန္းၿပီး ၂၀၀၇ ခုႏွစ္စာရင္းအရလူဦးေရ (၉၅၉၂၇)ဦး ရွိပါတယ္။

ဒီကြၽန္းေပၚမွာ ရပ္ကြက္(၅)ခုနဲ႔စုဖြဲ႕ထားတဲ့မာန္ေအာင္ၿမိဳ႕နဲ႔ ေက်း႐ြာေပါင္း (၁၃၈)႐ြာစုေပါင္းတည္ရွိေနပါတယ္။ အဂၤလိပ္အစိုးရကေတာ့ Cheduba လို႔ေခၚတြင္ခဲ့ၿပီး ရခိုင္အမ်ားစုကေတာ့ ေမဃဝတီ၊ မိန္းမလွကြၽန္းလို႔ သိၾကပါတယ္။ ခုေတာ့ ဒီမိန္းမလွကြၽန္းေလးဟာ မိန္းမေတြသာလွ႐ုံမက ထင္ေပၚေက်ာ္ၾကားတဲ့အႏုပညာၾကယ္ပြင့္မ်ားကို ေမြးဖြားေပးႏိုင္ခဲ့တာေၾကာင့္ လွသထက္လွလို႔ လာခဲ့ပါၿပီ။

ႏိုင္ငံေက်ာ္ အႏုပညာရွင္ ေနတိုးနဲ႔မင္းေသြးတို႔ ညီအစ္ကိုေၾကာင့္ ဂုဏ္တက္ခဲ့တဲ့ဒီၿမိဳ႕၊ ဒီကြၽန္းေလးဟာ အခုအခါမွာေတာ့ ျမန္မာIdol  သားငယ္ေၾကာင့္ ပိုၿပီးလူသိမ်ားလာခဲ့ရပါၿပီ။ တကယ္ေတာ့ဒီကြၽန္းေလးဟာ ႐ုပ္ရွင္အႏုပညာ၊ ေတးဂီတဖက္တြင္သာမက စာေပဖက္တြင္ ႏိုင္ငံသိစာေပပညာရွင္ႀကီးမ်ားကို ေမြးထုတ္ေပးခဲ့တဲ့ ေနရာလည္းျဖစ္ပါတယ္။ ဘာသာျပန္စာေရးဆရာႀကီး၊ အမ်ိဳးသားစာေပတစ္သက္တာဆုရွင္ ဆရာေမာင္ေပၚထြန္းနဲ႔ ဆရာ မာန္ေအာင္ပီယတို႔ဟာ ဒီကြၽန္းကေမြးဖြားေပးလိုက္တဲ့ သားေကာင္းရတနာမ်ားျဖစ္ၾကပါတယ္။ ေနာက္ထပ္ထင္ေပၚေက်ာ္ၾကားလာမယ့္ စာေပ၊ဂီတအႏုပညာရွင္မ်ားလည္း တာစူေနၾကေလရဲ႕။

ဒီကြၽန္းေပၚမွာေမြးဖြားၿပီး ထင္ေပၚလာၾကတဲ့အႏုပညာရွင္ ေတြအားလုံးကို သုံးသပ္ၾကည့္တဲ့အခါ အားလုံးရဲ႕ ခ်စ္ပရိတ္သတ္ေတြဟာ ရခိုင္လူမ်ိဳးမ်ားသာမက  ျမန္မာတစ္ႏိုင္ငံလုံးက ခ်စ္ခင္အားေပးၾကတဲ့ အႏုပညာရွင္ေတြျဖစ္ေနတာက ထူးျခားမႈတစ္ခုျဖစ္ပါတယ္။ ခုအခ်ိန္မွာေတာ့ ဒီကြၽန္းေလးကို ေနတိုးမွသည္သားငယ္ဆီသို႔ ဝတီေမဃ လွပ႒ာေန မာန္ေအာင္ေျမလို႔ပဲကင္ပြန္းတပ္လိုက္ခ်င္ပါေတာ့တယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: