Home Knowledge မြန်မာ ဘော်လုံးပွဲကရသော သင်ခန်းစာများ

မြန်မာ ဘော်လုံးပွဲကရသော သင်ခန်းစာများ

0
မြန်မာ ဘော်လုံးပွဲကရသော သင်ခန်းစာများ

မြန်မာရတယ် ၊မြန်မာယူလာတယ်…၊ ဂိုးရှေ့ကို ဖြတ်ပေးလိုက်တယ်….ပင်နင်လ်တီဧရိယာ အစကိုရောက်လာပြီ…. ……ကန်လိုက်ပြီ…ကန်ချက်က အနည်းငယ်လွဲသွားတယ်ခင်ဗျာ…။

မနေ့ညနေ(၆)နာရီက အစပြုခဲ့တဲ့ မြန်မာနဲ့ အိန္ဒိယတို့ရဲ့ အာရှဖလားခြေစစ်ပွဲ ကြေငြာ တင်ဆက်သူထံက ထွက်လာတဲ့အသံပါ။ မနေ့က ဆိုရင် ဒီအသံမျိုး ဆယ်မိနစ် ဆယ့်ငါးမိနစ် တစ်ကြိမ်မက ခဏခဏကို ကြားနေရတဲ့အသံပါ။ ဟုတ်ပါတယ်။ မနေ့ကဆိုရင် မြန်မာအသင်းက တစ်ချိန်လုံး တိုက်စစ်ဆင်ပြီး ဂိုးရဖို့ ကြိုးစားနေခဲ့ပြီး အိန္ဒိယအသင်းကတော့ အိမ်ရှင်ပရိတ်သတ်ရှေ့မှာ တစ်ချက်တစ်ချက်သာ ထိုးဖောက်ကစားပြီးဂိုးရဖို့ကြိုးစားနိုင်ခဲ့တာ ကြည့်မိလိုက်တဲ့ ဘော်လုံး ပရိတ်သတ်တိုင်းသိကြပါတယ်။

ကျွန်တော်က ဘော်လုံးပွဲဆိုတာနဲ့ ထမင်းမေ့ဟင်းမေ့ အားပေးနေကျပါ။ မြန်မာဘော်လုံးပွဲတစ်ပွဲကြည့်ပြီးတိုင်း အသက်ရှုမဝတာ၊ နှလုံးခုန်မြန်ပြီး စိတ်တိုစိတ်ဆတ်တာ၊ ဒေါသထွက်တာ၊ အော်ငေါက်တာတွေ ပိုများလာတာပဲ အဖတ်တင်ပါတယ်။ပရိတ်သတ်တွေလည်း ဒီအတိုင်းပဲဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

ပွဲခင်းထဲက တစ်ချို့ပရိတ်သတ်တွေဆို  စိတ်မထိန်းနိုင်လို့ မြန်မာဘော်လုံးအဖွဲ့ချုပ်လည်း ဒဏ်ရိုက်ခံထိခဲ့တာတောင် ကြားဖူးပါရဲ့။ ဘော်လုံးပွဲကြိုက်တဲ့ ကျွန်တော်လည်း မနေ့ကဘော်လုံးပွဲကိုကြည့်ရင်း ဒေါသတွေ၊ အလိုမကျမှုတွေ၊ အားမလိုအားမရဖြစ်တာတွေကနေ ဘဝသင်ခန်းစာတွေ ရလိုက်ပါတယ်။

တကယ်တော့ ဘော်လုံးပွဲတစ်ပွဲဟာ ကျွန်တော်တို့ရဲ့ ဘဝတစ်ခုလိုပါပဲ။ အချိန် အကန့်အသတ်နဲ့ ပြိုင်ဆိုင်ရတယ်။ စွမ်းအားတွေသုံးရတယ်။ စွမ်းရည်တွေသုံးရတယ်။ ဉာဏ်ရည်တွေသုံးရတယ်။ အပူးအပေါင်း အချိတ်အဆက်တွေနဲ့ စုပေါင်းလုပ်ဆောင်ရတယ်။ တိကျတဲ့ပန်းတိုင်တစ်ခုကို ထိအောင်ဝိုင်းလုပ်နိုင်ပါမှ အောင်ပွဲရတဲ့ ပြိုင်ပွဲမျိုးဖြစ်တယ်။ မြန်မာဘော်လုံးအသင်းဟာ မနေ့က အတော့်ကိုကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကန်ချက်ကအနည်းငယ်လွဲသွားတာတို့ အပေးအယူများသွားတာတို့၊ နည်းသွားတာတို့က ကြိုးစားခဲ့တာတွေအားလုံးကို သဲထဲရေသွန်ဖြစ်သွားစေတာပါပဲ။

အချုပ်ကိုပြောရရင်တော့ နောက်ဆုံးအချိန်စက္ကန့်ပိုင်းထိ အဆုံးသတ်၊အပြီးသတ်ဟာ အတော့်ကို အရေးကြီးပါတယ်။ ရလာတဲ့အခွင့်အရေးဆိုတဲ့ အခိုက်အတန့် ကာလလေးတစ်ခုကို အကျိုးရှိရှိ အသုံးချနိုင်တဲ့ အခွင့်အရေးကလည်း နှစ်ဘက်အသင်းအတွက်ရှိနေတာပါပဲ။ ကျွန်တော်တို့ဘဝမှလည်း အခွင့်အရေးပေးတဲ့ ခဏမှာ ဒီအခွင့်အရေးကို မခိုမကပ် အကျိုးရှိရှိအသုံးချနိုင်ဖို့က အင်မတန်အရေးကြီးပါတယ်။

အကျိုးရလဒ်ကို အာရုံစိုက်ပြီး ဘယ်လောက်ပင် ကြိုးစားပေမယ့် ကျွမ်းကျင်မှုနဲ့ ဉာဏ်ရည်ထပ်ပေါင်းပါမှ ဂိုးဆိုတဲ့ပန်းတိုင်ကို အရယူနိုင်မှာပါ။ ပရိတ်သတ်ကြီးက မြန်မာနိုင်မယ်ဆိုတဲ့ စိတ်နဲ့ ယုံကြည်စိတ်ချစွာအားပေးချင်လှပါပြီ။ မြန်မာဘော်လုံးအသင်းဟာ ဂရပ်တစ်ခုနဲ့နှိုင်းယှဉ်ပြောရရင် အတက်အကျကြမ်းတဲ့ သဘောမှာရှိပါတယ်။

အထူးသဖြင့်နိုင်နေရင်းနဲ့ ဖျတ်ကနဲ ပြန်ရှုံးသွားတတ်ပါတယ်။ အားကစားမြှင့်တင်ခြင်းဟာ တိုင်းပြည်ရဲ့ဂုဏ်ကိုမြှင့်တင်ခြင်းလို့ဆိုတဲ့ အတွက် လောလောဆယ် ကမ္ဘာမလွှမ်းရင်နေပါစေ၊ အာရှမှာ နိုင်ငံဂုဏ်ကိုဆောင်နိုင်မယ့် တည်ငြိမ်ပြီး အများလေးစားအထင်ကြီးတဲ့ အသင်းတစ်ခုဖြစ်ရင်ပဲကျေနပ်ပါတယ်။

ဘယ်လိုပင် မြန်မာအသင်းရှုးံခဲ့ပေမယ့် သူပေးသွားခဲ့တဲ့ ဘဝသင်ခန်းစာတွေကတော့ များလှပါတယ်။ မြန်မာဘော်လုံးအသင်းအမြန်ဆုံးတိုးတက်ပါစေဟု ဆုတောင်းလျက်။

Zawgyi font : ျမန္မာ ေဘာ္လုံးပြဲကရေသာ သင္ခန္းစာမ်ား

ျမန္မာရတယ္ ၊ျမန္မာယူလာတယ္…၊ ဂိုးေရွ႕ကို ျဖတ္ေပးလိုက္တယ္….ပင္နင္လ္တီဧရိယာ အစကိုေရာက္လာၿပီ…. ……ကန္လိုက္ၿပီ…ကန္ခ်က္က အနည္းငယ္လြဲသြားတယ္ခင္ဗ်ာ…။

မေန႔ညေန(၆)နာရီက အစျပဳခဲ့တဲ့ ျမန္မာနဲ႔ အိႏၵိယတို႔ရဲ႕ အာရွဖလားေျခစစ္ပြဲ ေၾကျငာ တင္ဆက္သူထံက ထြက္လာတဲ့အသံပါ။ မေန႔က ဆိုရင္ ဒီအသံမ်ိဳး ဆယ္မိနစ္ ဆယ့္ငါးမိနစ္ တစ္ႀကိမ္မက ခဏခဏကို ၾကားေနရတဲ့အသံပါ။ ဟုတ္ပါတယ္။ မေန႔ကဆိုရင္ ျမန္မာအသင္းက တစ္ခ်ိန္လုံး တိုက္စစ္ဆင္ၿပီး ဂိုးရဖို႔ ႀကိဳးစားေနခဲ့ၿပီး အိႏၵိယအသင္းကေတာ့ အိမ္ရွင္ပရိတ္သတ္ေရွ႕မွာ တစ္ခ်က္တစ္ခ်က္သာ ထိုးေဖာက္ကစားၿပီးဂိုးရဖို႔ႀကိဳးစားႏိုင္ခဲ့တာ ၾကည့္မိလိုက္တဲ့ ေဘာ္လုံး ပရိတ္သတ္တိုင္းသိၾကပါတယ္။

ကြၽန္ေတာ္က ေဘာ္လုံးပြဲဆိုတာနဲ႔ ထမင္းေမ့ဟင္းေမ့ အားေပးေနက်ပါ။ ျမန္မာေဘာ္လုံးပြဲတစ္ပြဲၾကည့္ၿပီးတိုင္း အသက္ရႈမဝတာ၊ ႏွလုံးခုန္ျမန္ၿပီး စိတ္တိုစိတ္ဆတ္တာ၊ ေဒါသထြက္တာ၊ ေအာ္ေငါက္တာေတြ ပိုမ်ားလာတာပဲ အဖတ္တင္ပါတယ္။ပရိတ္သတ္ေတြလည္း ဒီအတိုင္းပဲျဖစ္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ပြဲခင္းထဲက တစ္ခ်ိဳ႕ပရိတ္သတ္ေတြဆို  စိတ္မထိန္းႏိုင္လို႔ ျမန္မာေဘာ္လုံးအဖြဲ႕ခ်ဳပ္လည္း ဒဏ္႐ိုက္ခံထိခဲ့တာေတာင္ ၾကားဖူးပါရဲ႕။ ေဘာ္လုံးပြဲႀကိဳက္တဲ့ ကြၽန္ေတာ္လည္း မေန႔ကေဘာ္လုံးပြဲကိုၾကည့္ရင္း ေဒါသေတြ၊ အလိုမက်မႈေတြ၊ အားမလိုအားမရျဖစ္တာေတြကေန ဘဝသင္ခန္းစာေတြ ရလိုက္ပါတယ္။

တကယ္ေတာ့ ေဘာ္လုံးပြဲတစ္ပြဲဟာ ကြၽန္ေတာ္တို႔ရဲ႕ ဘဝတစ္ခုလိုပါပဲ။ အခ်ိန္ အကန႔္အသတ္နဲ႔ ၿပိဳင္ဆိုင္ရတယ္။ စြမ္းအားေတြသုံးရတယ္။ စြမ္းရည္ေတြသုံးရတယ္။ ဉာဏ္ရည္ေတြသုံးရတယ္။ အပူးအေပါင္း အခ်ိတ္အဆက္ေတြနဲ႔ စုေပါင္းလုပ္ေဆာင္ရတယ္။ တိက်တဲ့ပန္းတိုင္တစ္ခုကို ထိေအာင္ဝိုင္းလုပ္ႏိုင္ပါမွ ေအာင္ပြဲရတဲ့ ၿပိဳင္ပြဲမ်ိဳးျဖစ္တယ္။ ျမန္မာေဘာ္လုံးအသင္းဟာ မေန႔က အေတာ့္ကိုႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ ကန္ခ်က္ကအနည္းငယ္လြဲသြားတာတို႔ အေပးအယူမ်ားသြားတာတို႔၊ နည္းသြားတာတို႔က ႀကိဳးစားခဲ့တာေတြအားလုံးကို သဲထဲေရသြန္ျဖစ္သြားေစတာပါပဲ။

အခ်ဳပ္ကိုေျပာရရင္ေတာ့ ေနာက္ဆုံးအခ်ိန္စကၠန႔္ပိုင္းထိ အဆုံးသတ္၊အၿပီးသတ္ဟာ အေတာ့္ကို အေရးႀကီးပါတယ္။ ရလာတဲ့အခြင့္အေရးဆိုတဲ့ အခိုက္အတန႔္ ကာလေလးတစ္ခုကို အက်ိဳးရွိရွိ အသုံးခ်ႏိုင္တဲ့ အခြင့္အေရးကလည္း ႏွစ္ဘက္အသင္းအတြက္ရွိေနတာပါပဲ။ ကြၽန္ေတာ္တို႔ဘဝမွလည္း အခြင့္အေရးေပးတဲ့ ခဏမွာ ဒီအခြင့္အေရးကို မခိုမကပ္ အက်ိဳးရွိရွိအသုံးခ်ႏိုင္ဖို႔က အင္မတန္အေရးႀကီးပါတယ္။

အက်ိဳးရလဒ္ကို အာ႐ုံစိုက္ၿပီး ဘယ္ေလာက္ပင္ ႀကိဳးစားေပမယ့္ ကြၽမ္းက်င္မႈနဲ႔ ဉာဏ္ရည္ထပ္ေပါင္းပါမွ ဂိုးဆိုတဲ့ပန္းတိုင္ကို အရယူႏိုင္မွာပါ။ ပရိတ္သတ္ႀကီးက ျမန္မာႏိုင္မယ္ဆိုတဲ့ စိတ္နဲ႔ ယုံၾကည္စိတ္ခ်စြာအားေပးခ်င္လွပါၿပီ။ ျမန္မာေဘာ္လုံးအသင္းဟာ ဂရပ္တစ္ခုနဲ႔ႏႈိင္းယွဥ္ေျပာရရင္ အတက္အက်ၾကမ္းတဲ့ သေဘာမွာရွိပါတယ္။

အထူးသျဖင့္ႏိုင္ေနရင္းနဲ႔ ဖ်တ္ကနဲ ျပန္ရႈံးသြားတတ္ပါတယ္။ အားကစားျမႇင့္တင္ျခင္းဟာ တိုင္းျပည္ရဲ႕ဂုဏ္ကိုျမႇင့္တင္ျခင္းလို႔ဆိုတဲ့ အတြက္ ေလာေလာဆယ္ ကမာၻမလႊမ္းရင္ေနပါေစ၊ အာရွမွာ ႏိုင္ငံဂုဏ္ကိုေဆာင္ႏိုင္မယ့္ တည္ၿငိမ္ၿပီး အမ်ားေလးစားအထင္ႀကီးတဲ့ အသင္းတစ္ခုျဖစ္ရင္ပဲေက်နပ္ပါတယ္။

ဘယ္လိုပင္ ျမန္မာအသင္းရႈးံခဲ့ေပမယ့္ သူေပးသြားခဲ့တဲ့ ဘဝသင္ခန္းစာေတြကေတာ့ မ်ားလွပါတယ္။ ျမန္မာေဘာ္လုံးအသင္းအျမန္ဆုံးတိုးတက္ပါေစဟု ဆုေတာင္းလ်က္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: