Home News မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသအချို့ နှစ် ၅၀ အတွင်း ရေအောက်နှစ်မြုပ်နိုင်

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသအချို့ နှစ် ၅၀ အတွင်း ရေအောက်နှစ်မြုပ်နိုင်

0
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသအချို့ နှစ် ၅၀ အတွင်း ရေအောက်နှစ်မြုပ်နိုင်

မတ်လ ၂၁ ရက်နေ့၌ ထုတ်ပြန်သည့် မြန်မာနိုင်ငံ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှု အစီရင်ခံစာအရ လာမည့် နှစ် ၅၀ အတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသအချို့ ရေအောက်သို့ နစ်မြုပ်နိုင်ဟု သိရှိရသည်။ ထို့အပြင် မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှု၊ ရာသီဥတု ဖောက်ပြန်မှု အမြန်ဆုံးနိုင်ငံစာရင်းအဖြစ် ၂၀၁၆ ခုနှစ်တွင် စာရင်းဝင်ခဲ့သည်။

လာမည့် ၂၀၂၀ ခုနှစ်နဲ့ ၂၀၅၀ ခုနှစ်အတွင် မြန်မာနိုင်ငံအတွင်း၌ အပူချိန်ပိုမိုမြင့်မားလာနိုင်ပြီး၊ မိုးရေချိန် နှင့် ပင်လယ်ရေ မျက်နှာပြင်တို့ မြင့်တက်လာနိုင်ကြောင်း အစီရင်ခံစာ၌ တင်ပြခဲ့သည်။ ထို့ကြောင့် ဆိုင်ကလုန်းမုန်တိုင်းများအပြင် မုတ်သုံရာသီဥတုများပါ ပြောင်းလဲလာနိုင်ကြောင်း သိရှိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှူးဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက အပူချိန်မြင့်တက်လာမှုကြောင့် ရေခဲတောင်များ အရည်ပျော်လာပြီး ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာမှုတို့ ကြောင့် အခြေအနေတွေကို ကြိုတင်တွက်ဆထားတယ်လို့ ဆိုပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ရေမျက်နှာပြင်ဟာလည်း ၄၀ စင်တီမီတာ အထိမြင့်တက်လာနိုင်ကြောင်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ရှိ မြေနိမ့်ပိုင်းဒေသများသည် ကုန်းတွင်း ၁၀ ကီလိုမီတာ အထိ ရေအောက်နစ်မြုပ်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Zawgyi font : ျမန္မာႏုိင္ငံ ျမစ္၀ကြ်န္းေပၚေဒသအခ်ိဳ႕ ႏွစ္ ၅၀ အတြင္း ေရေအာက္ႏွစ္ျမဳပ္ႏိုင္

မတ္လ ၂၁ ရက္ေန႕၌ ထုတ္ျပန္သည့္ ျမန္မာႏုိင္ငံ ရာသီဥတုဆိုင္ရာ ေဘးျဖစ္ႏုိင္မႈ အစီရင္ခံစာအရ လာမည့္ ႏွစ္ ၅၀ အတြင္း ျမန္မာႏုိင္ငံ ျမစ္၀ကြ်န္းေပၚေဒသအခ်ိဳ႕ ေရေအာက္သို႕ နစ္ျမဳပ္ႏုိင္ဟု သိရွိရသည္။ ထို႕အျပင္ ျမန္မာႏုိင္ငံသည္ သစ္ေတာျပဳန္းတီးမႈ၊ ရာသီဥတု ေဖာက္ျပန္မႈ အျမန္ဆံုးႏုိင္ငံစာရင္းအျဖစ္ ၂၀၁၆ ခုႏွစ္တြင္ စာရင္း၀င္ခဲ့သည္။

လာမည့္ ၂၀၂၀ ခုႏွစ္နဲ႕ ၂၀၅၀ ခုႏွစ္အတြင္ ျမန္မာႏုိင္ငံအတြင္း၌ အပူခ်ိန္ပိုမုိျမင့္မားလာႏုိင္ျပီး၊ မိုးေရခ်ိန္ ႏွင့္ ပင္လယ္ေရ မ်က္ႏွာျပင္တုိ႕ ျမင့္တက္လာႏုိင္ေၾကာင္း အစီရင္ခံစာ၌ တင္ျပခဲ့သည္။ ထို႕ေၾကာင့္ ဆုိင္ကလုန္းမုန္တိုင္းမ်ားအျပင္ မုတ္သံုရာသီဥတုမ်ားပါ ေျပာင္းလဲလာႏုိင္ေၾကာင္း သိရွိရသည္။

မိုးေလ၀သႏွင့္ ဇလေဗဒ ညႊန္ၾကားမွဴးဦးစီးဌာန မွ ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္မိုးဦးက အပူခ်ိန္ျမင့္တက္လာမႈေၾကာင့္ ေရခဲေတာင္မ်ား အရည္ေပ်ာ္လာျပီး ကမၻာ႕ပင္လယ္ေရ မ်က္ႏွာျပင္ျမင့္တက္လာမႈတို႕ ေၾကာင့္ အေျခအေနေတြကို ၾကိဳတင္တြက္ဆထားတယ္လို႕ ဆိုပါတယ္။

ျမန္မာ့ကမ္းရိုးတန္းတစ္ေလွ်ာက္ ေရမ်က္ႏွာျပင္ဟာလည္း ၄၀ စင္တီမီတာ အထိျမင့္တက္လာႏုိင္ေၾကာင္း၊ ဧရာ၀တီ ျမစ္၀ကြ်န္းေပၚေဒသ ရွိ ေျမနိမ့္ပိုင္းေဒသမ်ားသည္ ကုန္းတြင္း ၁၀ ကီလိုမီတာ အထိ ေရေအာက္နစ္ျမဳပ္ႏုိင္ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: