Home News Xiaomi Mi6 ဧပြီလ ၁၁ ရက်နေ့ မိတ်ဆက်ပြသမည်

Xiaomi Mi6 ဧပြီလ ၁၁ ရက်နေ့ မိတ်ဆက်ပြသမည်

0
Xiaomi Mi6 ဧပြီလ ၁၁ ရက်နေ့ မိတ်ဆက်ပြသမည်

Xiaomi ရဲ့ Mi6 စမတ်ဖုန်း ထွက်မယ့်အချိန်ကို မျှော်လင့်စောင့်စားနေသူများအတွက် သတင်းကောင်း တစ်ပုဒ်ဘဲ ဖြစ်ပါတယ်။ Xiaomi Mi6 ကို ဧပြီလ ၁၁ ရက်နေ့မှ စတင်မိတ်ဆက်မှာ ဖြစ်ပြီး mi6 ရဲ့ ပုံရိပ်တွေကတော့ Weibo နဲ့ Techiestate မှာ ထွက်ပေါ်နေပါပြီ။

Xiaomi Mi6 ဟာ dual camera တပ်ဆင်ထားမှာ ဖြစ်ပြီး ကင်မရာ Sensor အဖြစ် Sony IMX 400 ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။ မျက်နှာပြင်ကိုတော့ curved display အဖြစ်တပ်ဆင်ပေးထားမှာ ဖြစ်တဲ့အတွက် မှန်သားဟာ အနည်းငယ်ခုံးနေပါလိမ့်မယ်။ ပေါက်ကြားထားတဲ့ သတင်းများအရတော့ Xiaomi Mi6 ကို ဗားရှင်း နှစ်မျိုး အဖြစ် ထုတ်မယ်လို့ သိရပါတယ်။

RAM 6GB, Storage 256GB နဲ့ RAM 4GB, Storage 64GB ဆိုပြီး နှစ်မျိုးထုတ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Mi 6 ကို အမျိုးအစား ၃ မျိုး ခွဲပြီး ဝယ်ယူနိုင်အုံးမှာ ဖြစ်ပါတယ်။ Top-end, mid-end နဲ့ low-end ဆိုပြီး ၃ မျိုး ထွက်မှာ ဖြစ်ပြီး CPU အမျိုးအစားထည့်သွင်းမှု ကွာသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ မြန်မာငွေ ၄သိန်းခွဲ ဝန်းကျင်လောက်တော့ အနည်းဆုံးပါဘဲ။ Top-end အမျိုးအစားဆိုရင်တော့ မြန်မာငွေနဲ့တွက်ရင် ၇သိန်းဝန်းကျင်အထိ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် အတိအကျကိုတော့ ဧပြီ ၁၁ ရက်နေ့မှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Zawgyi Font : Xiaomi Mi6 ဧပြီလ ၁၁ ရက်နေ့ မိတ်ဆက်ပြသမည်




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: