Home Lifestyle Health မိန်းကလေးတွေ ရင်သားတင်းရင်းအောင် ဘယ်လိုလုပ်မလဲ

မိန်းကလေးတွေ ရင်သားတင်းရင်းအောင် ဘယ်လိုလုပ်မလဲ

0
မိန်းကလေးတွေ ရင်သားတင်းရင်းအောင် ဘယ်လိုလုပ်မလဲ

ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ ကျွန်မတို့ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါလိမ့်မယ်။ မိန်းကလေးတိုင်းရဲ့ အလှတရားကို ထင်ရှားပေါ်လွင်စေပြီး ဆွဲဆောင်မှုရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါပဲ။ သူငယ်ချင်းရဲ့ ကောက်ကြောင်းလေး အထင်းသားပေါ်လွင်စေဖို့ ရင်သားကလည်းပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို စိတ်ပူနေပါသလား သူငယ်ချင်း?

အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက်တစ်သျူးတွေနဲ့ ဖွဲ့စည်းထားတဲ့ စာဖတ်သူ သူငယ်ချင်းရဲ့ ရင်သားတွေဟာ တစ်သျူးတွေ လျော့ရဲလာတဲ့အခါ၊ တစ်သျူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်းလာတဲ့ အခါမျိုးတွေမှာ တွဲကျလာတတ်ပါတယ်။ မိန်းကလေးအများစုက ရင်သားတွဲကျလာတာကို မလိုလားကြသလို သူငယ်ချင်းရဲ့ boyfriend or partner ကလည်း နှစ်သက်မှာမဟုတ်ပါဘူး။

breast-tips

ရင်သားတွဲကျလာတာကို နို့သီးခေါင်းရဲ့ အနေအထား အပေါ်မူတည်ပြီး ခွဲခြားနိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန်အနေအထားထက်အနည်းငယ် နိမ့်ကျနေပါက ရင်သားတွဲကျတာက သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန်အနေအထားထက် အလွန်အမင်း နိမ့်ကျနေပြီး အောက်ဘက်ကို စိုက်နေရင်နေတော့ ရင်သားတွဲကျတာ တော်တော်ဆိုးနေပါပြီ။

ရင်သားတွဲကျစေသောအကြောင်းရင်းများ

၁။ကိုယ်အလေးချိန်ကျဆင်းခြင်း

ကိုယ်အလေးချိန် ကျဆင်းတာက ရင်သားတွဲကျတာကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန်တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်းဖြစ်စေပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန်လျော့သွားတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးက အရေပြားတွေ လျော့တွဲလာသလို သင့်ရင်သားတွေလည်း လျော့တွဲလာစေပါတယ်။

weight-loss

၂။ ကမ္ဘာမြေကြီးရဲ့ ဆွဲအား

ကမ္ဘာမြေကြီးဆွဲအားက သူငယ်ချင်းရဲ့ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြလိုက်ပါနဲ့။ ဒါက အမှန်တကယ်ပါပဲ။ ကမ္ဘာမြေကြီးရဲ့ဆွဲအားက အရာအားလုံးကို ဆွဲထားသလို သူငယ်ချင်းရဲ့ရင်သားကိုလည်း ဆွဲထားတာကြောင့် တွဲကျစေပါတယ်။ ရင်သားတစ်သျူးတွေကို လျော့တွဲစေသလို ရင်သားပေါ်မှာ အရေးကြောင်းတွေကိုပါ ဖြစ်ပေါ်စေပါတယ်။

gravityapple
၃။ မီးယပ်သွေးဆုံးခြင်း

အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင်လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်းသွားပါတယ်။ အဲဒီချိန်မှာ ရင်သားကို တင်းရင်းပြည့်ဖြိုးစေတဲ့ ကော်လဂျင်တွေ လျော့နည်းသွားပြီး သူငယ်ချင်းရဲ့ ရင်သားကို လျော့တွဲလာစေပါတယ်။

၄။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း

အမျိုးသမီးတွေအတွက် အရေးကြီးဆုံးက ဘရာစီရာကို ရင်သားပုံစံအလိုက် သင့်တော်တဲ့ ပုံစံအနေအထားဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာကြောင့် ရင်သားကို လျော့တွဲကျစေလို့ပါ။

ဘယ်လိုကာကွယ်မလဲ

၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း

ရင်သားပိုမိုပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်းရှိစေဖို့ ရင်သားအစားထိုးခြင်းနဲ့ ခွဲစိတ်ပြုပြင်ခြင်းတွေ လုပ်လို့ရပါတယ်။ ရင်သားတွဲကျနေသူ တစ်ယောက်အနေနဲ့ ရင်သားအစားထိုးခြင်းနဲ့ ရင်သားခွဲစိတ်ခြင်းတာတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားတွေကို အပြည့်အ၀ မပြုပြင်ပေးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သားပြည့်တင်းလာပေမဲ့ နို့သီးခေါင်းကတော့ အောက် ငိုက်စိုက် နေနိုင်ပါတယ်။

၂။ အရွယ်အစားနဲ့ကိုက်ညီသော ဘရာစီယာကို ဝတ်ဆင်ပါ

ရင်သားအရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာ အရွယ်အစားကို ရွေးချယ်ဝယ်ယူကာ ဝတ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးတဲ့ အချိန်တွေက ရင်သားတွဲကျနိုင်တာကြောင့် သင့်တော်တဲ့ ဘရာစီရာဝတ်ကို ဝတ်ဆင်ဖို့က ပိုမိုအရေးကြီးပါတယ်။

၃။ သဘာဝက ရတဲ့ဆေး

ဒါတွေကို အသုံးပြုတာဟာ အန္တရာယ်အကင်းဆုံး၊ ငွေကြေးကုန်ကျအသက်သာဆုံးနဲ့ ခွဲစိတ်စရာမလိုတဲ့ နည်းလမ်းတစ်ခုပါ။ သဘာဝက ရတဲ့အရာတွေနဲ့ ပြုလုပ်ထားတဲ့ လိမ်းဆေး ဖျန်းဆေးတွေအသုံးပြုပြီး ရင်သားအလှကို ပြုပြင်တာက အသင့်တော်ဆုံးနည်းလမ်းဖြစ်ပါတယ်။

၄။ နှိပ်နယ်ပေးခြင်း

ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုးတစ်စုံတစ်ရာမပေးဘဲ သင့်ရင်သားတွဲကျတာကို ကာကွယ်ပေးနိုင်ပါတယ်။ နှိပ်နယ်ပေးတဲ့အခါ ရင်သားအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေးတွေကို အသုံးပြုပြီးနှိပ်နယ်ပေးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: