Home News ကမ္ဘာ့အဆင့် သတ်မှတ်ချက် တက္ကသိုလ်များစာရင်းတွင် မြန်မာနိုင်ငံမှ တက္ကသိုလ်များ မပါဝင်

ကမ္ဘာ့အဆင့် သတ်မှတ်ချက် တက္ကသိုလ်များစာရင်းတွင် မြန်မာနိုင်ငံမှ တက္ကသိုလ်များ မပါဝင်

0
ကမ္ဘာ့အဆင့် သတ်မှတ်ချက် တက္ကသိုလ်များစာရင်းတွင် မြန်မာနိုင်ငံမှ တက္ကသိုလ်များ မပါဝင်

ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက် စာရင်းတွင် အာရှတိုက်၏ ပထမနေရာကို စင်ကာပူအမျိုးသားတက္ကသိုလ်မှ ရရှိသွားကြောင်းသိရှိရသည်။ ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်စာရင်းတွေ ဥရောပနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ် များက ဦးဆောင်လျက်ရှိပြီး ယခုနှစ်တွင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်စာရင်း ၉၈၀ တွင် အာရှမှ တက္ကသိုလ် ၂၈၉ ခုပါဝင်လာသည်။

အာဆီယံနိုင်ငံများထဲတွင် ထိုင်းနိုင်ငံတက္ကသိုလ်များမှ ဦးဆောင်လျက်ရှိပြီး အာရှ၏ ထိပ်ဆုံးတက္ကသိုလ် အဖြစ် ၁၀ ခု စာရင်းတွင် ပါဝင်ခဲ့သည်။ ထို့အပြင် ဖိလစ်ပိုင်တက္ကသိုလ် ၁ ခုလဲ စာရင်းဖော်ပြချက်တွေ ပါဝင်ခဲ့သည်။ လက်ရှိတွင် အာရှတိုက်၌ အကောင်းဆုံးထိပ်တန်း တက္ကသိုလ်စာရင်းတွင် စင်ကာပူ အမျိုးသား တက္ကသိုလ်နှင့် ပီကင်းတက္ကသိုလ်က ဦးဆောင်လျက်ရှိသည်။

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဘရူနိုင်းနိုင်ငံ တို့ရှိ တက္ကသိုလ်များအား အဆင့်မှီတက္ကသိုလ်အဖြစ် စာရင်း ထည့်သွင်းထားခြင်း မရှိဘဲ အနာဂတ် ပညာရေးအတွက် ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ တို့အား အလားအလာရှိသည်ဟု ဖော်ပြထားသည်။

Zawgyi Font : ကမ္ဘာ့အဆင့် သတ်မှတ်ချက် တက္ကသိုလ်များစာရင်းတွင် မြန်မာနိုင်ငံမှ တက္ကသိုလ်များ မပါဝင်




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: