Home News မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်ပြီဟုဆို

မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်ပြီဟုဆို

0
မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်ပြီဟုဆို

မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ( NCA) ကို လက်မှတ်ထိုးရန်  အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း မွန်ပြည်သစ် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဝင်းလှက ပြောခဲ့သည်။

NCAမှာ လက်မှတ်ထိုးဖိုး အဆင်သင့်ဖြစ်နေပါပြီ။ UNFC ရဲ့ အဆိုပြုချက်ကိုးချက်အပေါ် အစိုးရ ဘက်ကလည်း မူအားဖြင့်လက်ခံလိုက် ပြီဖြစ်ပါတယ်။ ဒါကို အသေးစိတ်ဆက် ဆွေးနွေးပြီးရင် အဆင်ပြေသွားရင်  NCA မှာ လက်မှတ်ထိုးတော့မယ်ဟု ဦးနိုင်ဝင်းလှကပြောခဲ့သည်။

NCA လက်မှတ်ရေးထိုးမည့်ကိစ္စနဲ့ပတ်သတ်၍ ရှင်းလင်းချက်များအား မော်လမြိုင်မြို့ နိုင်ရွှေကျင်စာကြည့်တိုက်၌ ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာသူများက မွန်ပြည်သစ်ပါတီအား အကြံပြုချက် ၄ ချက်အား စုစည်းပေးအပ်ထား ကြောင်း သိရှိရသည်။

အကြံပြုချက်လေးချက် မှာ (၁) မွန်ပြည်သစ်ပါတီအနေဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ပါဝင် ဖို့ရာ လက်တွေ့မကျဟုသုံးသပ်သည်။ (၂) NCAတွင် လက်မှတ်ရေးထိုးသည့် လမ်းကြောင်းအတိုင်းUNFC အဆို ပြုမှုအပေါ် ရပ်တည်ပြီးဆက်လက် ညှိနှိုင်းသွားရေးသည်သာ သင့်လျော် သောလုပ်ငန်းစဉ်ဖြစ်ဟု သုံးသပ်သည်။ (၃) UNFC အဖွဲ့ဝင် အဖွဲ့အစည်း အချို့ NCA လက်မှတ်ရေးထိုးရန်အ ဆင်သင့်မဖြစ်သည်ကို တွေ့ရှိနေရ သော်လည်း အဆင်သင့်ဖြစ်နေသော အဖွဲ့များက ပါဝင်လက်မှတ်ရေးထိုး၍ ကျန်အဖွဲ့ဝင်များ လက်မှတ်ရေးထိုး နိုင်ရေးဝိုင်းဝန်းပြင်ဆင်ပေးရန်။ (၄) လာမည့် ဒုတိယအကြိမ်ကျင်းပမည့် (၂၁)ရာစုပင်လုံသို့ UNFC အဖွဲ့ဝင် အဖွဲ့အစည်းအားလုံး ပါဝင်တက်ရောက် ကြပါရန် အကြံပြုချက်တို့ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် မကြာမှီကာလတွင် မွန်ပြည်သစ်ပါတီမှ NCA လက်မှတ်ရေးထိုးမည် ဖြစ်ပြီး မည်သည့်အချိန်တွင် ရေးထိုးမည်ဖြစ်ကြောင်းကိုတော့ မထုတ်ပြန်ခဲ့ပေ။

Zawgyi font : မြန္ျပည္သစ္ပါတီ NCA လက္မွတ္ေရးထိုးရန္ အဆင္သင့္ျဖစ္ျပီဟုဆို

မြန္ျပည္သစ္ပါတီအေနျဖင့္ တစ္ႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ ( NCA) ကို လက္မွတ္ထိုးရန္  အဆင္သင့္ျဖစ္ေနျပီ ျဖစ္ေၾကာင္း မြန္ျပည္သစ္ ပါတီ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီ၀င္ ႏိုင္၀င္းလွက ေျပာခဲ့သည္။

NCAမွာ လက္မွတ္ထိုးဖိုး အဆင္သင့္ျဖစ္ေနပါျပီ။ UNFC ရဲ႕ အဆိုျပဳခ်က္ကိုးခ်က္အေပၚ အစိုးရ ဘက္ကလည္း မူအားျဖင့္လက္ခံလိုက္ ၿပီျဖစ္ပါတယ္။ ဒါကို အေသးစိတ္ဆက္ ေဆြးေႏြးၿပီးရင္ အဆင္ေျပသြားရင္  NCA မွာ လက္မွတ္ထိုးေတာ့မယ္ဟု ဦးႏိုင္ဝင္းလွကေျပာခဲ့သည္။

NCA လက္မွတ္ေရးထိုးမည့္ကိစၥနဲ႕ပတ္သတ္၍ ရွင္းလင္းခ်က္မ်ားအား ေမာ္လျမိဳင္ျမိဳ႕ ႏိုင္ေရႊက်င္စာၾကည့္တိုက္၌ ေဆြးေႏြးခဲ့ျပီး ေဆြးေႏြးပြဲတက္ေရာက္လာသူမ်ားက မြန္ျပည္သစ္ပါတီအား အၾကံျပဳခ်က္ ၄ ခ်က္အား စုစည္းေပးအပ္ထား ေၾကာင္း သိရွိရသည္။

အႀကံျပဳခ်က္ေလးခ်က္ မွာ (၁) မြန္ျပည္သစ္ပါတီအေနျဖင့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕မွာ ပါဝင္ ဖို႔ရာ လက္ေတြ႕မက်ဟုသံုးသပ္သည္။ (၂) NCAတြင္ လက္မွတ္ေရးထိုးသည့္ လမ္းေၾကာင္းအတိုင္းUNFC အဆို ျပဳမႈအေပၚ ရပ္တည္ၿပီးဆက္လက္ ညႇိႏိႈင္းသြားေရးသည္သာ သင့္ေလ်ာ္ ေသာလုပ္ငန္းစဥ္ျဖစ္ဟု သံုးသပ္သည္။ (၃) UNFC အဖြဲ႕ဝင္ အဖြဲ႕အစည္း အခ်ိဳ႕ NCA လက္မွတ္ေရးထိုးရန္အ ဆင္သင့္မျဖစ္သည္ကို ေတြ႕ရွိေနရ ေသာ္လည္း အဆင္သင့္ျဖစ္ေနေသာ အဖြဲ႕မ်ားက ပါဝင္လက္မွတ္ေရးထိုး၍ က်န္အဖြဲ႕ဝင္မ်ား လက္မွတ္ေရးထိုး ႏိုင္ေရးဝိုင္းဝန္းျပင္ဆင္ေပးရန္။ (၄) လာမည့္ ဒုတိယအႀကိမ္က်င္းပမည့္ (၂၁)ရာစုပင္လံုသို႔ UNFC အဖြဲ႕ဝင္ အဖြဲ႕အစည္းအားလံုး ပါဝင္တက္ေရာက္ ၾကပါရန္ အႀကံျပဳခ်က္တို႔ျဖစ္ေၾကာင္း သိရွိရသည္။

ထို႕ေၾကာင့္ မၾကာမွီကာလတြင္ မြန္ျပည္သစ္ပါတီမွ NCA လက္မွတ္ေရးထိုးမည္ ျဖစ္ျပီး မည္သည့္အခ်ိန္တြင္ ေရးထိုးမည္ျဖစ္ေၾကာင္းကိုေတာ့ မထုတ္ျပန္ခဲ့ေပ။

Ref : Democracytoday

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: