Home News အာဖဂန်ရဲ့ အရေးပါမြို့ဖြစ်တဲ့ စန်ကျင် မြို့ ကို တာလီဘန်တွေ သိမ်းပိုက်လိုက်ပြီ

အာဖဂန်ရဲ့ အရေးပါမြို့ဖြစ်တဲ့ စန်ကျင် မြို့ ကို တာလီဘန်တွေ သိမ်းပိုက်လိုက်ပြီ

0
အာဖဂန်ရဲ့ အရေးပါမြို့ဖြစ်တဲ့ စန်ကျင် မြို့ ကို တာလီဘန်တွေ သိမ်းပိုက်လိုက်ပြီ

အာဖဂန် နစ်စ္စတန်မှာ ရှိတဲ့ စန်ကျင်မြို့ဟာ အရေးပါတဲ့ မြို့ဖြစ်ပြီး အစိုးရတပ်ဖွဲ့နဲ့ တာလီဘန် အုပ်စုတွေနဲ့ တိုက်ပွဲဖြစ်နေတာ တစ်နှစ်ကျော်ခဲ့ပါပြီ။ ယခုတော့ တာလီဘန်တွေရဲ့ အင်အားကြောင့် အစိုးရအဖွဲ့ဟာ စန်ကျင်မြို့ကို လက်လွှတ်ခဲ့ရတယ်လို့ BBC သတင်းဌာနမှ ထုတ်ပြန်လိုက်ပါတယ်။

ခရိုင်ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးရုံး အပါအဝင် အခြားအရေးပါတဲ့ နေရာအတော်များများကို တာလီဘန်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲမှာ မဟာမိတ်အဖြစ် ကူညီခဲ့တဲ့ ဗြိတိန် စစ်သား အများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အတွင်းလူ သူသျှိုတိုက်ခိုက်မှုကြောင့်လဲ ရဲတပ်သား ၉ ဦးသေဆုံးခဲ့တယ်လို့ အစိုးရ အဖွဲ့က အတည်ပြုပေးခဲ့ပါတယ်။ တာလီဘန်တွေဟာ စန်ကျင်မြို့ကို သိမ်းပိုက်ရုံသာမက အစိုးရတပ်ဖွဲ့ဆီကနေ လက်နက်ခဲယမ်းတွေကိုလည်း ယူဆောင်သွားကြောင်း သိရှိရပါတယ်။

စန်ကျင်မြို့ဟာ အဓိက ဘိန်းထုတ်တဲ့နေရာတစ်ခုဖြစ်ပြီး ထိုနေရာကို အစိုးရက တာလီဘန်လက်ထဲ မရောက်သွားအောင် ကာကွယ်နေရခြင်း ဖြစ်ပါတယ်။ သို့သော်လည်း တာလီဘန်တွေရဲ့ အင်အားနဲ့ တိုက်ခိုက်မှုတွေ ကြောင့် စန်ကျင်မြို့ကို ပေးလိုက်ရရုံသာမက အစိုးရတပ်ဖွဲ့တွေကပါ မြို့ကနေ ဆုတ်ခွာခဲ့ရပါတယ်။

လက်ရှိမှာတော့ ဗြိတိန်နိုင်ငံဟာ ကံဆိုးမှု ကျရောက်တယ်လို့ဘဲ ဆိုရပါလိမ့်မယ်။ လွန်ခဲ့တဲ့ တစ်ရက်က လန်ဒန်မြို့မှာ အကြမ်းဖက်မှု ဖြစ်ခဲ့သလို ယခုလဲ မဟာမိတ်အနေနဲ့ ဝင်ရောက်တိုက်ခိုက်ပေးရင်း စစ်သားပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

Zawgyi  Font : အာဖဂန္ရဲ႕ အေရးပါျမိဳ႕ျဖစ္တဲ့ စန္က်င္ ျမိဳ႕ ကို တာလီဘန္ေတြ သိမ္းပိုက္လိုက္ျပီ

အာဖဂန္ နစ္စၥတန္မွာ ရွိတဲ့ စန္က်င္ျမိဳ႕ဟာ အေရးပါတဲ့ ျမိဳ႕ျဖစ္ျပီး အစိုးရတပ္ဖြဲ႕နဲ႕ တာလီဘန္ အုပ္စုေတြနဲ႕ တိုက္ပြဲျဖစ္ေနတာ တစ္ႏွစ္ေက်ာ္ခဲ့ပါျပီ။ ယခုေတာ့ တာလီဘန္ေတြရဲ႕ အင္အားေၾကာင့္ အစိုးရအဖြဲ႕ဟာ စန္က်င္ျမိဳ႕ကို လက္လႊတ္ခဲ့ရတယ္လုိ႕ BBC သတင္းဌာနမွ ထုတ္ျပန္လိုက္ပါတယ္။

ခရိုင္ရဲတပ္ဖြဲ႕နဲ႕ အုပ္ခ်ဳပ္ေရးမွဴးရံုး အပါအ၀င္ အျခားအေရးပါတဲ့ ေနရာအေတာ္မ်ားမ်ားကို တာလီဘန္ေတြက တိုက္ခိုက္သိမ္းပိုက္ႏုိင္ခဲ့ျပီး တုိက္ပြဲမွာ မဟာမိတ္အျဖစ္ ကူညီခဲ့တဲ့ ျဗိတိန္ စစ္သား အမ်ားအျပားေသဆံုးခဲ့တယ္လို႕ သိရပါတယ္။ အတြင္းလူ သူသွ်ိဳတိုက္ခိုက္မႈေၾကာင့္လဲ ရဲတပ္သား ၉ ဦးေသဆံုးခဲ့တယ္လို႕ အစိုးရ အဖြဲ႕က အတည္ျပဳေပးခဲ့ပါတယ္။ တာလီဘန္ေတြဟာ စန္က်င္ျမိဳ႕ကို သိမ္းပိုက္ရံုသာမက အစိုးရတပ္ဖြဲ႕ဆီကေန လက္နက္ခဲယမ္းေတြကိုလည္း ယူေဆာင္သြားေၾကာင္း သိရွိရပါတယ္။

စန္က်င္ျမိဳ႕ဟာ အဓိက ဘိန္းထုတ္တဲ့ေနရာတစ္ခုျဖစ္ျပီး ထိုေနရာကို အစိုးရက တာလီဘန္လက္ထဲ မေရာက္သြားေအာင္ ကာကြယ္ေနရျခင္း ျဖစ္ပါတယ္။ သို႕ေသာ္လည္း တာလီဘန္ေတြရဲ႕ အင္အားနဲ႕ တိုက္ခိုက္မႈေတြ ေၾကာင့္ စန္က်င္ျမိဳ႕ကို ေပးလိုက္ရရံုသာမက အစိုးရတပ္ဖြဲ႕ေတြကပါ ျမိဳ႕ကေန ဆုတ္ခြာခဲ့ရပါတယ္။

လက္ရွိမွာေတာ့ ျဗိတိန္ႏုိင္ငံဟာ ကံဆိုးမႈ က်ေရာက္တယ္လို႕ဘဲ ဆိုရပါလိမ့္မယ္။ လြန္ခဲ့တဲ့ တစ္ရက္က လန္ဒန္ျမိဳ႕မွာ အၾကမ္းဖက္မႈ ျဖစ္ခဲ့သလို ယခုလဲ မဟာမိတ္အေနနဲ႕ ၀င္ေရာက္တိုက္ခိုက္ေပးရင္း စစ္သားေပါင္းမ်ားစြာ အသက္ဆံုးရံႈးခဲ့ရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: