Home News အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီး အိမ်ဖြူတော်တွင် ရုံးထိုင်ခြင်းကြောင့် အငြင်းပွားမှုဖြစ်ပွား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီး အိမ်ဖြူတော်တွင် ရုံးထိုင်ခြင်းကြောင့် အငြင်းပွားမှုဖြစ်ပွား

0
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီး အိမ်ဖြူတော်တွင် ရုံးထိုင်ခြင်းကြောင့် အငြင်းပွားမှုဖြစ်ပွား

BBC သတင်းဌာနရဲ့ ထုတ်ပြန်ချက်များအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သမီး အီဗင်ကာ တစ်ယောက် အိမ်ဖြူတော်တွင် စတင်ရုံးထိုင်တော့မည် ဖြစ်ကြောင်း သိရှိရပါတယ်။ အီဗင်ကာရဲ့ တာဝန်ကတော့ သူမရဲ့ဖခင် ဖြစ်တဲ့ သမ္မတ ဒေါ်နယ်ထရမ့်အား အကြံပေးအဖြစ် တာဝန်ယူခြင်း ဖြစ်ပါတယ်။

သမ္မတအဖွဲ့အနေနဲ့ အီဗင်ကာ ကို သတင်းအချက်အလက်အားလုံးအား သိခွင့်ပေးမည် မဟုတ်ဘဲ အမျိုးအစားသတ်မှတ်ထားသော သတင်းအချက်အလက်များကိုသာ သိရှိခွင့်ရမည်ဟု ဆိုသည်။ သို့သော်လည်း အီဗင်ကာ မှာ ထိုကဲ့သို့သော တာဝန်အတွက် လစာနှင့် တရားဝင် ရာထူးကို ရရှိမည် မဟုတ်ကြောင်း အစိုးရအဖွဲ့က ဆိုလိုက်သည်။

အီဗင်ကာ သည် ထရမ့်အတွက် အကြံဉာဏ်ပေးရမည်ဖြစ်ပြီး သမ္မတ၏ မျက်စိနှင့် နားများ အတွက် တာဝန်ထမ်းဆောင်ပေးရမည်ဟု သူမ ၏ ရှေ့နေက ပြောလိုက်သည်။ ထူးခြားချက်မှာ သမ္မတ ဒေါ်နယ်ထရမ့်သည် အကြီးတန်း အကြံပေးအရာရှိအဖြစ် အင်ဗင်ကာ ၏ ခင်ပွန်းသည်အား ယခင်ထဲက တာဝန်ပေးထားပြီး ယခုအချိန်တွင် သမီးနဲ့ သားမက် နှစ်ယောက်စလုံး အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်ခြင်းကြောင့် အငြင်းပွားမှုများ ဖြစ်လျက်ရှိသည်။

အဘယ့်ကြောင့်ဆိုသော် သမ္မတ ထရမ့်၏ စီးပွားရေးအချို့အား ဇနီး၊ သမီးနှင့် သားမက်တို့က ဦးစီးလုပ်ကိုင်လျက်ရှိသည့် အပြင် ယခုလို သမ္မတ၏ အကြံပေးအဖြစ် ခန့်အပ်ပြီး အိမ်ဖြူတော်တွင် သီးသန့်ရုံးထိုင်ခြင်းက အစိုးရအဖွဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စေသည်ဟု ပြောဆိုနေကြသည်။

Zawgyi font : အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ သမီး အိမ္ျဖဴေတာ္တြင္ ရံုးထိုင္ျခင္းေၾကာင့္ အျငင္းပြားမႈျဖစ္ပြား

BBC သတင္းဌာနရဲ႕ ထုတ္ျပန္ခ်က္မ်ားအရ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ သမီး အီဗင္ကာ တစ္ေယာက္ အိမ္ျဖဴေတာ္တြင္ စတင္ရံုးထိုင္ေတာ့မည္ ျဖစ္ေၾကာင္း သိရွိရပါတယ္။ အီဗင္ကာရဲ႕ တာ၀န္ကေတာ့ သူမရဲ႕ဖခင္ ျဖစ္တဲ့ သမၼတ ေဒၚနယ္ထရမ့္အား အၾကံေပးအျဖစ္ တာ၀န္ယူျခင္း ျဖစ္ပါတယ္။

သမၼတအဖြဲ႕အေနနဲ႕ အီဗင္ကာ ကို သတင္းအခ်က္အလက္အားလံုးအား သိခြင့္ေပးမည္ မဟုတ္ဘဲ အမ်ိဳးအစားသတ္မွတ္ထားေသာ သတင္းအခ်က္အလက္မ်ားကိုသာ သိရွိခြင့္ရမည္ဟု ဆိုသည္။ သို႕ေသာ္လည္း အီဗင္ကာ မွာ ထိုကဲ့သို႕ေသာ တာ၀န္အတြက္ လစာႏွင့္ တရား၀င္ ရာထူးကို ရရွိမည္ မဟုတ္ေၾကာင္း အစိုးရအဖြဲ႕က ဆိုလိုက္သည္။

အီဗင္ကာ သည္ ထရမ့္အတြက္ အၾကံဥာဏ္ေပးရမည္ျဖစ္ျပီး သမၼတ၏ မ်က္စိႏွင့္ နားမ်ား အတြက္ တာ၀န္ထမ္းေဆာင္ေပးရမည္ဟု သူမ ၏ ေရွ႕ေနက ေျပာလိုက္သည္။ ထူးျခားခ်က္မွာ သမၼတ ေဒၚနယ္ထရမ့္သည္ အၾကီးတန္း အၾကံေပးအရာရွိအျဖစ္ အင္ဗင္ကာ ၏ ခင္ပြန္းသည္အား ယခင္ထဲက တာ၀န္ေပးထားျပီး ယခုအခ်ိန္တြင္ သမီးနဲ႕ သားမက္ ႏွစ္ေယာက္စလံုး အိမ္ျဖဴေတာ္တြင္ တာ၀န္ထမ္းေဆာင္ျခင္းေၾကာင့္ အျငင္းပြားမႈမ်ား ျဖစ္လ်က္ရွိသည္။

အဘယ့္ေၾကာင့္ဆိုေသာ္ သမၼတ ထရမ့္၏ စီးပြားေရးအခ်ိဳ႕အား ဇနီး၊ သမီးႏွင့္ သားမက္တို႕က ဦးစီးလုပ္ကိုင္လ်က္ရွိသည့္ အျပင္ ယခုလို သမၼတ၏ အၾကံေပးအျဖစ္ ခန္႕အပ္ျပီး အိမ္ျဖဴေတာ္တြင္ သီးသန္႕ရံုးထိုင္ျခင္းက အစိုးရအဖြဲ႕အတြက္ စိတ္အေႏွာင့္အယွက္ ျဖစ္ေစသည္ဟု ေျပာဆိုေနၾကသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: