Home News လန်ဒန်မြို့ Westminster တံတားတွင် အကြမ်းဖက်မှုဖြစ်၊ လူ ၅ ဦးသေဆုံး၊ ၄၀ ကျော် ဒဏ်ရာရ

လန်ဒန်မြို့ Westminster တံတားတွင် အကြမ်းဖက်မှုဖြစ်၊ လူ ၅ ဦးသေဆုံး၊ ၄၀ ကျော် ဒဏ်ရာရ

0
လန်ဒန်မြို့ Westminster  တံတားတွင် အကြမ်းဖက်မှုဖြစ်၊ လူ ၅ ဦးသေဆုံး၊ ၄၀ ကျော် ဒဏ်ရာရ

လန်ဒန်မြို့လယ်ခေါင် တည့်တည့်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဟာ ဥရောပနိုင်ငံတွေကို IS ရဲ့ ခြိမ်းခြောက်မှုအဖြစ် သက်သေပြလိုက်လိုပါဘဲ။ လန်ဒန်မြို့ရဲ့ နာမည်ကျော် ဝက်စ်မင်စတာ  တံတားကို ဖြတ်ပြီး ပါလီမန် လွှတ်တော် အဆောက်အဦးကို အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

 

Hyundai အမှတ်တံဆိပ် ကားကို မောင်းနှင်လာတဲ့ အကြမ်းဖက်သမားဟာ ဝက်စ်မင်စတာ တံတားကို အရှိန်ပြင်းစွာနဲ့ မောင်းနှင်ခဲ့ပြီး တံတား တစ်ဖက်တစ်ချက် ပလက်ဖောင်းမှာ ရှိနေတဲ့ လူတွေ ကို ကားဖြင့် တိုက်ကြိတ်ခဲ့ပါတယ်။ တံတားရဲ့ တစ်ဖက်ထိပ်မှာ တည်ရှိတဲ့ ပါလီမန် လွှတ်တော် အဆောက်အဦး ဂိတ်ဝကို ကားဖြင့် တိုက်ခဲ့ပြီး ကားရပ်သွားချိန်၌ ဂိတ်၀ တွင် တာဝန်ကျသော ရဲတစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သည်။

ပါလီမန် လွှတ်တော် အဆောက်အဦးရှိ လုံခြုံရေးရဲများ ရောက်လာပြီး အဆိုပါ အကြမ်းဖက်သမားကို ပစ်ခတ် နှိမ်နှင်းခဲ့ရသည်။ အကြမ်းဖက်သမား၏ တံတားပေါ်တွင် လူများအား ကားဖြင့် တိုက်ခဲ့သောကြောင့် လူပေါင်း ၄၀ ကျော် ဒဏ်ရာ အပြင်းအထန်ရပြီး ဓားဖြင့် ထိုးသတ်ခြင်းခံရသော ရဲအပါအဝင် နောက်ထပ် ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ကားဖြင့်တိုက်ခိုက်မှုဖြင့် အမျိုးသမီး တစ်ဦး တံတားပေါ်မှ သိမ်းစ် မြစ်အတွင်းသို့ ပြုတ်ကျခဲ့သည်။ အဆိုပါ မြစ်ထဲသို့ ပြုတ်ကျသွားသော အမျိုးသမီးအား ကယ်တင်နိုင်ပြီ ဖြစ်သော်လည်း ဒဏ်ရာမှာ ပြင်းထန်သည်ဟု သိရှိရသည်။ အောက်ပါပုံမှာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် နေရာနှင့် လမ်းကြောင်းအား ပြထားသည့်ပုံ ဖြစ်သည်။

london-attack

လက်ရှိတွင် အကြမ်းဖက်မှုအား မှတ်တမ်းတင်ထားနိုင်ခဲ့သော ဓာတ်ပုံနှင့် ဗီဒီယို ရှိခဲ့လျှင် ရဲတပ်ဖွဲ့အား အကြောင်းကြား ဆက်သွယ်ပေးရန် ပြည်သူများအား တောင်းဆိုထားသည်။

Zawgyi Font : လန္ဒန္ျမိဳ႕ Westminster  တံတားတြင္ အၾကမ္းဖက္မႈျဖစ္၊ လူ ၅ ဦးေသဆံုး၊ ၄၀ ေက်ာ္ ဒဏ္ရာရ

လန္ဒန္ျမိဳ႕လယ္ေခါင္ တည့္တည့္မွာ ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္မႈဟာ ဥေရာပႏုိင္ငံေတြကို IS ရဲ႕ ျခိမ္းေျခာက္မႈအျဖစ္ သက္ေသျပလုိက္လိုပါဘဲ။ လန္ဒန္ျမိဳ႕ရဲ႕ နာမည္ေက်ာ္ ၀က္စ္မင္စတာ  တံတားကို ျဖတ္ျပီး ပါလီမန္ လႊတ္ေတာ္ အေဆာက္အဦးကို အၾကမ္းဖက္ ၀င္ေရာက္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ပါတယ္။

Hyundai အမွတ္တံဆိပ္ ကားကို ေမာင္းႏွင္လာတဲ့ အၾကမ္းဖက္သမားဟာ ၀က္စ္မင္စတာ တံတားကို အရွိန္ျပင္းစြာနဲ႕ ေမာင္းႏွင္ခဲ့ျပီး တံတား တစ္ဖက္တစ္ခ်က္ ပလက္ေဖာင္းမွာ ရွိေနတဲ့ လူေတြ ကို ကားျဖင့္ တိုက္ၾကိတ္ခဲ့ပါတယ္။ တံတားရဲ႕ တစ္ဖက္ထိပ္မွာ တည္ရွိတဲ့ ပါလီမန္ လႊတ္ေတာ္ အေဆာက္အဦး ဂိတ္၀ကို ကားျဖင့္ တိုက္ခဲ့ျပီး ကားရပ္သြားခ်ိန္၌ ဂိတ္၀ တြင္ တာ၀န္က်ေသာ ရဲတစ္ဦးအား ဓားျဖင့္ ထိုးသတ္ခဲ့သည္။

ပါလီမန္ လႊတ္ေတာ္ အေဆာက္အဦးရွိ လံုျခံဳေရးရဲမ်ား ေရာက္လာျပီး အဆိုပါ အၾကမ္းဖက္သမားကို ပစ္ခတ္ ႏွိမ္ႏွင္းခဲ့ရသည္။ အၾကမ္းဖက္သမား၏ တံတားေပၚတြင္ လူမ်ားအား ကားျဖင့္ တိုက္ခဲ့ေသာေၾကာင့္ လူေပါင္း ၄၀ ေက်ာ္ ဒဏ္ရာ အျပင္းအထန္ရျပီး ဓားျဖင့္ ထိုးသတ္ျခင္းခံရေသာ ရဲအပါအ၀င္ ေနာက္ထပ္ ၄ ဦး ပြဲခ်င္းျပီး ေသဆံုးခဲ့ေၾကာင္း သိရွိရသည္။ ကားျဖင့္တိုက္ခိုက္မႈျဖင့္ အမ်ိဳးသမီး တစ္ဦး တံတားေပၚမွ သိမ္းစ္ ျမစ္အတြင္းသို႕ ျပဳတ္က်ခဲ့သည္။ အဆိုပါ ျမစ္ထဲသို႕ ျပဳတ္က်သြားေသာ အမ်ိဳးသမီးအား ကယ္တင္ႏုိင္ျပီ ျဖစ္ေသာ္လည္း ဒဏ္ရာမွာ ျပင္းထန္သည္ဟု သိရွိရသည္။ ေအာက္ပါပံုမွာ အၾကမ္းဖက္မႈ ျဖစ္ပြားခဲ့သည့္ ေနရာႏွင့္ လမ္းေၾကာင္းအား ျပထားသည့္ပံု ျဖစ္သည္။

london-attack

လက္ရွိတြင္ အၾကမ္းဖက္မႈအား မွတ္တမ္းတင္ထားႏုိင္ခဲ့ေသာ ဓာတ္ပံုႏွင့္ ဗီဒီယို ရွိခဲ့လွ်င္ ရဲတပ္ဖြဲ႕အား အေၾကာင္းၾကား ဆက္သြယ္ေပးရန္ ျပည္သူမ်ားအား ေတာင္းဆိုထားသည္။

Source : BBC

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: