Home News ခွေးမကြီးအရှေ့မှာ ခွေးပေါက် ၅ ကောင်ကို သတ်ခဲ့သူ အိန္ဒိယ အမျိုးသမီး ထောင်ကျကိန်းရှိ

ခွေးမကြီးအရှေ့မှာ ခွေးပေါက် ၅ ကောင်ကို သတ်ခဲ့သူ အိန္ဒိယ အမျိုးသမီး ထောင်ကျကိန်းရှိ

0
ခွေးမကြီးအရှေ့မှာ ခွေးပေါက် ၅ ကောင်ကို သတ်ခဲ့သူ အိန္ဒိယ အမျိုးသမီး ထောင်ကျကိန်းရှိ

အိန္ဒိယနိုင်ငံ Krishanager မြို့မှ အမျိုးသမီးတစ်ယောက်ဟာ ခွေးမကြီးအရှေ့မှာ ခွေးပေါက်လေး ၅ ကောင်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ အတွက် အိန္ဒိယရဲ့ အရက်စက်ဆုံး အမျိုးသမီးအဖြစ်တောင် တင်စားပြီး မီဒီယာတွေမှာ ဖော်ပြခြင်းကို ခံခဲ့ရပါတယ်။ သူမရဲ့ ပြဿနာက ခွေးကို မုန်းတာ ဖြစ်ပါတယ်။

သူမနေထိုင်ရာ ပတ်ဝန်းကျင်မှာ ခွေးဂေဟာတစ်ခုရှိပေမယ့် ခွေးမကြီး တစ်ကောင်ကတော့ သူမ အိမ်နားမှာ ခွေးမွေး မိတဲ့ အတွက် သူမရဲ့ ဒေါသကို ဆွသလိုဖြစ်သွားခဲ့ပါတယ်။ ခွေးမကြီးဟာ ခွေးပေါက် ၈ ကောင်ကို မွေးခဲ့ပြီး အိန္ဒိယအမျိုးသမီးကတော့ ခွေးမကြီးကို ပညာပေးဖို့အတွက် ခွေးပေါက် ၅ ကောင်ကို သတ်ဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။

ဒါကြောင့် ခွေးမကြီးရဲ့အရှေ့မှာဘဲ ခွေးပေါက် တစ်ကောင်ခြင်းဆီကို အနားမှာရှိတဲ့ ကျောက်တုံးနဲ့ ထုသတ်ခဲ့ပါတယ်။ ကျောက်တုံးနဲ့ ထုသတ်နေစဉ်အတွင်းမှာ ခွေးမကြီးကို ကြည့်စေခဲ့ပါတယ်။ သနားစရာ ခွေးမကြီး ခင်မျာ ဘာမှမတတ်နိုင်ရှာဘဲ ထိုင်ကြည့်နေခဲ့ရပါတယ်။ ခွေးပေါက် ၈ ကောင်မှာ ၅ ကောင် သေဆုံးသွားပြီး ၃ကောင်ကတော့ အသက်ရှင်ကျန်တယ်လို့ သိရပါတယ်။

အိန္ဒိယ အမျိုးသမီးရဲ့ ရည်ရွယ်ချက်တော့ နောက်တစ်ခါ ဒါမျိုး သူ့အိမ်နားမှာ ခွေးကလေးတွေ ထပ်မမွေးရဲအောင် ပညာပေးလိုက်ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် CCTV မှတ်တမ်းများအရ အဆိုပါ ပြစ်မှုကျူးလွန်သူ အိန္ဒိယ အမျိုးသမီးဟာ ထောင်ဒဏ် ကျနိုင်ဖွယ် ရှိကြောင်း ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ အိန္ဒိယရဲ့ တည်ဆဲဥပဒေနဲ့ အရေးယူမယ်ဆိုရင် ထောင်ဒဏ် ၅ နှစ် ကျခံရမည် ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ခွေးပေါက် ၅ ကောင် အား ကျောက်တုံးဖြင့် ထုသတ်ခဲ့သူ အမျိုးသမီး
ခွေးပေါက် ၅ ကောင် အား ကျောက်တုံးဖြင့် ထုသတ်ခဲ့သူ အမျိုးသမီး

ဒါ့အပြင် ခွေးတွေကို သတ်ပြီး ဖြေရှင်းတာဟာ ခွေးအကောင်ရေ လျော့ချရေးအတွက် နည်းလမ်းမှာ လွဲမှားနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ လေလွင့်တိရစ္တာန်အရေအတွက် လျော့ချစေချင်ရင် ခွေးတွေ၊ ကြောင်တွေကို စောင့်ရှောက်တဲ့ တိရစ္တာန်ဂေဟာသို့ ပို့သင့်ကြောင်း၊ ဂေဟာမှ ကျွမ်းကျင်ပညာရှင်များက တိရစ္တာန်များအား သားဆက်ခြားနည်းစနစ်များဖြင့် အကောင်အရေ ပေါက်ဖွားခြင်းကို ကာကွယ်နိုင်ကြောင်း ပြောခဲ့ပါတယ်။ လောလောဆယ်တော့ ပြစ်မှုကျူးလွန်သူ အိန္ဒိယ အမျိုးသမီးကိုတော့ တရားစွဲအရေးယူမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က မီဒီယာတွေကို ထုတ်ပြန်လိုက်ပါတယ်။

Zawgyi font : ေခြးမၾကီးအေရွ႕မွာ ေခြးေပါက္ ၅ ေကာင္ကို သတ္ခဲ့သူ အိႏိၵယ အမ်ိဳးသမီး ေထာင္က်ကိန္းရွိ

အိႏိၵယႏုိင္ငံ Krishanager ျမိဳ႕မွ အမ်ိဳးသမီးတစ္ေယာက္ဟာ ေခြးမၾကီးအေရွ႕မွာ ေခြးေပါက္ေလး ၅ ေကာင္ကို ရက္စက္စြာ သတ္ျဖတ္ခဲ့တဲ့ အတြက္ အိႏိၵယရဲ႕ အရက္စက္ဆံုး အမ်ိဳးသမီးအျဖစ္ေတာင္ တင္စားျပီး မီဒီယာေတြမွာ ေဖာ္ျပျခင္းကို ခံခဲ့ရပါတယ္။ သူမရဲ႕ ျပႆနာက ေခြးကို မုန္းတာ ျဖစ္ပါတယ္။

သူမေနထိုင္ရာ ပတ္၀န္းက်င္မွာ ေခြးေဂဟာတစ္ခုရွိေပမယ့္ ေခြးမၾကီး တစေ္ကာင္ကေတာ့ သူမ အိမ္နားမွာ ေခြးေမြး မိတဲ့ အတြက္ သူမရဲ႕ ေဒါသကို ဆြသလိုျဖစ္သြားခဲ့ပါတယ္။ ေခြးမၾကီးဟာ ေခြးေပါက္ ၈ ေကာင္ကို ေမြးခဲ့ျပီး အိႏိၵယအမ်ိဳးသမီးကေတာ့ ေခြးမၾကီးကို ပညာေပးဖို႕အတြက္ ေခြးေပါက္ ၅ ေကာင္ကို သတ္ဖို႕ ဆံုးျဖတ္လိုက္ပံုရပါတယ္။

ဒါေၾကာင့္ ေခြးမၾကီးရဲ႕အေရွ႕မွာဘဲ ေခြးေပါက္ တစ္ေကာင္ျခင္းဆီကို အနားမွာရွိတဲ့ ေက်ာက္တုံးနဲ႕ ထုသတ္ခဲ့ပါတယ္။ ေက်ာက္တံုးနဲ႕ ထုသတ္ေနစဥ္အတြင္းမွာ ေခြးမၾကီးကို ၾကည့္ေစခဲ့ပါတယ္။ သနားစရာ ေခြးမၾကီး ခင္မ်ာ ဘာမွမတတ္ႏုိင္ရွာဘဲ ထိုင္ၾကည့္ေနခဲ့ရပါတယ္။ ေခြးေပါက္ ၈ ေကာင္မွာ ၅ ေကာင္ ေသဆံုးသြားျပီး ၃ေကာင္ကေတာ့ အသက္ရွင္က်န္တယ္လို႕ သိရပါတယ္။

အိႏိၵယ အမ်ိဳးသမီးရဲ႕ ရည္ရြယ္ခ်က္ေတာ့ ေနာက္တစ္ခါ ဒါမ်ိဳး သူ႕အိမ္နားမွာ ေခြးကေလးေတြ ထပ္မေမြးရဲေအာင္ ပညာေပးလိုက္ျခင္းသာ ျဖစ္တယ္လို႕ ဆိုပါတယ္။ ဒါေပမယ့္ CCTV မွတ္တမ္းမ်ားအရ အဆိုပါ ျပစ္မႈက်ဴးလြန္သူ အိႏိၵယ အမ်ိဳးသမီးဟာ ေထာင္ဒဏ္ က်ႏုိင္ဖြယ္ ရွိေၾကာင္း ေျပာပါတယ္။ ရဲတပ္ဖြဲ႕ကေတာ့ အိႏိၵယရဲ႕ တည္ဆဲဥပေဒနဲ႕ အေရးယူမယ္ဆိုရင္ ေထာင္ဒဏ္ ၅ ႏွစ္ က်ခံရမည္ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

ေခြးေပါက္ ၅ ေကာင္ အား ေက်ာက္တံုးျဖင့္ ုထုသတ္ခဲ့သူ အမ်ိဳးသမီး
ေခြးေပါက္ ၅ ေကာင္ အား ေက်ာက္တံုးျဖင့္ ုထုသတ္ခဲ့သူ အမ်ိဳးသမီး

ဒါ့အျပင္ ေခြးေတြကို သတ္ျပီး ေျဖရွင္းတာဟာ ေခြးအေကာင္ေရ ေလ်ာ့ခ်ေရးအတြက္ နည္းလမ္းမွာ လြဲမွားေနေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ တာ၀န္သိျပည္သူတစ္ေယာက္အေနနဲ႕ ေလလြင့္တိရစၱာန္အေရအတြက္ ေလ်ာ့ခ်ေစခ်င္ရင္ ေခြးေတြ၊ ေၾကာင္ေတြကို ေစာင့္ေရွာက္တဲ့ တိရစၱာန္ေဂဟာသို႕ ပို႕သင့္ေၾကာင္း၊ ေဂဟာမွ ကြ်မ္းက်င္ပညာရွင္မ်ားက တိရစၱာန္မ်ားအား သားဆက္ျခားနည္းစနစ္မ်ားျဖင့္ အေကာင္အေရ ေပါက္ဖြားျခင္းကို ကာကြယ္ႏုိင္ေၾကာင္း ေျပာခဲ့ပါတယ္။ ေလာေလာဆယ္ေတာ့ ျပစ္မႈက်ဴးလြန္သူ အိႏိၵယ အမ်ိဳးသမီးကိုေတာ့ တရားစြဲအေရးယူမည္ ျဖစ္ေၾကာင္း ရဲတပ္ဖဲြ႕က မီဒီယာေတြကို ထုတ္ျပန္လုိက္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: