Home Knowledge သင့်ဘဝတိုးတက်ဖို့ သင်သတိထားရမယ့် လူ(၁၀)ယောက်

သင့်ဘဝတိုးတက်ဖို့ သင်သတိထားရမယ့် လူ(၁၀)ယောက်

0
သင့်ဘဝတိုးတက်ဖို့ သင်သတိထားရမယ့် လူ(၁၀)ယောက်

လူဆိုတာ တစ်ဦးတစ်ယောက်တည်း နေလို့မရပါဘူး။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံကြရင်း ဘဝကို ရှင်သန်ဖြတ်သန်းကြရပါတယ်။ ဒီလိုပေါင်းသင်းဆက်ဆံကြရာမှာ အပေါင်းအသင်းကြောင့် ဂုဏ်တက်သလို အပေါင်းအသင်းကြောင့် လည်းဂုဏ်ပျက်ကြရပါတယ်။ ဒါကြောင့် သင့်ဘ၀ အောင်မြင်ရေးအတွက် လူတကာ့လူတွေထဲမှာ အဓိကနဲ့သာမညကိုခွဲခြား သိမြင်တတ်ဖို့လိုလာပါတယ်။ မိတ်ဆွေကောင်းက အရာခပ်သိမ်းကို ပြီးမြောက်စေတယ်လို့ ဆိုတဲ့အတိုင်း မိတ်ဆွေကောင်းရှာဖွေတဲ့အခါ သင်သတိပြုရမယ့်လူ(၁၀)မျိုးကို သတိနဲ့ဆင်ခြင် ရှောင်ရှားနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

(၁) ကိုယ်ကျိုးကိုသာကြည့်တတ်သူ(The Egotist)

ကိုယ်ကျိုးသက်သက်ကိုသာ ကြည့်တတ်သူတွေဆီက သင်လိုချင်တဲ့ ပညာ၊ဥစ္စာ ဘာမှ ရနိုင်မှာမဟုတ်ပါဘူး။

Egotist

(၂) မနာလိုဝန်တိုတတ်သူ (The Envious)

ဒီလူမျိုးကလည်း သင်တိုးတက်ရာ တိုးတက်ကြောင်းကို မလိုလားတာကြောင့် သတိထားဆက်ဆံရပါလိမ့်မယ်။

jealousy

(၃) ဟန်ဆောင်လေလုံးထွားသူ( The Pretentious)

သင့်ပတ်ဝန်းကျင်မှာ မကြာခဏတွေ့ကြုံ ပေါင်းသင်းမိတတ်တဲ့လူမျိုးပါ။ အမှန်တရာနဲ့ အလှမ်းဝေးနေသူမို့ အယုံမလွယ်မိဖို့နဲ့ သတိပြုပေါင်းသင်းဖို့မမေ့ပါနဲ့။

Pretentious

(၄) ခေတ်နောက်ပြန်ဆွဲသူ( The Retrogressive)

သင်က အောင်မြင်ချင်လို့ ရှေ့ကိုသွားနေသူဖြစ်တယ်။ ရှေ့ကိုသွားနေသူအတွက် ခေတ်မမီတဲ့သူက အကူအညီမပေးနိုင်တဲ့အပြင် မိမိကိုပါ နောက်ကို ပြန်ဆွဲခေါ်သွားနိုင်တာကြောင့် သတိရှိပါစေ။

(၅) ရိုင်းစိုင်းသူ ( The Indecent)

အပေါင်းအသင်းကြောင့် ဂုဏ်ပျက်စေတယ်ဆိုတာ ဒီလိုလူမျိုးဖြစ်ပါတယ်။ သင့် အောင်မြင်မှု ခရီးလမ်းပေါ်က ဆူးငြောင့် ခလုတ်တစ်ခုလို့ တောင်ဆိုနိုင်ပါတယ်။ သတိရှိပါ။

(၆) ချုပ်ကိုင်သူ( The Controller)

အရာရာကို သူ့စိတ်သူ့သဘောအတိုင်းပဲ ဦးစီးချုပ်ကိုင်ပြီး လုပ်တတ်သူဖြစ်ပါတယ်။ သင်က သင့်လမ်းသင်လျှောက်ပြီး အမြင့်ရောက်ဖို့ကြိုးစားချိန်မှာ ဒီလိုလူတွေနဲ့ သင်ဟာ ဝိရောဓိဖြစ်လာတတ်ပါတယ်။ ထိုမှတစ်ဆင့် ရန်သူအဖြစ်တောင် ရောက်သွားတတ်တာမို့သတိပြုရှောင်ရှားစေချင်တယ်။

(၇) မုသားပြောတတ်သူ( The Liar)

ဒီလူမျိုးကလည်း လူ့ပတ်ကျင်ကို အတော် အနှောင့်အယှက်ပေးတဲ့သူတွေပါ။ ထို့အတူ သင့်ဘဝအတွက်လည်း ဝေးဝေးကနေတာပဲကောင်းပါလိမ့်မယ်။

(၈) အတင်းပြောတတ်သူ( The Gossiper    )

သင့်ပတ်ဝန်းကျင်တွေမှာ အများဆုံးတွေ့ရတတ်တဲ့ လူမျိုးတွေပါ။ သူများအတင်းမပြောရရင် အိပ်မပျော်၊စားမဝင်တဲ့လူမျိုးတွေပါ။ ကိုယ့်ထမင်းကိုယ်ရှာစားပြီး အကုသိုလ်ဖြစ်နေတဲ့သူတွေမို့ သင်သတိနဲ့ ပေါင်းသင်းဆက်ဆံပါလို့အကြံပြုပါရစေ။

(၉) ကပ်ပါး၊ရပ်ပါးလုပ်တတ်သူ( The Parasite)

သူတပါးတို့အပေါ်မှီခိုပြီးမှ အသက်ရှင် ရပ်တည်နိုင်သူမို့လို့ စိတ်ဓါတ်ခွန်အား အင်မတန်နုံချာတဲ့လူမျိုးဖြစ်ပါတယ်။ သင့်အတွက်ဘာမှ အကျိုးမပြုနိုင်ပါဘူး။

(၁၀) အရှုံးသမား( The Victim)

ဘယ်လိုအခြေအနေမျိုးကိုမဆို လက်လျှော့အရှုံးပေးပြီး သူ့ကိုယ်သူ ဘဝရဲ့ သားကောင်လို့ ယူဆထားသူဖြစ်ပါတယ်။ အောင်လိုသူနဲ့ အရှုံးသမားလို့သတ်မှတ်ခံယူထားသူက ဆန့်ကျင်ရာဆီ ဦးတည်နေကြတာမို့ ဝေးလေကောင်းလေပါပဲ။

ကဲ၊စာဖတ်သူမိတ်ဆွေ၊ ဒီလူ(၁၀)မျိုးကိုဖတ်ပြီးတဲ့အချိန်မှာ အတွေးတစ်ခုဝင်လာနိုင်ပါတယ်။ ငါဘယ်သူနဲ့နေရမှာလဲ ဆိုတဲ့အတွေးပါ။ ဘာကြောင့်လဲဆိုတော့ ဒီ(၁၀)မျိုးက လူ့အဖွဲ့အစည်းထဲမှာ အများစုဖြစ်နေလို့ပါပဲ။ ဒါပေမယ့် စိတ်ဓါတ်မကျပါနဲ့မိတ်ဆွေ၊သင့်အတွက် မိတ်ဆွေကောင်း(၁)ယောက်ဆိုရင်လည်း လုံလောက်ပါတယ်။ အောင်မြင်ကြပါစေ။

Zawgyi Font : သင္႔ဘ၀တိုးတက္ဖို႔ သင္သတိထားရမယ္႔လူ(၁၀)ေယာက္

လူဆိုတာ တစ္ဦးတစ္ေယာက္တည္း ေနလို႔မရပါဘူး။ လူအခ်င္းခ်င္း ေပါင္းသင္းဆက္ဆံၾကရင္း ဘ၀ကို ရွင္သန္ျဖတ္သန္းၾကရပါတယ္။ ဒီလိုေပါင္းသင္းဆက္ဆံၾကရာမွာ အေပါင္းအသင္းေၾကာင့္ ဂုဏ္တက္သလို အေပါင္းအသင္းေၾကာင့္ လည္းဂုဏ္ပ်က္ၾကရပါတယ္။ ဒါေၾကာင္႔ သင့္ဘ၀ ေအာင္ျမင္ေရးအတြက္ လူတကာ့လူေတြထဲမွာ အဓိကနဲ႔သာမညကိုခြဲျခား သိျမင္တတ္ဖို႔လိုလာပါတယ္။ မိတ္ေဆြေကာင္းက အရာခပ္သိမ္းကို ျပီးေျမာက္ေစတယ္လို႔ ဆိုတဲ႔အတိုင္း မိတ္ေဆြေကာင္းရွာေဖြတဲ႔အခါ သင္သတိျပဳရမယ္႔လူ(၁၀)မ်ိဳးကို သတိနဲ႕ဆင္ျခင္ ေရွာင္ရွားႏိုင္ဖို႕ ေဖာ္ျပလိုက္ပါတယ္။

(၁) ကိုယ္က်ိဳးကိုသာၾကည္႔တတ္သူ(The Egotist)

ကိုယ္က်ိဳးသက္သက္ကိုသာ ၾကည္႔တတ္သူေတြဆီက သင္လိုခ်င္တဲ႔ ပညာ၊ဥစၥာ ဘာမွ ရႏိုင္မွာမဟုတ္ပါဘူး။

Egotist

(၂) မနာလို၀န္တိုတတ္သူ (The Envious)

ဒီလူမ်ိဳးကလည္း သင္တိုးတက္ရာ တိုးတက္ေၾကာင္းကို မလိုလားတာေၾကာင္႕ သတိထားဆက္ဆံရပါလိမ္႔မယ္။

jealousy

(၃) ဟန္ေဆာင္ေလလံုးထြားသူ( The Pretentious)

သင့္ပတ္၀န္းက်င္မွာ မၾကာခဏေတြ႕ၾကံဳ ေပါင္းသင္းမိတတ္တဲ႔လူမ်ိဳးပါ။ အမွန္တရာနဲ႔ အလွမ္းေ၀းေနသူမို႕ အယံုမလြယ္မိဖို႔နဲ႔ သတိျပဳေပါင္းသင္းဖို႔မေမ႔ပါနဲ႔။

Pretentious

(၄) ေခတ္ေနာက္ျပန္ဆြဲသူ( The Retrogressive)

သင္က ေအာင္ျမင္ခ်င္လို႕ ေရွ႕ကိုသြားေနသူျဖစ္တယ္။ ေရွ႕ကိုသြားေနသူအတြက္ ေခတ္မမီတဲ့သူက အကူအညီ မေပးႏိုင္တဲ႔အျပင္ မိမိကိုပါ ေနာက္ကို ျပန္ဆြဲေခၚသြားႏိုင္တာေၾကာင့္ သတိရွိပါေစ။

(၅) ရိုင္းစိုင္းသူ ( The Indecent)

အေပါင္းအသင္းေၾကာင့္ ဂုဏ္ပ်က္ေစတယ္ဆိုတာ ဒီလိုလူမ်ိဳးျဖစ္ပါတယ္။ သင့္ ေအာင္ျမင္မႈ ခရီးလမ္းေပၚက ဆူးေျငာင့္ ခလုတ္တစ္ခုလို႔ ေတာင္ဆိုႏိုင္ပါတယ္။ သတိရွိပါ။

(၆) ခ်ဳပ္ကိုင္သူ( The Controller)

အရာရာကို သူ႔စိတ္သူ႔သေဘာအတိုင္းပဲ ဦးစီးခ်ဳပ္ကိုင္ျပီး လုပ္တတ္သူျဖစ္ပါတယ္။ သင္က သင္႔လမ္းသင္ေလွ်ာက္ျပီး အျမင္႔ေရာက္ဖို႔ၾကိဳးစားခ်ိန္မွာ ဒီလိုလူေတြနဲ႔ သင္ဟာ ၀ိေရာဓိျဖစ္လာတတ္ပါတယ္။ ထိုမွတစ္ဆင့္ ရန္သူအျဖစ္ေတာင္ ေရာက္သြားတတ္တာမို႔သတိျပဳေရွာင္ရွားေစခ်င္တယ္။

(၇) မုသားေျပာတတ္သူ( The Liar)

ဒီလူမ်ိဳးကလည္း လူ႔ပတ္က်င္ကို အေတာ္ အေႏွာင္႔အယွက္ေပးတဲ႔သူေတြပါ။ ထို႔အတူ သင္႔ဘ၀အတြက္လည္း ေ၀းေ၀းကေနတာပဲေကာင္းပါလိမ္႔မယ္။

(၈) အတင္းေျပာတတ္သူ( The Gossiper    )

သင္႔ပတ္၀န္းက်င္ေတြမွာ အမ်ားဆံုးေတြ႔ရတတ္တဲ႕ လူမ်ိဳးေတြပါ။ သူမ်ားအတင္းမေျပာရရင္ အိပ္မေပ်ာ္၊စားမ၀င္တဲ႔လူမ်ိဳးေတြပါ။ ကိုယ္႔ထမင္းကိုယ္ရွာစားျပီး အကုသိုလ္ျဖစ္ေနတဲ႔သူေတြမို႔ သင္သတိနဲ႔ ေပါင္းသင္းဆက္ဆံပါလို႔အၾကံျပဳပါရေစ။

(၉) ကပ္ပါး၊ရပ္ပါးလုပ္တတ္သူ( The Parasite)

သူတပါးတို႔အေပၚမွီခိုျပီးမွ အသက္ရွင္ ရပ္တည္ႏိုင္သူမို႔လို႔ စိတ္ဓါတ္ခြန္အား အင္မတန္ႏံုခ်ာတဲ႔လူမ်ိဳးျဖစ္ပါတယ္။ သင္႔အတြက္ဘာမွ အက်ိဳးမျပဳႏိုင္ပါဘူး။

(၁၀) အရံႈးသမား( The Victim)

ဘယ္လိုအေျခအေနမ်ိဳးကိုမဆို လက္ေလွ်ာ႔အရွဳံးေပးျပီး သူ႕ကိုယ္သူ ဘ၀ရဲ႕ သားေကာင္လို႔ ယူဆထားသူျဖစ္ပါတယ္။ ေအာင္လိုသူနဲ႔ အရံႈးသမားလို႔သတ္မွတ္ခံယူထားသူက ဆန္႕က်င္ရာဆီ ဦးတည္ေနၾကတာမို႔ ေ၀းေလေကာင္းေလပါပဲ။

ကဲ၊စာဖတ္သူမိတ္ေဆြ၊ ဒီလူ(၁၀)မ်ိဳးကိုဖတ္ျပီးတဲ႔အခ်ိန္မွာ အေတြးတစ္ခု၀င္လာႏိုင္ပါတယ္။ ငါဘယ္သူနဲ႔ေနရမွာလဲ ဆိုတဲ႔အေတြးပါ။ ဘာေၾကာင္႔လဲဆိုေတာ႔ ဒီ(၁၀)မ်ိဳးက လူ႔အဖြဲ႔အစည္းထဲမွာ အမ်ားစုျဖစ္ေနလို႔ပါပဲ။ ဒါေပမယ္႔ စိတ္ဓါတ္မက်ပါနဲ႔မိတ္ေဆြ၊သင္႔အတြက္ မိတ္ေဆြေကာင္း(၁)ေယာက္ဆိုရင္လည္း လံုေလာက္ပါတယ္။ ေအာင္ျမင္ၾကပါေစ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: