Home Knowledge နော်ဝေး နိုင်ငံဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် ဘာကြောင့် သတ်မှတ်ခံရတာလဲ

နော်ဝေး နိုင်ငံဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် ဘာကြောင့် သတ်မှတ်ခံရတာလဲ

0
နော်ဝေး နိုင်ငံဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် ဘာကြောင့် သတ်မှတ်ခံရတာလဲ

လူတိုင်းဟာ ပျော်ရွှင်မှုကို လိုချင်ကြပေမယ့် လူတိုင်းတော့ ပျော်ရွှင်မှုကို အမြဲတမ်းရနေလားဆိုတော့ မရနေပါဘူး။ ပျော်ရွှင်မှု ရဖို့ဆိုတာ မိမိရဲ့ စိတ်နေစိတ်ထား၊ ပတ်ဝန်းကျင် ကောင်းမွန်ဖို့ လိုအပ်သလို ကိစ္စအတော်များများကို ဘယ်လို လက်ခံ ဖြေရှင်းမလဲဆိုတဲ့ အချက်ပေါ် မူတည်နေပါတယ်။ စိတ်ပျော်ရွှင်ဖို့ အတွက် မိမိရဲ့ ပတ်ဝန်းကျင်ဟာ ကောင်းမွန်နေရင် ဒေါသ ဖြစ်စရာ မကျေမနပ်ဖြစ်စရာတွေက သူ့အလိုလို ပေါ်လာမှာ မဟုတ်ပါဘူး။

UN Sustainable Development Solutions Network ရဲ့ ထုတ်ပြန်ချက် စစ်တမ်းများအရ နော်ဝေး နိုင်ငံဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်အတွက် ထုတ်ပြန်ချက်ကတော့ နော်ဝေး နိုင်ငံဟာ ကမ္ဘာ့ အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ဗိုလ်စွဲသွားခဲ့ပါတယ်။ အဲ့ဒီတော့ နော်ဝေး နိုင်ငံရဲ့ အကြောင်းကို လေ့လာကြည့်ရအောင်။

နော်ဝေးနိုင်ငံဟာ ရာသီဥတုအနေနဲ့ကြည့်မယ်ဆိုရင် အမြဲတမ်းနီးပါး အေးမြတဲ့ ရာသီဥတု ရှိပါတယ်။ အခြားနိုင်ငံတွေနဲ့ မတူတာကတော့ နော်ဝေးရဲ့ ဆောင်းရာသီဥတုဟာ ပိုရှည်ပါတယ်။ ပြီးတော့ နွေရာသီမှာလဲ အပူချိန်မြင့်မားမှုတွေ မရှိပါဘူး။

နော်ဝေးနိုင်ငံရဲ့ အစိုးရ အဖွဲ့အစည်းတွေဟာ ပြည်သူလူထုကို လုံခြုံမှု အပြည့်အ၀ ပေးနိုင်သလို ပြည်သူလူထုတွေအတွက် စီစဉ်ထားတဲ့ Program ပေါင်း များစွာရှိပါတယ်။ ဒါ့အပြင် ပြည်သူလူထုကလဲ အစိုးရကို လေးစားမှုထားလျက်ရှိပြီး နှစ်ဦးနှစ်ဖက် အပေးအယူမျှတယ်ဘဲ ပြောရမှာပါ။ ဒါ့အပြင် စမ်တမ်းများအရ သူတို့ဟာ နော်ဝေးနိုင်ငံမှာ နေရတာ ကိုယ့်ကိုကိုယ် လုံခြုံတယ်လို့ ထင်ကြောင်း မှတ်ချက်များပေးခဲ့ပါတယ်။

အစိုးရက ပြည်သူကို လုံခြုံမှု ပေးနိုင်ရုံနဲ့ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံ ဖြစ်တာမဟုတ်ပါဘူး။ နော်ဝေးနိုင်ငံသားတွေဟာ အချောင်ခိုစိတ်မရှိတဲ့ နိုင်ငံသားများအဖြစ်နဲ့လဲ သတ်မှတ်ခံရပါသေးတယ်။ ဒါကြောင့် နော်ဝေးနိုင်ငံမှာ ပစ္စည်းပျောက်မှု ဖြစ်ရင် ပြန်ရလေ့ရှိပါတယ်။ အစိုးရဘက်ကနေလဲ လူမှုကွန်ရက်အဖွဲ့အစည်းတွေကို တရားဝင် ထောက်ပံ့ပေးထားပါတယ်။

ပညာရေးအပိုင်းကို ကြည့်မယ်ဆိုရင် နော်ဝေးအစိုးရဟာ လူမှုဆက်ဆံရေးပညာရပ်ကို အထူးအလေးထားပြီး သင်ကြားပါတယ်။ တစ်ယောက်ကို တစ်ယောက် လေးစားသမှု ပြုခြင်း၊ ဆွေးနွေးခြင်း၊ ပြန်လည်မျှဝေခြင်း စတာတွေကို အရေးပေးလုပ်ဆောင်တာကြောင့် သူတို့နိုင်ငံမှာ ပြဿနာ မရှိသလောက် ရှားပါတယ်။

အလုပ်အကိုင် ရှာဖွေရလွယ်ကူသလို အခုရှာ အခု ရတဲ့ အခြေအနေထိ နိုင်ငံက တိုးတက်နေပါတယ်။ တိုင်းပြည်ရဲ့ GDP rate ဟာလည်း မြင့်မားလျက်ရှိပြီး ဝင်ငွေကောင်းတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဝင်ငွေကောင်းရုံတစ်ခုနဲ့ ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံတစ်ခုလို့ သတ်မှတ်လို့မရပါဘူး။ အပေါ်မှာ ပြောခဲ့ပြီးတဲ့အတိုင်း ပျော်ရွှင်မှုဆိုတာ မိမိရဲ့ စိတ်နေစိတ်ထား ခံယူချက်နဲ့လည်း ဆိုင်ပါသေးတယ်။ UN Sustainable Development Solutions Network ရဲ့ ပြောဆိုချက်အရ ဆိုရင် နော်ဝေးအစိုးရရဲ့ ပြည်သူတွေအပေါ်မှာ စီစဉ်ပေးထားတဲ့ Program နဲ့ လူမှုဆက်ဆံရေးပညာ ကို ငယ်စဉ်ထဲက ပညာရပ်တစ်ခုနဲ့ သင်ကြားခြင်း၊ လူမှုအဖွဲ့အစည်းတွေကို အပြည့်အ၀ ထောက်ပံ့ထားခြင်း တို့ကြောင့် နော်ဝေးနိုင်ငံသားတွေဟာ ကမ္ဘာပေါ်မှာ စိတ်ပျော်ရွှင်မှု ရရှိဆုံး လူသားတွေ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံကတော့ ဝင်ငွေမြင့်မားမှုရှိသော်လည်း ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံစာရင်းရဲ့ အဆင့် ၁၄ မှာ တည်ရှိနေပါတယ်။ ဒါဟာ ကျဆင်းသွားတာ ဖြစ်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တက်ပြီးနောက်မှာ အဆင့် ၁၄ သို့ ထိုးဆင်းသွားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နော်ဝေး နိုင်ငံဟာ ထိပ်ဆုံးမှာ တည်ရှိနေပြီး ဒိန်းမတ်၊ အိုင်ယာလန်၊ ဆွစ်ဇလန် နဲ့ ဖင်လန် နိုင်ငံတို့ဟာ ကမ္ဘာ့အပျော်ရွှင်မှု ရရှိဆုံး နိုင်ငံအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ အမေရိကန်ကတော့ အဆင့် ၁၄ အထိ ထိုးဆင်းသွားပြီ ဖြစ်ပါတယ်။

Zawgyi Font : ေနာ္ေ၀း ႏိုင္ငံဟာ ကမၻာေပၚမွာ အေပ်ာ္ရႊင္ဆံုး ႏုိင္ငံအျဖစ္ ဘာေၾကာင့္ သတ္မွတ္ခံရတာလဲ

လူတိုင္းဟာ ေပ်ာ္ရႊင္မႈကို လိုခ်င္ၾကေပမယ့္ လူတိုင္းေတာ့ ေပ်ာ္ရႊင္မႈကို အျမဲတမ္းရေနလားဆိုေတာ့ မရေနပါဘူး။ ေပ်ာ္ရႊင္မႈ ရဖို႕ဆိုတာ မိမိရဲ႕ စိတ္ေနစိတ္ထား၊ ပတ္၀န္းက်င္ ေကာင္းမြန္ဖို႕ လိုအပ္သလို ကိစၥအေတာ္မ်ားမ်ားကို ဘယ္လို လက္ခံ ေျဖရွင္းမလဲဆိုတဲ့ အခ်က္ေပၚ မူတည္ေနပါတယ္။ စိတ္ေပ်ာ္ရႊင္ဖို႕ အတြက္ မိမိရဲ႕ ပတ္၀န္းက်င္ဟာ ေကာင္းမြန္ေနရင္ ေဒါသ ျဖစ္စရာ မေက်မနပ္ျဖစ္စရာေတြက သူ႕အလိုလို ေပၚလာမွာ မဟုတ္ပါဘူး။

UN Sustainable Development Solutions Network ရဲ႕ ထုတ္ျပန္ခ်က္ စစ္တမ္းမ်ားအရ ေနာ္ေ၀း ႏုိင္ငံဟာ ကမၻာေပၚမွာ အေပ်ာ္ရႊင္ဆံုးႏိုင္ငံ ျဖစ္တယ္လို႕ သိရပါတယ္။ ၂၀၁၇ ခုႏွစ္အတြက္ ထုတ္ျပန္ခ်က္ကေတာ့ ေနာ္ေ၀း ႏုိင္ငံဟာ ကမၻာ႕ အေပ်ာ္ရႊင္ဆံုးႏုိင္ငံအျဖစ္ ဗိုလ္စြဲသြားခဲ့ပါတယ္။ အဲ့ဒီေတာ့ ေနာ္ေ၀း ႏုိင္ငံရဲ႕ အေၾကာင္းကို ေလ့လာၾကည့္ရေအာင္။

ေနာ္ေ၀းႏုိင္ငံဟာ ရာသီဥတုအေနနဲ႕ၾကည့္မယ္ဆိုရင္ အျမဲတမ္းနီးပါး ေအးျမတဲ့ ရာသီဥတု ရွိပါတယ္။ အျခားႏုိင္ငံေတြနဲ႕ မတူတာကေတာ့ ေနာ္ေ၀းရဲ႕ ေဆာင္းရာသီဥတုဟာ ပိုရွည္ပါတယ္။ ျပီးေတာ့ ေႏြရာသီမွာလဲ အပူခ်ိန္ျမင့္မားမႈေတြ မရွိပါဘူး။

ေနာ္ေ၀းႏုိင္ငံရဲ႕ အစိုးရ အဖြဲ႕အစည္းေတြဟာ ျပည္သူလူထုကို လံုျခံဳမႈ အျပည့္အ၀ ေပးႏုိင္သလို ျပည္သူလူထုေတြအတြက္ စီစဥ္ထားတဲ့ Program ေပါင္း မ်ားစြာရွိပါတယ္။ ဒါ့အျပင္ ျပည္သူလူထုကလဲ အစိုးရကို ေလးစားမႈထားလ်က္ရွိျပီး ႏွစ္ဦးႏွစ္ဖက္ အေပးအယူမွ်တယ္ဘဲ ေျပာရမွာပါ။ ဒါ့အျပင္ စမ္တမ္းမ်ားအရ သူတို႕ဟာ ေနာ္ေ၀းႏုိင္ငံမွာ ေနရတာ ကိုယ့္ကိုကိုယ္ လံုျခံဳတယ္လို႕ ထင္ေၾကာင္း မွတ္ခ်က္မ်ားေပးခဲ့ပါတယ္။

အစိုးရက ျပည္သူကို လံုျခံဳမႈ ေပးႏုိင္ရံုနဲ႕ ကမၻာ႕အေပ်ာ္ရႊင္ဆံုးႏိုင္ငံ ျဖစ္တာမဟုတ္ပါဘူး။ ေနာ္ေ၀းႏုိင္ငံသားေတြဟာ အေခ်ာင္ခိုစိတ္မရွိတဲ့ ႏုိင္ငံသားမ်ားအျဖစ္နဲ႕လဲ သတ္မွတ္ခံရပါေသးတယ္။ ဒါေၾကာင့္ ေနာ္ေ၀းႏုိင္ငံမွာ ပစၥည္းေပ်ာက္မႈ ျဖစ္ရင္ ျပန္ရေလ့ရွိပါတယ္။ အစိုးရဘက္ကေနလဲ လူမႈကြန္ရက္အဖြဲ႕အစည္းေတြကို တရား၀င္ ေထာက္ပံ့ေပးထားပါတယ္။

ပညာေရးအပိုင္းကို ၾကည့္မယ္ဆိုရင္ ေနာ္ေ၀းအစိုးရဟာ လူမႈဆက္ဆံေရးပညာရပ္ကို အထူးအေလးထားျပီး သင္ၾကားပါတယ္။ တစ္ေယာက္ကို တစ္ေယာက္ ေလးစားသမႈ ျပဳျခင္း၊ ေဆြးေႏြးျခင္း၊ ျပန္လည္မွ်ေ၀ျခင္း စတာေတြကို အေရးေပးလုပ္ေဆာင္တာေၾကာင့္ သူတုိ႕ႏိုင္ငံမွာ ျပႆနာ မရွိသေလာက္ ရွားပါတယ္။

အလုပ္အကိုင္ ရွာေဖြရလြယ္ကူသလို အခုရွာ အခု ရတဲ့ အေျခအေနထိ ႏုိင္ငံက တိုးတက္ေနပါတယ္။ တိုင္းျပည္ရဲ႕ GDP rate ဟာလည္း ျမင့္မားလ်က္ရွိျပီး ၀င္ေငြေကာင္းတဲ့ ႏုိင္ငံတစ္ခုလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ၀င္ေငြေကာင္းရံုတစ္ခုနဲ႕ ကမၻာ႕အေပ်ာ္ရႊင္ဆံုး ႏုိင္ငံတစ္ခုလို႕ သတ္မွတ္လို႕မရပါဘူး။ အေပၚမွာ ေျပာခဲ့ျပီးတဲ့အတိုင္း ေပ်ာ္ရႊင္မႈဆိုတာ မိမိရဲ႕ စိတ္ေနစိတ္ထား ခံယူခ်က္နဲ႕လည္း ဆိုင္ပါေသးတယ္။ UN Sustainable Development Solutions Network ရဲ႕ ေျပာဆုိခ်က္အရ ဆိုရင္ ေနာ္ေ၀းအစိုးရရဲ႕ ျပည္သူေတြအေပၚမွာ စီစဥ္ေပးထားတဲ့ Program နဲ႕ လူမႈဆက္ဆံေရးပညာ ကို ငယ္စဥ္ထဲက ပညာရပ္တစ္ခုနဲ႕ သင္ၾကားျခင္း၊ လူမႈအဖြဲ႕အစည္းေတြကို အျပည့္အ၀ ေထာက္ပံ့ထားျခင္း တို႕ေၾကာင့္ ေနာ္ေ၀းႏုိင္ငံသားေတြဟာ ကမၻာေပၚမွာ စိတ္ေပ်ာ္ရႊင္မႈ ရရွိဆံုး လူသားေတြ ျဖစ္ပါတယ္လို႕ ဆိုပါတယ္။

အေမရိကန္ႏုိင္ငံကေတာ့ ၀င္ေငြျမင့္မားမႈရွိေသာ္လည္း ကမၻာ႕အေပ်ာ္ရႊင္ဆံုး ႏုိင္ငံစာရင္းရဲ႕ အဆင့္ ၁၄ မွာ တည္ရွိေနပါတယ္။ ဒါဟာ က်ဆင္းသြားတာ ျဖစ္ျပီး အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ တက္ျပီးေနာက္မွာ အဆင့္ ၁၄ သို႕ ထိုးဆင္းသြားတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ေနာ္ေ၀း ႏုိင္ငံဟာ ထိပ္ဆံုးမွာ တည္ရွိေနျပီး ဒိန္းမတ္၊ အိုင္ယာလန္၊ ဆြစ္ဇလန္ နဲ႕ ဖင္လန္ ႏိုင္ငံတို႕ဟာ ကမၻာ႕အေပ်ာ္ရႊင္မႈ ရရွိဆံုး ႏုိင္ငံအျဖစ္ သတ္မွတ္ျခင္း ခံထားရပါတယ္။ အေမရိကန္ကေတာ့ အဆင့္ ၁၄ အထိ ထုိးဆင္းသြားျပီ ျဖစ္ပါတယ္။

Ref: Time

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: