Home News Apple မှ အသစ် မိတ်ဆက်လိုက်တဲ့ iPhone 7 နဲ့ 7 Plus Special Edition

Apple မှ အသစ် မိတ်ဆက်လိုက်တဲ့ iPhone 7 နဲ့ 7 Plus Special Edition

0
Apple မှ အသစ် မိတ်ဆက်လိုက်တဲ့ iPhone 7 နဲ့ 7 Plus Special Edition

လက်ရှိ လူတိုင်း စိတ်ဝင်စားနေတာ Apple က ဘယ်ချိန် iPhone 8 ကိုထုတ်မလုပ်ဆိုတာပါဘဲ။ ဒါပေမယ့် အခုတော့ Apple ကနေ လူတိုင်း မထင်မှတ်ထားတဲ့ iPhone Special Edition ထုတ်လိုက်ပါတယ်။ အဲ့ဒါကတော့ iPhone 7 နဲ့ 7 Plus Special Edition ဖြစ်ပြီး ဖုန်းရဲ့ ကိုယ်ထည်အရောင်ကိုတော့ အနီရောင် အဖြစ်ထုတ်လုပ်လိုက်ပါတယ်။

Red အဖွဲ့အစည်းဆိုတာ AIDS တိုက်ဖျက်ရေး ပရဟိတ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး Apple နဲ့ပူးပေါင်းပြီး ပရဟိတ လုပ်ငန်းစဉ်တွေ လုပ်တာ ဖြစ်ပါတယ်။ Apple အနေနဲ့ Red edition အဖြစ် ထုတ်လုပ် ရောင်းချလို့ရတဲ့ အမြတ်ကနေ Red အဖွဲ့အစည်းကို ပြန်လည်လှူဒါန်းသွားမယ် လို့ သိရပါတယ်။

မတ်လ ၂၄ မှာ စတင်ရောင်းချမှာ ဖြစ်ပြီးတော့ အနိမ့်ဆုံးဈေးနှုန်း ၇၄၉ ဒေါ်လာနဲ့ အမြင့်ဆုံး ၈၆၉ ဒေါ်လာကျသင့်မယ်လို့ ဖော်ပြထားပါတယ်။ အနီရောင်ကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ iPhone က တစ်ကယ့်ကို အံ့သြဖွယ်ရာ ပြုလုပ်ပေးပါပြီ။ ဒါပေမယ့် ဈေးကတော့ ကောင်းမှာပါ။ မြန်မာပြည်ရောက်လာတဲ့အခါ ရောင်းဈေး ၁၅ သိန်းနဲ့ သိန်း ၂၀ ကြားရှိမယ်လို့ ခန့်မှန်းမိပါတယ်။

Zawgyi Font : Apple မှ အသစ် မိတ်ဆက်လိုက်တဲ့ iPhone 7 နဲ့ 7 Plus Special Edition




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: