Home Knowledge Inspiration အောင်မြင်သူတွေမလုပ်တဲ့ အလုပ်(၅)မျိုး

အောင်မြင်သူတွေမလုပ်တဲ့ အလုပ်(၅)မျိုး

0
အောင်မြင်သူတွေမလုပ်တဲ့ အလုပ်(၅)မျိုး

လူတိုင်းအောင်မြင်ချင်ကြတယ်၊ အောင်မြင်ဖို့ကြိုးစားနေကြတယ်ဆိုရင် လူတိုင်းအတွက် မှန်ကန်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အောင်မြင်မှု ဆိုတာကို လူအမျိုးမျိုးက ပေတံအမျိုးမျိုးနဲ့ တိုင်းတာနိုင်ကြလို့ပါပဲ။ ဘယ်လိုပေတံနဲ့ပဲတိုင်းတိုင်း အောင်မြင်မှုကို စွမ်းဆောင်နိုင်ကြသူတွေမှာ သူတို့ မလုပ်တဲ့ အလုပ်(၅)မျိုးရှိပါတယ်။ အောင်မြင်သူတွေဟာ၊

(၁) သူတပါးကို အပြစ်မတင်ကြပါဘူး။

အောင်မြင်သူတွေဟာ အပြစ်ဖို့ခြင်းရဲ့ ဆိုးကျိုးကို ကောင်းစွာနားလည်ကြပါတယ်။ သူတို့က မိမိဘဝကို မိမိကသာ တာဝန်ယူမယ်ဆိုတဲ့ စိတ်ရှိကြသူတွေဖြစ်ကြပါတယ်။ ဒီစိတ်ကြောင့် ကိုယ့်ဘဝလှေကို ကိုယ်တိုင်ပဲ့ကိုင်ဖို့တွန်းအားကိုလည်းဖြစ်စေပါတယ်။

(၂) ပြောင်းလဲမှုကို မဆန့်ကျင်ကြဘူး။

အောင်မြင်သူတွေက ပြောင်းလဲမှုဟာ လူတစ်ယောက်တိုးတက်ဖို့နဲ့ နောက်တစ်ဆင့်တက်ဖို့အတွက် လိုအပ်တယ်လို့ ယုံကြည်ကြတဲ့အတွက် ပြောင်းလဲမှုကို မဆန့်ကျင်ကြပါဘူး။သူတို့က မပြောင်းလဲရင် နောက်ပြန်ဆုတ်နေတယ်လို့သိကြတယ်။ သူတို့က နေ့စဉ်ပြောင်းလဲဖို့လိုအပ်နေတဲ့ အကျင့်စရိုက်ဆိုးတွေကို ရဲရဲတင်းတင်းပြောင်းလဲနိုင်ကြသူတွေလည်းဖြစ်ကြပါတယ်။

(၃) ကြောက်ရွံ့ပြီးရပ်မသွားကြဘူး။

လူတိုင်းမှာ အကြောက်တရားရှိကြသလို ယုံကြည်မှုဆိုတာလည်း အကန့်အသတ်နဲ့သာရှိကြပါတယ်။ အောင်မြင်သူတွေဟာလည်း လူသားပီပီ အကြောက်တရားရှိကြပေမယ့် အကြောက်တရားကြောင့် သူတို့ရဲ့ ယုံကြည်မှုကို ပျက်ယွင်းမခံကြပါဘူး။ သာမန်လူတွေက မိသားစု၊ ပတ်ဝန်းကျင်အခြေအနေနဲ့ အပေါင်းအသင်း မိတ်ဆွေတွေအပေါ်မူတည်ပြီး ယုံကြည်ချက်တွေ ပြောင်းလဲတတ်ကြတယ်။ ကြောက်ရွံ့မှုတွေဖြစ်လာကြတယ်။ ဒါကြောင့်သူတို့လုပ်ဆောင်နေတာကို ရပ်တန့်လိုက်ကြတယ်။ အထွဋ်အထိပ် ရောက်သူတွေကတော့ သာမန်လူတွေနဲ့ဆန့်ကျင်ဘက်ပါပဲ။

(၄) အကူအညီတောင်းရမှာ မကြောက်ဘူး။

မသိရင်မေး၊မစင်ရင်ဆေး ဆိုတဲ့ စကားနဲ့အညီ အောင်မြင်သူတွေဟာ သူတို့မသိနားမလည်သေးတဲ့ အရာတွေကို မေးမြန်းစူစမ်းတတ်ကြတယ်။ သူတို့ကိုယ်သူတို့ ဆရာကြီးဂိုက်ဖမ်းပြီး အကူအညီတောင်းရမှာ ရှက်ကြောက်နေတတ်သူတွေ မဟုတ်ကြပါဘူး။ သူတို့က မိမိထက် တတ်ကျွမ်းနားလည်သူတွေကို အမြဲဆရာတင်လေ့ရှိကြတယ်။ လောကမှာ အရာရာကို နှံ့စပ်ပြီးနားလည်တတ်သိတဲ့လူဆိုတာ အင်မတန်ရှားပါတယ်။ ဒါကြောင့် မိမိမကျွမ်းကျင်တဲ့နေရာမှာ အကူအညီတောင်းရဲဖို့၊ မေးမြန်းစူးစမ်းရဲဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အောင်မြင်လိုသူဟာ အမြဲ အသစ်အဆန်းတွေကို စူးစမ်းရှာဖွေနေကြလို့ပါပဲ။

(၅) ပြီးပြည့်စုံမှ အလုပ်လုပ်တဲ့လူတွေ မဟုတ်ဘူး။

ဒီအချက်က သာမန်လူတွေနဲ့ အောင်မြင်သူတွေ ကြားသိသိသာသာ ကွာခြားနေတဲ့အချက် တစ်ခုလည်းဖြစ်ပါတယ်။ အောင်မြင်သူတွေက အလုပ်တစ်ခုကို မပြည့်မစုံနဲ့ဘဲ စခဲ့ ကြရပြီး ပြီးပြည်စုံအောင် အဆုံးသတ်ကြသူတွေဖြစ်ပါတယ်။ အောင်မြင်သူတွေက လက်ရှိ အခြေအနေကို အကောင်းဆုံးလို့ နားလည်ပြီး အလုပ်ကို စကြသူတွေဖြစ်တယ်။ မပြည့်စုံမှုက သူတို့အတွက် အခွင့်အလမ်းတစ်ခုလို့ယုံကြည်ကြတယ်။ သာမန်လူတွေအဖို့တော့ မပြည့်စုံမှုဟာ သူတို့အတွက် ဆင်ခြေတွေဖြစ်ပါတယ်။

ကဲ၊မိတ်ဆွေတို့လည်း အထက်ဖေါ်ပြခဲ့တဲ့အချက်တွေကို တတ်နိုင်သမျှရှောင်ပြီး တိုးတက်အောင်မြင်နိုင်ကြပါစေ။

ကိုးကား။   ။ SUCCESS MAGAZINE

Zawgyi Font : ေအာင္ျမင္သူေတြမလုပ္တဲ႔ အလုပ္(၅)မ်ိဳး

လူတိုင္းေအာင္ျမင္ခ်င္ၾကတယ္၊ ေအာင္ျမင္ဖို႔ၾကိဳးစားေနၾကတယ္ဆိုရင္ လူတိုင္းအတြက္ မွန္ကန္ႏိုင္ပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ႔ ေအာင္ျမင္မႈ ဆိုတာကို လူအမ်ိဳးမ်ိဳးက ေပတံအမ်ိဳးမ်ိဳးနဲ႔ တိုင္းတာႏိုင္ၾကလို႔ပါပဲ။ ဘယ္လိုေပတံနဲ႔ပဲတိုင္းတိုင္း ေအာင္ျမင္မွဳကို စြမ္းေဆာင္ႏိုင္ၾကသူေတြမွာ သူတို႕ မလုပ္တဲ့ အလုပ္(၅)မ်ိဳးရွိပါတယ္။ ေအာင္ျမင္သူေတြဟာ၊

(၁) သူတပါးကို အျပစ္မတင္ၾကပါဘူး။

ေအာင္ျမင္သူေတြဟာ အျပစ္ဖို႔ျခင္းရဲ႕ ဆိုးက်ိဳးကို ေကာင္းစြာနားလည္ၾကပါတယ္။ သူတို႔က မိမိဘ၀ကို မိမိကသာ တာ၀န္ယူမယ္ဆိုတဲ့ စိတ္ရွိၾကသူေတြျဖစ္ၾကပါတယ္။ ဒီစိတ္ေၾကာင္႔ ကိုယ္႕ဘ၀ေလွကို ကိုယ္တိုင္ပဲ႔ကိုင္ဖို႔တြန္းအားကိုလည္းျဖစ္ေစပါတယ္။

(၂) ေျပာင္းလဲမွဳကို မဆန္႔က်င္ၾကဘူး။

ေအာင္ျမင္သူေတြက ေျပာင္းလဲမႈဟာ လူတစ္ေယာက္တိုးတက္ဖို႔နဲ႔ ေနာက္တစ္ဆင္႔တက္ဖို႕အတြက္ လိုအပ္တယ္လို႔ ယံုၾကည္ၾကတဲ႔အတြက္ ေျပာင္းလဲမႈကို မဆန္႔က်င္ၾကပါဘူး။သူတို႔က မေျပာင္းလဲရင္ ေနာက္ျပန္ဆုတ္ေနတယ္လို႔သိၾကတယ္။ သူတို႔က ေန႕စဥ္ေျပာင္းလဲဖို႕လိုအပ္ေနတဲ႔ အက်င္႔စရိုက္ဆိုးေတြကို ရဲရဲတင္းတင္းေျပာင္းလဲႏိုင္ၾကသူေတြလည္းျဖစ္ၾကပါတယ္။

(၃) ေၾကာက္ရြံ႕ျပီးရပ္မသြားၾကဘူး။

လူတိုင္းမွာ အေၾကာက္တရားရွိၾကသလို ယံုၾကည္မႈဆိုတာလည္း အကန္႔အသတ္နဲ႕သာရွိၾကပါတယ္။ ေအာင္ျမင္သူေတြဟာလည္း လူသားပီပီ အေၾကာက္တရားရွိၾကေပမယ္႔ အေၾကာက္တရားေၾကာင္႔ သူတို႕ရဲ႕ ယံုၾကည္မႈကို ပ်က္ယြင္းမခံၾကပါဘူး။ သာမန္လူေတြက မိသားစု၊ ပတ္၀န္းက်င္အေျခအေနနဲ႕ အေပါင္းအသင္း မိတ္ေဆြေတြအေပၚမူတည္ျပီး ယံုၾကည္ခ်က္ေတြ ေျပာင္းလဲတတ္ၾကတယ္။ ေၾကာက္ရြံ႕မွဳေတြျဖစ္လာၾကတယ္။ ဒါေၾကာင္႔သူတို႕လုပ္ေဆာင္ေနတာကို ရပ္တန္႔လိုက္ၾကတယ္။ အထြဋ္အထိပ္ ေရာက္သူေတြကေတာ႔ သာမန္လူေတြနဲ႔ဆန္႔က်င္ဘက္ပါပဲ။

(၄) အကူအညီေတာင္းရမွာ မေၾကာက္ဘူး။

မသိရင္ေမး၊မစင္ရင္ေဆး ဆိုတဲ့ စကားနဲ႔အညီ ေအာင္ျမင္သူေတြဟာ သူတို႔မသိနားမလည္ေသးတဲ့ အရာေတြကို ေမးျမန္းစူစမ္းတတ္ၾကတယ္။ သူတို႕ကိုယ္သူတို႔ ဆရာၾကီးဂိုက္ဖမ္းျပီး အကူအညီေတာင္းရမွာ ရွက္ေၾကာက္ေနတတ္သူေတြ မဟုတ္ၾကပါဘူး။ သူတို႔က မိမိထက္ တတ္ကၽြမ္းနားလည္သူေတြကို အျမဲဆရာတင္ေလ႕ရွိၾကတယ္။ ေလာကမွာ အရာရာကို ႏွံ႔စပ္ျပီးနားလည္တတ္သိတဲ႔လူဆိုတာ အင္မတန္ရွားပါတယ္။ ဒါေၾကာင့္ မိမိမကၽြမ္းက်င္တဲ႔ေနရာမွာ အကူအညီေတာင္းရဲဖို႔၊ ေမးျမန္းစူးစမ္းရဲဖို႔လိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ႔ ေအာင္ျမင္လိုသူဟာ အျမဲ အသစ္အဆန္းေတြကို စူးစမ္းရွာေဖြေနၾကလို႔ပါပဲ။

(၅) ျပီးျပည္႔စံုမွ အလုပ္လုပ္တဲ႔လူေတြ မဟုတ္ဘူး။

ဒီအခ်က္က သာမန္လူေတြနဲ႕ ေအာင္ျမင္သူေတြ ၾကားသိသိသာသာ ကြာျခားေနတဲ႔အခ်က္ တစ္ခုလည္းျဖစ္ပါတယ္။ ေအာင္ျမင္သူေတြက အလုပ္တစ္ခုကို မျပည့္မစံုနဲ႔ဘဲ စခဲ့ ၾကရျပီး ျပီးျပည္စံုေအာင္ အဆံုးသတ္ၾကသူေတြျဖစ္ပါတယ္။ ေအာင္ျမင္သူေတြက လက္ရွိ အေျခအေနကို အေကာင္းဆံုးလို႔ နားလည္ျပီး အလုပ္ကို စၾကသူေတြျဖစ္တယ္။ မျပည္႕စံုမႈက သူတို႔အတြက္ အခြင္႔အလမ္းတစ္ခုလို႔ယံုၾကည္ၾကတယ္။ သာမန္လူေတြအဖို႕ေတာ႔ မျပည္႕စံုမႈဟာ သူတို႔အတြက္ ဆင္ေျခေတြျဖစ္ပါတယ္။

ကဲ၊မိတ္ေဆြတို႕လည္း အထက္ေဖၚျပခဲ႔တဲ႔အခ်က္ေတြကို တတ္နိုင္သမွ်ေရွာင္ျပီး တိုးတက္ေအာင္ျမင္ႏိုင္ၾကပါေစ။

ကိုးကား။   ။ SUCCESS MAGAZINE

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: