Home Lifestyle မြန်မာငွေ သိန်း ၂၁၀၀ ဝန်းကျင်နဲ့ ကမ္ဘာကြီးကို လေယာဉ်ကြီးစီးပြီး ပတ်လို့ရပြီ

မြန်မာငွေ သိန်း ၂၁၀၀ ဝန်းကျင်နဲ့ ကမ္ဘာကြီးကို လေယာဉ်ကြီးစီးပြီး ပတ်လို့ရပြီ

0
မြန်မာငွေ သိန်း ၂၁၀၀ ဝန်းကျင်နဲ့ ကမ္ဘာကြီးကို လေယာဉ်ကြီးစီးပြီး ပတ်လို့ရပြီ

တစ်ကယ့်ကို အံ့သြစရာပါဘဲ။ ကမ္ဘာကြီး ဘယ်လောက်ကြီးတယ်ပြောပြော ၂၉ ရက်ထဲနဲ့ ကမ္ဘာပတ်နိုင်ပါပြီ။ ကမ္ဘာကြီးပေါ်မှာ ရှိတဲ့ ထင်ရှားတဲ့နေရာတွေကို ခရီးစဉ်အဖြစ် လိုက်ပို့ပေးမယ့် လေကြောင်းခရီးစဉ် တစ်ခုကို Crystal Cruises ကုမ္ပဏီကနေ မိတ်ဆက်လိုက်ပါတယ်။

Private Jet နဲ့ ခရီးစဉ်ကို စီစဉ်ပေးမှာ ဖြစ်ပြီး ခရီးစဉ်တစ်ခုလုံးအတွက် လူတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၅၉၀၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်မယ်ဆိုရင် ကျပ်သိန်းပေါင်း ၂၁၀၀ ခန့်ကုန်ကျမှာ ဖြစ်ပါတယ်။ ပိုက်ဆံရှိရင်တော့ သွားကြပေါ့ဗျာ။ Crystal Cruises ကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံး တစ်ကမ္ဘာလုံးကို ၂၉ ရက်နဲ့ လေကြောင်းခရီးစဉ်တွေ စီစဉ်ပေးတဲ့ လေကြောင်းခရီးသွားလာရေး ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းမှာ ဟိုတယ်ပေါင်းများစွာပိုင်ဆိုင်ပြီး အပန်းဖြေလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခုလဲ ဖြစ်ပါတယ်။

SmartFlyer ရဲ့ ခရီးသွားလမ်းညွှန် Professional တစ်ဦးဖြစ်တဲ့ Michael Holtz ကတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်ခန့်က တစ်ကမ္ဘာလုံးကို လေယာဉ်နဲ့အပန်းဖြေခရီးစဉ်လုပ်ဖို့ ကုမ္ပဏီ ၂ခု ၃ခု လောက်တော့ စီစဉ်ကြသေးတယ်၊ ဒါပေမယ့် မားကတ်တင်း ကို သေချာမလုပ်တော့ ခရီးစဉ်တွေဟာ မဖြစ်မြောက်ခဲ့ပါဘူး လို့ ပြောပါတယ်။

ယခုမှ တစ်ကမ္ဘာလုံးကို ၂၉ ရက်နဲ့ ပတ်ပေးဖို့ စီစဉ်တဲ့ Crystal Cruises ရဲ့ Private Jet မှာ ခုံပေါင်း ၅၂ ခုံသာ ပါဝင်မှာ ဖြစ်ပြီး အထဲမှာ ဇိမ်ခံပစ္စည်းတွေနဲ့ ခရီးသည်တွေကို ဖျော်ဖြေနိုင်မယ့် အစီအစဉ်တွေလဲ ထည့်သွင်းပေးထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခရီးစဉ်တစ်ခုဆိုက်ရောက်တိုင်းမှာ အဆင့်မြင့် ဟိုတယ်တွေမှာဘဲ တည်းခိုစေမှာ ဖြစ်ပြီး အဆိုပါ နေရာတွေရဲ့ ထင်ရှားတဲ့နေရာတွေကို ရဟတ်ယာဉ်နဲ့ ပို့ပေးအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခရီးစဉ်တိုင်းမှာ သင်ဟာ လေပေါ်မှာ ထိုင်ရသလိုဘဲ ခံစားရစေမှာပါ။

ဒါ့အပြင် Crystal Cruises ရဲ့ ပြောဆိုချက်အရ ဆိုရင် မိမိကိုယ်တိုင် ကမ္ဘာကြီးကို ပတ်ဖို့ ခရီးစဉ်စီစဉ်မယ်ဆိုရင်တောင် သူတို့ယူတဲ့ ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၃၀ ရာခိုင်နှုန်းလောက်ဘဲ ပိုက်ဆံသက်သာတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဝန်ဆောင်မှုတွေမှာ ခရီးစဉ်တစ်လျှောက် ဖျော်ဖြေရေးတွေ၊ ဇိမ်ခံပစ္စည်းတွေနဲ့၊ လည်ပတ်မယ့် ဒေသရောက်တဲ့အခါ ခရီးစဉ်လိုက်ပို့မယ့် Professional လမ်းညွှန်တွေအစ အကုန်အကျခံထားတာမို့လို့ တစ်ကမ္ဘာလုံးကို ပတ်မယ်လို့ စဉ်းစားထားရင် Crystal Cruises နဲ့ဘဲ အတူအကွပျံသန်းတာ စိတ်ချမ်းသာမှု ရစေရမယ် လို့ အာမခံထားပါတယ်။

Zawgyi Font : ျမန္မာေငြ သိန္း ၂၁၀၀ ၀န္းက်င္နဲ႕ ကမၻာၾကီးကို ေလယာဥ္ၾကီးစီးျပီး ပတ္လို႕ရျပီ

တစ္ကယ့္ကို အံ့ၾသစရာပါဘဲ။ ကမၻာၾကီး ဘယ္ေလာက္ၾကီးတယ္ေျပာေျပာ ၂၉ ရက္ထဲနဲ႕ ကမၻာပတ္ႏိုင္ပါျပီ။ ကမၻာၾကီးေပၚမွာ ရွိတဲ့ ထင္ရွားတဲ့ေနရာေတြကို ခရီးစဥ္အျဖစ္ လိုက္ပို႕ေပးမယ့္ ေလေၾကာင္းခရီးစဥ္ တစ္ခုကို Crystal Cruises ကုမၸဏီကေန မိတ္ဆက္လိုက္ပါတယ္။

Private Jet နဲ႕ ခရီးစဥ္ကို စီစဥ္ေပးမွာ ျဖစ္ျပီး ခရီးစဥ္တစ္ခုလံုးအတြက္ လူတစ္ဦးလွ်င္ အေမရိကန္ ေဒၚလာ ၁၅၉၀၀၀ ကုန္က်မွာ ျဖစ္ပါတယ္။ ျမန္မာေငြနဲ႕ တြက္မယ္ဆိုရင္ က်ပ္သိန္းေပါင္း ၂၁၀၀ ခန္႕ကုန္က်မွာ ျဖစ္ပါတယ္။ ပုိက္ဆံရွိရင္ေတာ့ သြားၾကေပါ့ဗ်ာ။ Crystal Cruises ကုမၸဏီဟာ ကမၻာ႕ပထမဆံုး တစ္ကမၻာလံုးကို ၂၉ ရက္နဲ႕ ေလေၾကာင္းခရီးစဥ္ေတြ စီစဥ္ေပးတဲ့ ေလေၾကာင္းခရီးသြားလာေရး ကုမၸဏီ ျဖစ္ပါတယ္။ ဒါ့အျပင္ ကမၻာတစ္၀ွမ္းမွာ ဟိုတယ္ေပါင္းမ်ားစြာပိုင္ဆိုင္ျပီး အပန္းေျဖလုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့ ကုမၸဏီတစ္ခုလဲ ျဖစ္ပါတယ္။

SmartFlyer ရဲ႕ ခရီးသြားလမ္းညႊန္ Professional တစ္ဦးျဖစ္တဲ့ Michael Holtz ကေတာ့ လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္ခန္႕က တစ္ကမၻာလံုးကို ေလယာဥ္နဲ႕အပန္းေျဖခရီးစဥ္လုပ္ဖို႕ ကုမၸဏီ ၂ခု ၃ခု ေလာက္ေတာ့ စီစဥ္ၾကေသးတယ္၊ ဒါေပမယ့္ မားကတ္တင္း ကို ေသခ်ာမလုပ္ေတာ့ ခရီးစဥ္ေတြဟာ မျဖစ္ေျမာက္ခဲ့ပါဘူး လို႕ ေျပာပါတယ္။

ယခုမွ တစ္ကမၻာလံုးကို ၂၉ ရက္နဲ႕ ပတ္ေပးဖို႕ စီစဥ္တဲ့ Crystal Cruises ရဲ႕ Private Jet မွာ ခံုေပါင္း ၅၂ ခံုသာ ပါ၀င္မွာ ျဖစ္ျပီး အထဲမွာ ဇိမ္ခံပစၥည္းေတြနဲ႕ ခရီးသည္ေတြကို ေဖ်ာ္ေျဖႏိုင္မယ့္ အစီအစဥ္ေတြလဲ ထည့္သြင္းေပးထားမွာ ျဖစ္တယ္လို႕ ဆိုပါတယ္။ ခရီးစဥ္တစ္ခုဆိုက္ေရာက္တိုင္းမွာ အဆင့္ျမင့္ ဟိုတယ္ေတြမွာဘဲ တည္းခိုေစမွာ ျဖစ္ျပီး အဆိုပါ ေနရာေတြရဲ႕ ထင္ရွားတဲ့ေနရာေတြကို ရဟတ္ယာဥ္နဲ႕ ပို႕ေပးအံုးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ခရီးစဥ္တိုင္းမွာ သင္ဟာ ေလေပၚမွာ ထိုင္ရသလိုဘဲ ခံစားရေစမွာပါ။

ဒါ့အျပင္ Crystal Cruises ရဲ႕ ေျပာဆိုခ်က္အရ ဆိုရင္ မိမိကိုယ္တိုင္ ကမၻာၾကီးကို ပတ္ဖို႕ ခရီးစဥ္စီစဥ္မယ္ဆိုရင္ေတာင္ သူတို႕ယူတဲ့ ေစ်းႏႈန္းထက္ ၂၀ ရာခိုင္ႏႈန္း သို႕မဟုတ္ ၃၀ ရာခိုင္ႏႈန္းေလာက္ဘဲ ပိုက္ဆံသက္သာတာ ျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႕ရဲ႕ ၀န္ေဆာင္မႈေတြမွာ ခရီးစဥ္တစ္ေလွ်ာက္ ေဖ်ာ္ေျဖေရးေတြ၊ ဇိမ္ခံပစၥည္းေတြနဲ႕၊ လည္ပတ္မယ့္ ေဒသေရာက္တဲ့အခါ ခရီးစဥ္လိုက္ပို႕မယ့္ Professional လမ္းညႊန္ေတြအစ အကုန္အက်ခံထားတာမို႕လို႕ တစ္ကမၻာလံုးကို ပတ္မယ္လို႕ စဥ္းစားထားရင္ Crystal Cruises နဲ႕ဘဲ အတူအကြပ်ံသန္းတာ စိတ္ခ်မ္းသာမႈ ရေစရမယ္ လို႕ အာမခံထားပါတယ္။

Source :  Bloomberg

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: