Home Knowledge အလုပ်အကိုင်မရှိတာလား မလုပ်ကြတာလား

အလုပ်အကိုင်မရှိတာလား မလုပ်ကြတာလား

0
အလုပ်အကိုင်မရှိတာလား မလုပ်ကြတာလား

အလုပ်အကိုင် ဘယ်လိုဘဲ ရှားပါးတယ်ပြောပြော တစ်ကယ်ရှာဖွေတတ်မယ်ဆိုရင် အလုပ်အကိုင် ရှိပါတယ်။ လုပ်ငန်းခွင်တိုင်းမှာ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ ပညာရှင်တွေ အမြဲတမ်းလိုအပ်နေတာပါ။ ဒါကြောင့် သူများတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိဘူး ရှားတယ်ပြောတိုင်း အလုပ်မလုပ်ဘဲနေရစတမ်းဆိုရင် အသက်ကြီးပြီး အချိန်မစီးတဲ့သူ တစ်ယောက်သာ ဖြစ်လာမှာပါ။

ဟုတ်ပါတယ် မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေလောက် လစာမပေးနိုင်ပေမယ့် သာမန်လူတန်းစားအတွက်လောက်တော့ အလုပ်အကိုင်မရှားပါဘူး။ အတန်းပညာမတတ်တဲ့ အောက်ခြေလူတန်းစားအတွက်တော့ မြန်မာနိုင်ငံဟာ အလုပ်အကိုင်နဲ့ ဝင်ငွေ မျှတမှု မရှိပေမယ့် သာမန်လူတန်းစားအတွက်တော့ အလုပ်အကိုင် အဲ့ဒီလောက် မရှားပါဘူး။ သာမန် လူတန်းစားတွေ အနေနဲ့ အလုပ်အကိုင်မရှိဘူးဆိုတာ လွယ်လွယ်နဲ့ပြောကြပေမယ့် အလုပ်အကိုင်ကိုရော လက်တွေ့မှာ ကိုယ်တိုင် ရှာပြီးပြီလား ဆိုတဲ့ မေးခွန်းကို ပြန်လည် ဆန်းစစ်ကြည့်ပါ။

နောက်တစ်ခုက ကိုယ့်မှာ ထိုက်သင့်တဲ့ အရည်အချင်းရှိပြီလား ဆိုတာပါဘဲ။ ဘယ်အလုပ်ရှင်ကမှ သင်တို့ကို အလကားပိုက်ဆံပေးထားဖို့တာဝန်မရှိပါဘူး။ ထိုက်သင့်တဲ့ အရည်အချင်းရှိရင် အလုပ်အကိုင် အခွင့်အလမ်းက ရှိပါတယ်။ လက်ရှိအခြေအနေမှာ နိုင်ငံခြားနဲ့တော့ မနှိုင်းပါနဲ့အုံး။ အရည်အချင်းမှီအောင် အရင်လုပ်ပါလို့ အကြံပေးချင် ပါတယ်။ လက်ရှိ ပညာရေးအခြေအနေကိုလဲ အပြစ်မတင်ပါနဲ့အုံး။ သူများကို အပြစ်တင်နေလို့ ဘာမှမဖြစ်လာပါဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကယ်တင်ပါ။ ဘယ်သူမှ ကိုယ့်ကို မထောက်ပံ့ရင်လည်း ကိုယ့်ကိုကိုယ် အားကိုးပါ။

အချို့တွေ အလုပ်တော့ ရပေမယ့် မလုပ်ကြတာမျိုးလဲရှိပါတယ်။ တန်မတန်ကတော့ ကိုယ်တိုင်ဘဲ နားလည်ပါမှာ။ ဒါပေမယ့် ဝင်ကတည်းက ဘာမှသိပ်မလုပ်ချင်ဘဲ အထက်လူကြီးတွေရတဲ့ လစာမျိုး လိုချင်လို့ကတော့ သေချာပါတယ် သင်ဟာ အချောင်စိတ်ဓာတ်ရှိနေတဲ့ အတွက် ယခုအချိန်မှာ အလုပ်မရှိတာ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် အစွမ်းအစရှိတယ်ထင်ရင် နိုင်ငံခြားထွက်လုပ်ကြည့်ဖို့ အကြံပေးလိုပါတယ်။ နိုင်ငံခြားမှာ ပေးတဲ့လစာက များသလိုလိုထင်ရပေမယ့် တာဝန်ယူမှုတွေ တစ်သီတစ်တန်းကြီး လိုက်ပါလာပါတယ်။

လက်ရှိပတ်ဝန်းကျင်မှာ အင်တာဗျူးလိုက်တဲ့အခါ သက်သက်သာသာနဲ့ အလကားနီးပါး ပိုက်ဆံရလိုတဲ့ စိတ်တွေကို မြင်တွေ့နေရပါတယ်။ ကျောင်းပြီးလို့ ဘွဲ့ရရင် ဘဏ်မှာ အလုပ်လုပ်မယ်၊ NGO မှာ ဝင်လုပ်မယ် ဆိုတာမျိုးက ပိုများပါတယ်။ တစ်ကယ့်ဝါသနာလားဆိုတော့ No ပါလို့ ပြောလို့ရတဲ့ အခြေအနေရှိပါတယ်။ ဘဏ်မှာလုပ်တော့ အဲကွန်းခန်းထဲမှာ လုပ်ရတာလေ၊ အိနြေ္ဒလည်း မပျက်တော့ဘူးပေါ့၊ သက်လည်း သက်သာတယ်လေ စတဲ့ စကားလုံးတွေဘဲ ထွက်လာကြတာများပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ အလုပ်တစ်ခု ရနေပါသေးတယ်။

ယခုဆိုရင် ယခင်ကထက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုများပြားလာပါပြီ။ အလုပ်အကိုင် အခွင့်အလမ်းဂျာနယ်တွေ၊ အင်တာနက်ကနေ အလုပ်ခေါ်စာတွေမှ အများကြီးပါ။ အမှန်တစ်ကယ် အလုပ်လုပ်လိုတဲ့သူကတော့ ပြောစရာတောင် မလိုပါဘူး။ အဲ့ဒါတွေကို မဖတ်ဘဲ အလုပ်မရှိဘူးလို့ ထိုင်အော်နေရင်တော့ အချိန်ကုန်ပြီး အသက်ကြီးသွားပါလိမ့်မယ်။ အဲ့ဒီတော့ အလုပ်မရှိတာလား မလုပ်ချင်တာလားဆိုတာ ကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။

အစပိုင်း လစာနည်းနိုင်ပေမယ့် သင် အလုပ်လုပ်တာ လစာတစ်ခုထဲနဲ့အတွက်ဆိုရင်တော့ ကျပ်မပြည့်တဲ့စာရင်းထဲ ထည့်ရပါလိမ့်မယ်။ လုပ်ငန်းခွင်ရဲ့ ပတ်ဝန်းကျင်၊ လုပ်ငန်းသဘာဝ၊ မိတ်ဆွေ၊ ကျွမ်းကျင်မှု စတဲ့ အရာတွေဟာ အလုပ်လုပ်ရင်းနဲ့ တစ်ဖြည်းဖြည်းနဲ့ ကြီးထွားလာမှာ ဖြစ်ပါတယ်။ အလုပ်မလုပ်ဘဲ နေရင်တော့ ယခုနေနေတဲ့အတိုင်းသာ ဘာမှဆက်လက် မကြီးထွားဘဲ ရှိနေမှာပါ။ ဒီတော့ အလုပ်မရှိဘူးလို့ ပြောမယ့်အစား အလုပ်လေးတစ်ခုတော့ သေချာမွှေနှောက်ရှာလိုက်ပါ။ သင့်အတွက် လောကကြီးမှာ သင့်တင့်တဲ့ နေရာတစ်ခုတော့ ရှိနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ သင်ဟာ ကမ္ဘာ့ကံအဆိုးဆုံး လူသားမဟုတ်တဲ့ အတွက် ဖြစ်ပါတယ်။

Zawgyi Font : အလုပ္အကိုင္မရွိတာလား မလုပ္ၾကတာလား

အလုပ္အကိုင္ ဘယ္လိုဘဲ ရွားပါးတယ္ေျပာေျပာ တစ္ကယ္ရွာေဖြတတ္မယ္ဆိုရင္ အလုပ္အကိုင္ ရွိပါတယ္။ လုပ္ငန္းခြင္တိုင္းမွာ ကြ်မ္းက်င္၀န္ထမ္းေတြနဲ႕ ပညာရွင္ေတြ အျမဲတမ္းလိုအပ္ေနတာပါ။ ဒါေၾကာင့္ သူမ်ားေတြ အလုပ္အကိုင္ အခြင့္အလမ္းေတြ မရွိဘူး ရွားတယ္ေျပာတိုင္း အလုပ္မလုပ္ဘဲေနရစတမ္းဆိုရင္ အသက္ၾကီးျပီး အခ်ိန္မစီးတဲ့သူ တစ္ေယာက္သာ ျဖစ္လာမွာပါ။

ဟုတ္ပါတယ္ ျမန္မာႏုိင္ငံဟာ အျခားႏုိင္ငံေတြေလာက္ လစာမေပးႏုိင္ေပမယ့္ သာမန္လူတန္းစားအတြက္ေလာက္ေတာ့ အလုပ္အကိုင္မရွားပါဘူး။ အတန္းပညာမတတ္တဲ့ ေအာက္ေျခလူတန္းစားအတြက္ေတာ့ ျမန္မာႏုိင္ငံဟာ အလုပ္အကိုင္နဲ႕ ၀င္ေငြ မွ်တမႈ မရွိေပမယ့္ သာမန္လူတန္းစားအတြက္ေတာ့ အလုပ္အကိုင္ အဲ့ဒီေလာက္ မရွားပါဘူး။ သာမန္ လူတန္းစားေတြ အေနနဲ႕ အလုပ္အကိုင္မရွိဘူးဆိုတာ လြယ္လြယ္နဲ႕ေျပာၾကေပမယ့္ အလုပ္အကိုင္ကိုေရာ လက္ေတြ႕မွာ ကိုယ္တိုင္ ရွာျပီးျပီလား ဆိုတဲ့ ေမးခြန္းကို ျပန္လည္ ဆန္းစစ္ၾကည့္ပါ။

ေနာက္တစ္ခုက ကိုယ့္မွာ ထိုက္သင့္တဲ့ အရည္အခ်င္းရွိျပီလား ဆိုတာပါဘဲ။ ဘယ္အလုပ္ရွင္ကမွ သင္တို႕ကို အလကားပိုက္ဆံေပးထားဖို႕တာ၀န္မရွိပါဘူး။ ထိုက္သင့္တဲ့ အရည္အခ်င္းရွိရင္ အလုပ္အကိုင္ အခြင့္အလမ္းက ရွိပါတယ္။ လက္ရွိအေျခအေနမွာ ႏုိင္ငံျခားနဲ႕ေတာ့ မႏိႈင္းပါနဲ႕အံုး။ အရည္အခ်င္းမွီေအာင္ အရင္လုပ္ပါလို႕ အၾကံေပးျခင္း ပါတယ္။ လက္ရွိ ပညာေရးအေျခအေနကိုလဲ အျပစ္မတင္ပါနဲ႕အံုး။ သူမ်ားကို အျပစ္တင္ေနလို႕ ဘာမွမျဖစ္လာပါဘူး။ ဒါေၾကာင့္ ကိုယ့္ကိုကိုယ္ ကယ္တင္ပါ။ ဘယ္သူမွ ကိုယ့္ကို မေထာက္ပံ့ရင္လည္း ကိုယ့္ကိုကိုယ္ အားကိုးပါ။

အခ်ိဳ႕ေတြ အလုပ္ေတာ့ ရေပမယ့္ မလုပ္ၾကတာမ်ိဳးလဲရွိပါတယ္။ တန္မတန္ကေတာ့ ကိုယ္တိုင္ဘဲ နားလည္ပါမွာ။ ဒါေပမယ့္ ၀င္ကတည္းက ဘာမွသိပ္မလုပ္ခ်င္ဘဲ အထက္လူၾကီးေတြရတဲ့ လစာမ်ိဳး လိုခ်င္လို႕ကေတာ့ ေသခ်ာပါတယ္ သင္ဟာ အေခ်ာင္စိတ္ဓာတ္ရွိေနတဲ့ အတြက္ ယခုအခ်ိန္မွာ အလုပ္မရွိတာ ျဖစ္ပါတယ္။ ကိုယ့္ကိုကိုယ္ အစြမ္းအစရွိတယ္ထင္ရင္ ႏုိင္ငံျခားထြက္လုပ္ၾကည့္ဖို႕ အၾကံေပးလိုပါတယ္။ ႏုိင္ငံျခားမွာ ေပးတဲ့လစာက မ်ားသလိုလိုထင္ရေပမယ့္ တာ၀န္ယူမႈေတြ တစ္သီတစ္တန္းၾကီး လိုက္ပါလာပါတယ္။

လက္ရွိပတ္၀န္းက်င္မွာ အင္တာဗ်ဴးလိုက္တဲ့အခါ သက္သက္သာသာနဲ႕ အလကားနီးပါး ပိုက္ဆံရလိုတဲ့ စိတ္ေတြကို ျမင္ေတြ႕ေနရပါတယ္။ ေက်ာင္းျပီးလို႕ ဘဲြ႕ရရင္ ဘဏ္မွာ အလုပ္လုပ္မယ္၊ NGO မွာ ၀င္လုပ္မယ္ ဆိုတာမ်ိဳးက ပိုမ်ားပါတယ္။ တစ္ကယ့္၀ါသနာလားဆိုေတာ့ No ပါလို႕ ေျပာလို႕ရတဲ့ အေျခအေနရွိပါတယ္။ ဘဏ္မွာလုပ္ေတာ့ အဲကြန္းခန္းထဲမွာ လုပ္ရတာေလ၊ အိေျႏၵလည္း မပ်က္ေတာ့ဘူးေပါ့၊ သက္လည္း သက္သာတယ္ေလ စတဲ့ စကားလံုးေတြဘဲ ထြက္လာၾကတာမ်ားပါတယ္။ ဒါေပမယ့္ အနည္းဆံုးေတာ့ အလုပ္တစ္ခု ရေနပါေသးတယ္။

ယခုဆိုရင္ ယခင္ကထက္ အလုပ္အကိုင္အခြင့္အလမ္းေတြ ပိုမိုမ်ားျပားလာပါျပီ။ အလုပ္အကိုင္ အခြင့္အလမ္းဂ်ာနယ္ေတြ၊ အင္တာနက္ကေန အလုပ္ေခၚစာေတြမွ အမ်ားၾကီးပါ။ အမွန္တစ္ကယ္ အလုပ္လုပ္လိုတဲ့သူကေတာ့ ေျပာစရာေတာင္ မလိုပါဘူး။ အဲ့ဒါေတြကို မဖတ္ဘဲ အလုပ္မရွိဘူးလို႕ ထိုင္ေအာ္ေနရင္ေတာ့ အခ်ိန္ကုန္ျပီး အသက္ၾကီးသြားပါလိမ့္မယ္။ အဲ့ဒီေတာ့ အလုပ္မရွိတာလား မလုပ္ခ်င္တာလားဆိုတာ ကိုယ္တိုင္ဘဲ သိပါလိမ့္မယ္။

အစပိုင္း လစာနည္းႏုိင္ေပမယ့္ သင္ အလုပ္လုပ္တာ လစာတစ္ခုထဲနဲ႕အတြက္ဆိုရင္ေတာ့ က်ပ္မျပည့္တဲ့စာရင္းထဲ ထည့္ရပါလိမ့္မယ္။ လုပ္ငန္းခြင္ရဲ႕ ပတ္၀န္းက်င္၊ လုပ္ငန္းသဘာ၀၊ မိတ္ေဆြ၊ ကြ်မ္းက်င္မႈ စတဲ့ အရာေတြဟာ အလုပ္လုပ္ရင္းနဲ႕ တစ္ျဖည္းျဖည္းနဲ႕ ၾကီးထြားလာမွာ ျဖစ္ပါတယ္။ အလုပ္မလုပ္ဘဲ ေနရင္ေတာ့ ယခုေနေနတဲ့အတုိင္းသာ ဘာမွဆက္လက္ မၾကီးထြားဘဲ ရွိေနမွာပါ။ ဒီေတာ့ အလုပ္မရွိဘူးလို႕ ေျပာမယ့္အစား အလုပ္ေလးတစ္ခုေတာ့ ေသခ်ာေမႊေႏွာက္ရွာလုိက္ပါ။ သင့္အတြက္ ေလာကၾကီးမွာ သင့္တင့္တဲ့ ေနရာတစ္ခုေတာ့ ရွိေနပါေသးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင္ဟာ ကမၻာ႕ကံအဆိုးဆံုး လူသားမဟုတ္တဲ့ အတြက္ ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: