Home News ဧပြီ ၉ ရက်မှ ၁၂ ရက်နေ့အတွင်း အဝေးပြေးကား လက်မှတ်ခများ ၅၀% တိုးမြှင့်ရောင်းချရန် လုပ်ငန်းရှင်များ တောင်းဆို

ဧပြီ ၉ ရက်မှ ၁၂ ရက်နေ့အတွင်း အဝေးပြေးကား လက်မှတ်ခများ ၅၀% တိုးမြှင့်ရောင်းချရန် လုပ်ငန်းရှင်များ တောင်းဆို

0
ဧပြီ ၉ ရက်မှ ၁၂ ရက်နေ့အတွင်း အဝေးပြေးကား လက်မှတ်ခများ ၅၀% တိုးမြှင့်ရောင်းချရန် လုပ်ငန်းရှင်များ တောင်းဆို

၂၀၁၇ ခုနှစ်တွင် ကျရောက်မည့် သင်္ကြန်ကာလ မတိုင်မှီ ဧပြီ ၉ ရက်မှ ၁၂ ရက်နေ့အတွင်း အဝေးပြေးကား လက်မှတ်ခ များကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရောင်းချနိုင်ရန် လုပ်ငန်းရှင်များက တောင်းဆိုလိုက်ကြောင်း သိရှိရပါတယ်။

အဆိုပါ ယာဉ်စီးလက်မှတ်ခ တိုးမြှင့်ကောက်ခံမည့်အပေါ် အာဏာပိုင်အဖွဲ့နှင့် လုပ်ငန်းရှင်များ ဆွေးနွေးလျက်ရှိပြီး အတည်မပြုပေးရကြောင်း သိရှိရသည်။ အကြောင်းရင်းမှာ ကားအပြန်တွင် လူနည်းမည် ဖြစ်သောကြောင့် အရှုံးခံပြေးဆွဲရမည် ဖြစ်၍ လက်မှတ်ခအား တိုးမြှင့်ကောက်ခံလိုခြင်း ဖြစ်သည်ဟု ဆိုသည်။

အချို့ယာဉ်လိုင်းပိုင်ရှင်များက လက်မှတ်ခအား တိုးကောက်မည်မဟုတ်ဘဲ ပုံမှန်ဈေးနှုန်းဖြင့်သာ ရောင်းချမည်ဟု သိရှိရသည်။ ထို့အပြင် ယခင်နှစ်များတွင် ဈေးတင်ရောင်းပါက ဒဏ်ငွေရိုက်လျက်ရှိပြီး ယခုနှစ်တွင်မူ ဈေးမြှင့်မည့်ကိစ္စအား ညှိနှိုင်းဆွေးနွေးခြင်းမှာ မဖြစ်သင့်ကြောင်း မှတ်ချပေးကြသည်။

Zawgyi font : ဧပြီ ၉ ရက်မှ ၁၂ ရက်နေ့အတွင်း အဝေးပြေးကား လက်မှတ်ခများ ၅၀% တိုးမြှင့်ရောင်းချရန် လုပ်ငန်းရှင်များ တောင်းဆို




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: