Home News လက်ယာထုတ်ကုန် တင်ပို့မှု ဒေါ်လာ သန်း ၆၀၀ ကျော် တိုးတက်လာ

လက်ယာထုတ်ကုန် တင်ပို့မှု ဒေါ်လာ သန်း ၆၀၀ ကျော် တိုးတက်လာ

0
လက်ယာထုတ်ကုန် တင်ပို့မှု ဒေါ်လာ သန်း ၆၀၀ ကျော် တိုးတက်လာ

ယခု အစိုးရသစ်လက်ထက်တွင် လယ်ယာထုတ်ကုန်တင်ပို့မှု မြင့်တက်လာပြီး ယခင်နှစ်ထက် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော်ပိုမိုတိုးတက်ခဲ့ကြောင်း သိရှိရသည်။ ပို့ကုန်တင်ပို့မှု အပိုင်းတွင် ဈေးကွက်ချဲ့ထွင်ရန် အခွင့်အလမ်းကောင်းများ ရှိနေသော်လည်း တစ်ချိန်တည်းတွင် စိန်ခေါ်မှုများစွာရှိနေကြောင်း သိရှိရသည်။

ဆန်၊ ဆန်ကွဲ တန်ချိန် တစ်သန်းခွဲ၊ ပြောင်းတန်ချိန် ၁.၁ သန်း၊ ပဲတန်ချိန် ၁.၂ သန်းနှင့် အခြား လယ်ယာထွက်ကုန် ၁.၅ သန်းအထိ တင်ပို့နိုင်ခဲ့သည်။ လယ်ယာထုတ်ကုန်တင်ပို့မှု မြင့်တက်လာသော်လည်း စက်မှုပို့ကုန်နှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှု လျော့ကျလာမှုကြောင့် ဝင်ငွေရရှိမှုမှာ လျော့ကျလျက်ရှိသည်။

အစိုးရသစ်လက်ထက်တွင် အာဖရိက နိုင်ငံများအပါဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံ၊ အီးယူ နိုင်ငံပေါင်း ၂၈ နိုင်ငံအပြင် အခြားသော နိုင်ငံ ၃၉ နိုင်ငံမှ ကုန်သွယ်မှုအထူးအခွင့်အရေး ( GSP) ရရှိထားသည်။ အိန္ဒိယနိုင်ငံမှလည်း လယ်ယာထွက် ပို့ကုန်များအတွက် အကောက်ခွန် သက်သာခွင့်ကို ရရှိထားသည်။

Zawgyi Font : လက်ယာထုတ်ကုန် တင်ပို့မှု ဒေါ်လာ သန်း ၆၀၀ ကျော် တိုးတက်လာ




LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: