Home News ရုံးအနားမှာ အရက်မသောက်ဖို့ပြောတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အရိုက်ခံရ

ရုံးအနားမှာ အရက်မသောက်ဖို့ပြောတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အရိုက်ခံရ

0
ရုံးအနားမှာ အရက်မသောက်ဖို့ပြောတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အရိုက်ခံရ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင် ကျေးရွာအုပ်စု လမ်းလယ်ကျစ်ကျေးရွာ တွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ရုံးအနီးအရက်မသောက်ရန် ပြောဆိုခဲ့တဲ့အတွက် ရိုက်နှက်ခံလိုက်ရတယ်လို့ သိရပါတယ်။

ရုံးအနီးတွင် လူငယ်များစုပေါင်းထိုင်ဖွဲ့၍ အရက်သောက်နေစဉ် အုပ်ချုပ်ရေးမှူးမှ ရုံးအနီးအရက်မသောက်ရန်နှင့် နေအိမ်သို့ ပြန်ကြရန် ပြောဆိုရာတွင် လူငယ်နှစ်ယောက်မှ အနီးနားတွေရှိနေသော သစ်သားပြားဖြင့် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါရိုက်နှ်က်မှုကြောင့် ခေါင်းတွင် သုံးချက်ချုပ်လိုက်ရပြီး တံတောင်တွင်လည်း ဒဏ်ရာရသွားကြောင်း သိရှိရသည်။

အဆိုပါ ရိုက်နှက်ခဲ့သူ လူငယ်နှစ်ဦးအား ရဲစခန်းသို့ အပ်ခဲ့သော်လည်း ၂၄ နာရီအတွင်း အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့သဖြင့် ရွာခံ ရပ်မိရပ်ဖများမှာ ရဲတပ်ဖွဲ့မှူးအား မကျေမနပ် ဖြစ်လျက်ရှိသည်။ ရိုက်နှက်ခဲ့သူ လူငယ်မှာ အသက် ၁၈ နှစ်သာ ရှိသေးကြောင်း သိရှိရသည်။

Zawgyi Font : ရံုးအနားမွာ အရက္မေသာက္ဖို႕ေျပာတဲ့ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး အရိုက္ခံရ

မႏၱေလးတိုင္းေဒသၾကီး၊ သပိတ္က်င္းျမိဳ႕နယ္၊ ၀ါးျဖဴေတာင္ ေက်းရြာအုပ္စု လမ္းလယ္က်စ္ေက်းရြာ တြင္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမွ ရံုးအနီးအရက္မေသာက္ရန္ ေျပာဆိုခဲ့တဲ့အတြက္ ရိုက္ႏွက္ခံလိုက္ရတယ္လို႕ သိရပါတယ္။

ရံုးအနီးတြင္ လူငယ္မ်ားစုေပါင္းထိုင္ဖြဲ႕၍ အရက္ေသာက္ေနစဥ္ အုပ္ခ်ဳပ္ေရးမွဴးမွ ရံုးအနီးအရက္မေသာက္ရန္ႏွင့္ ေနအိမ္သို႕ ျပန္ၾကရန္ ေျပာဆိုရာတြင္ လူငယ္ႏွစ္ေယာက္မွ အနီးနားေတြရွိေနေသာ သစ္သားျပားျဖင့္ ရိုက္ႏွက္ခဲ့ျခင္း ျဖစ္သည္။ အဆိုပါရိုက္ႏွ္က္မႈေၾကာင့္ ေခါင္းတြင္ သံုးခ်က္ခ်ဳပ္လိုက္ရျပီး တံေတာင္တြင္လည္း ဒဏ္ရာရသြားေၾကာင္း သိရွိရသည္။

အဆိုပါ ရိုက္ႏွက္ခဲ့သူ လူငယ္ႏွစ္ဦးအား ရဲစခန္းသို႕ အပ္ခဲ့ေသာ္လည္း ၂၄ နာရီအတြင္း အာမခံျဖင့္ ျပန္လည္လြတ္ေျမာက္ခဲ့သျဖင့္ ရြာခံ ရပ္မိရပ္ဖမ်ားမွာ ရဲတပ္ဖြဲ႕မွဴးအား မေက်မနပ္ ျဖစ္လ်က္ရွိသည္။ ရိုက္ႏွက္ခဲ့သူ လူငယ္မွာ အသက္ ၁၈ ႏွစ္သာ ရွိေသးေၾကာင္း သိရွိရသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: