Home News ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် အလိုမရှိကြောင်း မုဒုံမြို့တွင် ဆန္ဒပြမှုဖြစ်

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် အလိုမရှိကြောင်း မုဒုံမြို့တွင် ဆန္ဒပြမှုဖြစ်

0
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် အလိုမရှိကြောင်း မုဒုံမြို့တွင် ဆန္ဒပြမှုဖြစ်

မတ်လ ၁၈ ရက်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့ ကန်သာယာ ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထားရှိမှု အလိုမရှိကြောင်း ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။ မွန်ပြည်သူအင်အား ၁၀၀ ကျော်နဲ့ မွန်ရဟန်းသံဃာတော်များက ဆန္ဒပြခဲ့ခြင်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို မွန်ပြည်နယ်တွင် အလိုမရှိကြောင်း မွန်သံဃာတော်များမှ ဦးဆောင်ဟောပြောခဲ့ပြီး ဖယ်ရှားပေးရန် ဆန္ဒပြခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အား ဖယ်ရှားပြီး မွန်သူရဲကောင်းရုပ်ထုများထားရှိသင့်တယ်လို့ ကန့်ကွက်ဆန္ဒပြခြင်း ဖြစ်သည်။

ကန့်ကွက်ပွဲ ကျင်းပဦးဆောင်သူ နိုင်ထွန်းမြင့် က ” ဗိုလ်ချုပ်ရုပ်ထု ဆိုတာ ကျနော်တို့သိတာ ဗမာမှုဘဲ၊ ဗမာမှုပြုတယ်လို့ဘဲ သဘောထားတယ်၊ ကျနော်တို့ လူမျိုးအတွက် ရေရှည်ရပ်တည်ရေးအတွက် အဓိကထားပြီး ကန့်ကွက်ပွဲ ကျင်းပတာပါ” လို့ ပြောပါတယ်။

ကန့်ကွက်ပွဲ ဦးဆောင်ကျင်းပသူ နိုင်ထွန်းမြင့်
ကန့်ကွက်ပွဲ ဦးဆောင်ကျင်းပသူ နိုင်ထွန်းမြင့်

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဗိုလ်ချုပ်၏ ၁၀၂ နှစ်ပြည့်မွေးနေ့၌ မုဒုံမြို့ ကန်သာယာပန်းခြံတွင် ထားရှိခြင်း ဖြစ်ပြီး အမြင့်ပေ ၉ ပေ၊ ကြေးပိဿချိန် ၃၃၀ ရှိကာ သိန်း ၁၅၀ ခန့်ကုန်ကျခဲ့ကြောင်း သိရှိရသည်။

Zawgyi font : ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကး႐ုပ္ အလိုမရွိေၾကာင္း မုဒုံၿမိဳ႕တြင္ ဆႏၵျပမႈျဖစ္

မတ္လ ၁၈ ရက္ေန႕တြင္ မြန္ျပည္နယ္ မုဒံုျမိဳ႕ ကန္သာယာ ပန္းျခံမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကးရုပ္ထားရွိမႈ အလိုမရွိေၾကာင္း ဆႏၵျပမႈျဖစ္ပြားခဲ့ပါတယ္။ မြန္ျပည္သူအင္အား ၁၀၀ ေက်ာ္နဲ႕ မြန္ရဟန္းသံဃာေတာ္မ်ားက ဆႏၵျပခဲ့ျခင္း ျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကးရုပ္ထုကို မြန္ျပည္နယ္တြင္ အလိုမရွိေၾကာင္း မြန္သံဃာေတာ္မ်ားမွ ဦးေဆာင္ေဟာေျပာခဲ့ျပီး ဖယ္ရွားေပးရန္ ဆႏၵျပခဲ့သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကးရုပ္အား ဖယ္ရွားျပီး မြန္သူရဲေကာင္းရုပ္ထုမ်ားထားရွိသင့္တယ္လို႕ ကန္႕ကြက္ဆႏၵျပျခင္း ျဖစ္သည္။

ကန္႕ကြက္ပြဲ က်င္းပဦးေဆာင္သူ ႏုိင္ထြန္းျမင့္ က ” ဗိုလ္ခ်ဳပ္ရုပ္ထု ဆိုတာ က်ေနာ္တို႕သိတာ ဗမာမႈဘဲ၊ ဗမာမႈျပဳတယ္လို႕ဘဲ သေဘာထားတယ္၊ က်ေနာ္တို႕ လူမ်ိဳးအတြက္ ေရရွည္ရပ္တည္ေရးအတြက္ အဓိကထားျပီး ကန္႕ကြက္ပြဲ က်င္းပတာပါ” လို႕ ေျပာပါတယ္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ကို ဗိုလ္ခ်ဳပ္၏ ၁၀၂ ႏွစ္ျပည့္ေမြးေန႕၌ မုဒံုျမိဳ႕ ကန္သာယာပန္းျခံတြင္ ထားရွိျခင္း ျဖစ္ျပီး အျမင့္ေပ ၉ ေပ၊ ေၾကးပိႆခ်ိန္ ၃၃၀ ရွိကာ သိန္း ၁၅၀ ခန္႕ကုန္က်ခဲ့ေၾကာင္း သိရွိရသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: