Home Entertainment မြန်မာ့ရုပ်ရှင် လောက မှာ စိတ်ဓာတ်ခွန်အားလှုံ့ဆော်ပေးတဲ့ ဇာတ်ကားတွေ မရှိသလောက် နည်းနေသေးတာ ဘာကြောင့်လဲ

မြန်မာ့ရုပ်ရှင် လောက မှာ စိတ်ဓာတ်ခွန်အားလှုံ့ဆော်ပေးတဲ့ ဇာတ်ကားတွေ မရှိသလောက် နည်းနေသေးတာ ဘာကြောင့်လဲ

0
မြန်မာ့ရုပ်ရှင် လောက မှာ စိတ်ဓာတ်ခွန်အားလှုံ့ဆော်ပေးတဲ့ ဇာတ်ကားတွေ မရှိသလောက် နည်းနေသေးတာ ဘာကြောင့်လဲ

၂၀၁၆ ခုနှစ်ရဲ့ ရုပ်ရှင်အကယ်ဒမီပေးပွဲကြီးကို ယခု အစိုးရသစ်လက်ထက်မှာ တစ်မူထူးခြားစွာနဲ့ ပဲ ရွှေတိဂုံစေတီတော် နောက်ခံပြုပြီး ပြည်သူ့ရင်ပြင်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ တစ်နိုင်ငံလုံးက ရုပ်ရှင်ချစ် ပရိတ်သတ်ကြီးကလည်း မိမိတို့ချစ်ခင်ရာ၊ အားပေးရာ အနုပညာရှင်တွေ အကယ်ဒမီ ရွှေစင်ဆုတွေ ဆွတ်ခူးနိုင်ဖို့အတွက် အားပေးခဲ့ကြပါတယ်။

တစ်ချို့လည်း မျှော်လင့်သလိုဖြစ်လာကြလို့ ဝမ်းသာအားရရှိကြသလို တစ်ချို့တွေကလည်း ရွှေပြည်တော် မျှော်တိုင်းဝေးခဲ့ကြလို့ ဆုတောင်းမပြည့်ခဲ့ကြပါဘူး။ ဆန်းသစ်မြန်မာ အနေနဲ့ကတော့ ရုပ်ရှင်အနုပညာရှင်များရဲ့ ကြိုးစားအားထုတ်ခဲ့မှုတွေကို အသိအမှတ်ပြုပါတယ်။ သို့သော် ယနေ့ကာလအထိ မြန်မာ့ရုပ်ရှင်ဟာ ပုံမှန်ချပြလေ့ရှိတဲ့ အလွမ်းအဆွေး၊ဒရာမာနဲ့ အပျော်အပျက်ကားတွေမှ ခွဲထွက်ပြီး ပြည်သူတွေကို ဘဝတိုးတက်အောင်မြင်ရေးအတွက် စိတ်ဓာတ်ခွန်အားကို ပေးတဲ့ Motivational Movies တွေ ပီပီပြင်ပြင်မရိုက်ပြနိုင်သေးဘူးလို့ ဆိုချင်ပါတယ်။

ခုအချိန်ထိတော့ နှစ်ပေါင်းများစွာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခဲ့ကြရတဲ့ ပရိတ်သတ်တွေက ရုပ်ရှင်ရုံထဲမှာလည်း ဆက်လက်ပြီး ဝမ်းနည်းမျက်ရည်ကျနေရဆဲပါ။ မကြာသေးတဲ့ နှစ်တွေမှာတော့  တစ်သက်လုံးဆင်းရဲခဲ့ကြရတဲ့ ရုပ်ရှင်ချစ်ပြည်သူတွေကို (၂)နာရီလောက် ရယ်စရာတွေနဲ့ အပန်းပြေကြပါစေ၊ ပျော်ကြပါစေလို့များ ရွှေစိတ်တော်ကူးမိလေသလား မသိပါဘူး၊ ဟာသတွေကို အတင်းလုပ်ကြံထည့် ၊အတင်းရယ်အောင်ဖန်တီးခဲ့ကြပြန်ပါတယ်။ တကယ်တော့ မြန်မာတွေ စိတ်ဓာတ်ခံယူချက်၊ သဘောထားတွေ ပြောင်းလဲဖို့အချိန်တန်ပါပြီ။ ဒါတွေပြောင်းမှ ညစ်နွမ်းနေတဲ့ ဘဝအဟောင်းတွေက ရုန်းထွက်လွန်မြောက်နိုင်ကြမှာပါ။

ဒီနှစ်ရဲ့ ထူးခြားမှုထဲမှာ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ရဲ့ စိတ်ဓာတ်တော်လှန်ရေးဆိုတဲ့ စကားကတော့ လက်ရှိအခြေအနေအရ အင်မတန်ကိုက်ညီတယ်လို့ ဆိုချင်ပါတယ်။ ယနေ့ရုပ်ရှင်လောကနဲ့ အင်မတန်မှ အံဝင်ဂွင်ကျရှိလှပါတယ်။ ဟုတ်ပါတယ်။

ယခုလိုတိုင်းပြည် ပြန်လည် တည်ဆောက်နေချိန်တွင် ပြည်သူတွေရဲ့ စိတ်ထားဟာအင်မတန်အရေးပါပါတယ်။ ဒီအတွက် စိတ်ဓာတ်ခွန်အားတွေပေးတဲ့၊ အကောင်းမြင်စိတ်တွေကိုရည်ညွှန်းတဲ့ ရုပ်ရှင်တွေများများ ဖန်တီးကြဖို့လိုပါပြီ။ ဒီအတွက် လူမှုစိတ်ပညာသဘောတွေပါဝင်ပြီး လက်တွေ့ကျတဲ့ဇာတ်လမ်း၊ ဇာတ်အိမ်တွေပေါ်လာဖို့ လိုသလို ဇာတ်ကောင်ရဲ့ ကျွမ်းကျင်မှုနဲ့ အညီ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတွေလည်းများစွာပေါ်ထွက်လာဖို့လိုနေပါပြီ။

ယခုအချိန်ထိ တကယ့် လက်တွေ့ဘဝနဲ့ အများစုဝေးနေသေးတဲ့ မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယို အတွက် ကြိုးစားစရာတွေ များစွာကျန်နေသေးတယ်လို့ အပြုသဘောနဲ့အကြံပြုလိုက်ချင်ပါတယ်။

Zawgyi Font : ျမန္မာ့႐ုပ္ရွင္ ေလာက မွာ စိတ္ဓာတ္ခြန္အားလႈံ႕ေဆာ္ေပးတဲ့ ဇာတ္ကားေတြ မရွိသေလာက္ နည္းေနေသးတာ ဘာေၾကာင့္လဲ

၂၀၁၆ ခုႏွစ္ရဲ႕ ႐ုပ္ရွင္အကယ္ဒမီေပးပြဲႀကီးကို ယခု အစိုးရသစ္လက္ထက္မွာ တစ္မူထူးျခားစြာနဲ႔ ပဲ ေ႐ႊတိဂုံေစတီေတာ္ ေနာက္ခံျပဳၿပီး ျပည္သူ႔ရင္ျပင္မွာ စည္ကားသိုက္ၿမိဳက္စြာ က်င္းပခဲ့ပါတယ္။ တစ္ႏိုင္ငံလုံးက ႐ုပ္ရွင္ခ်စ္ ပရိတ္သတ္ႀကီးကလည္း မိမိတို႔ခ်စ္ခင္ရာ၊ အားေပးရာ အႏုပညာရွင္ေတြ အကယ္ဒမီ ေ႐ႊစင္ဆုေတြ ဆြတ္ခူးႏိုင္ဖို႔အတြက္ အားေပးခဲ့ၾကပါတယ္။

တစ္ခ်ိဳ႕လည္း ေမွ်ာ္လင့္သလိုျဖစ္လာၾကလို႔ ဝမ္းသာအားရရွိၾကသလို တစ္ခ်ိဳ႕ေတြကလည္း ေ႐ႊျပည္ေတာ္ ေမွ်ာ္တိုင္းေဝးခဲ့ၾကလို႔ ဆုေတာင္းမျပည့္ခဲ့ၾကပါဘူး။ ဆန္းသစ္ျမန္မာ အေနနဲ႔ကေတာ့ ႐ုပ္ရွင္အႏုပညာရွင္မ်ားရဲ႕ ႀကိဳးစားအားထုတ္ခဲ့မႈေတြကို အသိအမွတ္ျပဳပါတယ္။ သို႔ေသာ္ ယေန႔ကာလအထိ ျမန္မာ့႐ုပ္ရွင္ဟာ ပုံမွန္ခ်ျပေလ့ရွိတဲ့ အလြမ္းအေဆြး၊ဒရာမာနဲ႔ အေပ်ာ္အပ်က္ကားေတြမွ ခြဲထြက္ၿပီး ျပည္သူေတြကို ဘဝတိုးတက္ေအာင္ျမင္ေရးအတြက္ စိတ္ဓာတ္ခြန္အားကို ေပးတဲ့ Motivational Movies ေတြ ပီပီျပင္ျပင္မ႐ိုက္ျပႏိုင္ေသးဘူးလို႔ ဆိုခ်င္ပါတယ္။

ခုအခ်ိန္ထိေတာ့ ႏွစ္ေပါင္းမ်ားစြာ ကိုယ္ဆင္းရဲ စိတ္ဆင္းရဲခဲ့ၾကရတဲ့ ပရိတ္သတ္ေတြက ႐ုပ္ရွင္႐ုံထဲမွာလည္း ဆက္လက္ၿပီး ဝမ္းနည္းမ်က္ရည္က်ေနရဆဲပါ။ မၾကာေသးတဲ့ ႏွစ္ေတြမွာေတာ့  တစ္သက္လုံးဆင္းရဲခဲ့ၾကရတဲ့ ႐ုပ္ရွင္ခ်စ္ျပည္သူေတြကို (၂)နာရီေလာက္ ရယ္စရာေတြနဲ႔ အပန္းေျပၾကပါေစ၊ ေပ်ာ္ၾကပါေစလို႔မ်ား ေ႐ႊစိတ္ေတာ္ကူးမိေလသလား မသိပါဘူး၊ ဟာသေတြကို အတင္းလုပ္ႀကံထည့္ ၊အတင္းရယ္ေအာင္ဖန္တီးခဲ့ၾကျပန္ပါတယ္။ တကယ္ေတာ့ ျမန္မာေတြ စိတ္ဓာတ္ခံယူခ်က္၊ သေဘာထားေတြ ေျပာင္းလဲဖို႔အခ်ိန္တန္ပါၿပီ။ ဒါေတြေျပာင္းမွ ညစ္ႏြမ္းေနတဲ့ ဘဝအေဟာင္းေတြက ႐ုန္းထြက္လြန္ေျမာက္ႏိုင္ၾကမွာပါ။

ဒီႏွစ္ရဲ႕ ထူးျခားမႈထဲမွာ ႏိုင္ငံေတာ္အႀကံေပးပုဂၢိဳလ္ရဲ႕ စိတ္ဓာတ္ေတာ္လွန္ေရးဆိုတဲ့ စကားကေတာ့ လက္ရွိအေျခအေနအရ အင္မတန္ကိုက္ညီတယ္လို႔ ဆိုခ်င္ပါတယ္။ ယေန႔႐ုပ္ရွင္ေလာကနဲ႔ အင္မတန္မွ အံဝင္ဂြင္က်ရွိလွပါတယ္။ ဟုတ္ပါတယ္။

ယခုလိုတိုင္းျပည္ ျပန္လည္ တည္ေဆာက္ေနခ်ိန္တြင္ ျပည္သူေတြရဲ႕ စိတ္ထားဟာအင္မတန္အေရးပါပါတယ္။ ဒီအတြက္ စိတ္ဓာတ္ခြန္အားေတြေပးတဲ့၊ အေကာင္းျမင္စိတ္ေတြကိုရည္ၫႊန္းတဲ့ ႐ုပ္ရွင္ေတြမ်ားမ်ား ဖန္တီးၾကဖို႔လိုပါၿပီ။ ဒီအတြက္ လူမႈစိတ္ပညာသေဘာေတြပါဝင္ၿပီး လက္ေတြ႕က်တဲ့ဇာတ္လမ္း၊ ဇာတ္အိမ္ေတြေပၚလာဖို႔ လိုသလို ဇာတ္ေကာင္ရဲ႕ ကြၽမ္းက်င္မႈနဲ႔ အညီ သ႐ုပ္ေဆာင္ႏိုင္တဲ့ သ႐ုပ္ေဆာင္ေကာင္းေတြလည္းမ်ားစြာေပၚထြက္လာဖို႔လိုေနပါၿပီ။

ယခုအခ်ိန္ထိ တကယ့္ လက္ေတြ႕ဘဝနဲ႔ အမ်ားစုေဝးေနေသးတဲ့ ျမန္မာ့႐ုပ္ရွင္နဲ႔ ဗီဒီယို အတြက္ ႀကိဳးစားစရာေတြ မ်ားစြာက်န္ေနေသးတယ္လို႔ အျပဳသေဘာနဲ႔အႀကံျပဳလိုက္ခ်င္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: