
ကြားရတာ အဆန်းဖြစ်သလို ဟာသဆန်နေပါလိမ့်မယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောနေကြဖြစ်တဲ့ “Make America Great Again ” ဆိုတဲ့ ဆောင်ပုဒ်ကို မိတ်ကပ်ပညာရှင် တစ်ယောက်က သူ့ရဲ့ စအိုမှာ တက်တူးအဖြစ် ထိုးလိုက်ပါတယ်။
Azcona အမည်ရတဲ့ Gay မိတ်ကပ်ပညာရှင် ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆောင်ပုဒ်ကို စအိုမှာ တက်တူးအဖြစ် ထိုးလိုက်ရတာကို ဂုဏ်ယူနေပြီး အချို့ကတော့ Azcona ကို ရဲရင့်တယ်ဆိုပြီး ချီးကျူးလျက်ရှိပါတယ်။ Azcona ရဲ့ ခန္ဓာကိုယ်ဟာ တက်တူးပေါင်းများစွာရှိပြီး နိုင်ငံရေးနဲ့ ပတ်ဝန်းကျင်မှာ မတရားမှုတွေ ဖြစ်တဲ့အခါ အဲ့ဒီ မတရားမှုတွေကို ဖော်ပြဖို့ တက်တူးတွေ ထိုးထားတာ ဖြစ်တယ်လို့ ပြောပါတယ်။
သမ္မတထရမ့်ရဲ့ အမေရိကားကို နောက်တစ်ခါ ကြီးကျယ်ခမ်းနားစေမယ် ဆိုတဲ့ ဆောင်ပုဒ်ဟာ ဟာသ တစ်ပုဒ်ဖြစ်ပြီး သမ္မတရဲ့ လုပ်ရပ်အချို့ဟာ ခပ်ပေါပေါ ကလေးဆိုးဆန်ဆန် လုပ်ရပ်မျိုးသာ ဖြစ်ကြောင်း ပြောပါတယ်။ စအိုမှာ ထိုးရတဲ့ အကြောင်းရင်းကတော့ စအိုဟာ လူတိုင်းရဲ့ အညစ်အညေးတွေ စွန့်ထုတ်ရာ၊ ဖိအားတွေကို စွန့်ထုတ်ရာ ဖြစ်တဲ့အတွက် အဲ့ဒီ သဘောတရားကို ယူပြီး စအိုမှာ တက်တူးထိုးရတာ ဖြစ်တယ်လို့ Azcona က ပြောပါတယ်။
Zawgyi Font : အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဆောင်ပုဒ်ကို စအိုမှာ တက်တူးအဖြစ် ထိုးလိုက်တဲ့ မိတ်ကပ်ပညာရှင်