Home News တောင်ဒဂုံမြို့နယ်တွင် နေ့ခင်းကြောင်တောင် အိမ်အလုံးလိုက် ခိုးယူမှု ဖြစ်ပွား

တောင်ဒဂုံမြို့နယ်တွင် နေ့ခင်းကြောင်တောင် အိမ်အလုံးလိုက် ခိုးယူမှု ဖြစ်ပွား

0
တောင်ဒဂုံမြို့နယ်တွင် နေ့ခင်းကြောင်တောင် အိမ်အလုံးလိုက် ခိုးယူမှု ဖြစ်ပွား

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမပေါ်မှ အိမ်တစ်လုံးအား အိမ်တိုင်ပါမကျန် အလုံးလိုက် ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ နေ့လည် ၂ နာရီခန့်တွင် ကင်တာ အမိုးဖွင့်ကားတစ်စီးရောက်လာပြီး လူအင်အား ၇ ယောက်၊ ၈ ယောက်ခန့်မှ လာရောက် ဖြိုချခိုးယူသွားကြောင်း သိရပါတယ်။

ပျဉ်းကတိုးဖြင့်် ဆောက်ထားသော အိမ်အား ၂နာရီအတွင်း အလုံးလိုက် ဖြိုချသွားပြီး အိမ်တိုင်ပါမကျန် ဖြုတ်ယူသွားခြင်း ဖြစ်သည်။ အိမ်ပိုင်ရှင် ဦးလူမော်က ” “ပတ်ဝန်းကျင်က မနေ့က နေ့လယ် ၂ နာရီက ကင်တာကား အမိုးဖွင့်ထားတဲ့ကားနဲ့ လူ ၇ ယောက်၊ ၈ ယောက်လောက် လာပြီးတော့ ၂ နာရီအတွင်း အပြီး ဖျက်သွားတာတဲ့။ သူတို့ကလည်း ကျနော်တို့ ဒီလိုပဲ သွားလိုက်၊ လာလိုက် ရှိနေတယ် ထင်လို့ဗျာ၊ မပြောတာပေါ့နော်၊ ကျနော့် လူတွေပဲ ထင်တာ ” ဟု ပြောခဲ့သည်။

ဖြိုဖျက်ခိုးယူခြင်းခံလိုက်ရသော အိမ်၏ တန်ဖိုးမှာ သိန်း ၅၀ ခန့်ရှိပြီး တောင်ဒဂုံရဲစခန်းသွားပြီး  အမှုဖွင့်မယ်လို့ သိရပါတယ်။

Zawgyi font : ေတာင္ဒဂံုျမိဳ႕နယ္တြင္ ေန႕ခင္းေၾကာင္ေတာင္ အိမ္အလံုးလိုက္ ခိုးယူမႈ ျဖစ္ပြား

ရန္ကုန္တိုင္း ေတာင္ဒဂံုျမိဳ႕နယ္ ျပည္ေထာင္စုလမ္းမေပၚမွ အိမ္တစ္လံုးအား အိမ္တိုင္ပါမက်န္ အလံုးလိုက္ ခိုးယူခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရပါတယ္။ ေန႕လည္ ၂ နာရီခန္႕တြင္ ကင္တာ အမိုးဖြင့္ကားတစ္စီးေရာက္လာျပီး လူအင္အား ၇ ေယာက္၊ ၈ ေယာက္ခန္႕မွ လာေရာက္ ျဖိဳခ်ခိုးယူသြားေၾကာင္း သိရပါတယ္။

ပ်ဥ္းကတိုးျဖင့္္ ေဆာက္ထားေသာ အိမ္အား ၂နာရီအတြင္း အလံုးလိုက္ ျဖိဳခ်သြားျပီး အိမ္တိုင္ပါမက်န္ ျဖဳတ္ယူသြားျခင္း ျဖစ္သည္။ အိမ္ပိုင္ရွင္ ဦးလူေမာ္က ” “ပတ္၀န္းက်င္က မေန႔က ေန႔လယ္ ၂ နာရီက ကင္တာကား အမိုးဖြင့္ထားတဲ့ကားနဲ႔ လူ ၇ ေယာက္၊ ၈ ေယာက္ေလာက္ လာၿပီးေတာ့ ၂ နာရီအတြင္း အၿပီး ဖ်က္သြားတာတဲ့။ သူတို႔ကလည္း က်ေနာ္တို႔ ဒီလိုပဲ သြားလိုက္၊ လာလိုက္ ရွိေနတယ္ ထင္လို႔ဗ်ာ၊ မေျပာတာေပါ့ေနာ္၊ က်ေနာ့္ လူေတြပဲ ထင္တာ ” ဟု ေျပာခဲ့သည္။

ျဖိဳဖ်က္ခိုးယူျခင္းခံလိုက္ရေသာ အိမ္၏ တန္ဖိုးမွာ သိန္း ၅၀ ခန္႕ရွိျပီး ေတာင္ဒဂံုရဲစခန္းသြားျပီး  အမႈဖြင့္မယ္လို႕ သိရပါတယ္။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: