Home News စာခိုးချနိုင်မည့် စမတ်နာရီ Amazon စတိုးတွင် ရောင်းချ

စာခိုးချနိုင်မည့် စမတ်နာရီ Amazon စတိုးတွင် ရောင်းချ

0
စာခိုးချနိုင်မည့် စမတ်နာရီ Amazon စတိုးတွင် ရောင်းချ

ရုတ်တရက် ကြည့်လိုက်ရင်တော့ သာမန်နာရီဆိုပေမယ့် စာခိုးချနိုင်မယ့် လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။ အချက်အလက် သိုလှောင်မှု ပမာဏ 4GB ပါဝင်တဲ့ စမတ်နာရီလေးဟာ စာခိုးချဖို့အတွက် သီးသန့်လုပ်ထားတဲ့ စမတ်နာရီလို့ ပြောရင် ပိုမှန်လိမ့်မယ်။

လက်ကောက်ဝတ်ပေါ်မှာ စာတွေနဲ့ ပုံတွေကို ဖော်ပြပေးမယ့် စနစ်ထည့်သွင်းထားပြီး ပိပိရိရိ စာခိုးချနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ နာရီအတွင်းမှာ အရေးပေါ် ခလုပ်ပါဝင်ပြီး စာမေးပွဲအခန်းစောင့် ဆရာ၊ ဆရာမ များ မိမိအနားရောက်လာရင် စာခိုးချခြင်းအား ရပ်တန့်စေရန် အတွက် လုပ်ထားပေးပါတယ်။ ဒါ့အပြင် စမတ်နာရီအတွင်းမှာပါဝင်တဲ့ အခြားသော လုပ်ဆောင်ချက်များကိုလည်း အရေးပေါ် ခလုပ်နှိပ်လိုက်ရင် လုပ်ဆောင်ချက်များ ရပ်တန့်သွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သာမန်နာရီ အဖြစ်ပြန်လည် အသွင်ဖြစ်သွားမှာပါ။

လက်ရှိမှာတော့ စာမေးပွဲခန်းကြီးကြပ်သူတွေဟာ အကြပ်ရိုက်လျက်ရှိပြီး မည်သို့မည်ပုံဖြင့် စာခိုးချခြင်းအား ရပ်တန့်စေရမည့် နည်းလမ်းကို ရှာဖွေနေသည်။ အဆိုပါ စမတ်နာရီမှာ ကမ္ဘာကျော် အွန်လိုင်းစတိုး Amazon တွင် တရားဝင် ရောင်းချလျက်ရှိသည်။ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၄.၉၅ ဒေါ်လာ သာရှိပြီး မြန်မာငွေ ၆ သောင်းဝန်းကျင်ခန့်သာ ရှိပါတယ်။

Zawgyi font : စာခိုးခ်ႏုိင္မည့္ စမတ္နာရီ Amazon စတိုးတြင္ ေရာင္းခ်

ရုတ္တရက္ ၾကည့္လုိက္ရင္ေတာ့ သာမန္နာရီဆိုေပမယ့္ စာခိုးခ်ႏုိင္မယ့္ လုပ္ေဆာင္ခ်က္ေတြပါ၀င္ပါတယ္။ အခ်က္အလက္ သိုေလွာင္မႈ ပမာဏ 4GB ပါ၀င္တဲ့ စမတ္နာရီေလးဟာ စာခိုးခ်ဖို႕အတြက္ သီးသန္႕လုပ္ထားတဲ့ စမတ္နာရီလို႕ ေျပာရင္ ပိုမွန္လိမ့္မယ္။

လက္ေကာက္၀တ္ေပၚမွာ စာေတြနဲ႕ ပံုေတြကို ေဖာ္ျပေပးမယ့္ စနစ္ထည့္သြင္းထားျပီး ပိပိရိရိ စာခိုးခ်ႏုိင္မွာ ျဖစ္ပါတယ္။ အဆိုပါ နာရီအတြင္းမွာ အေရးေပၚ ခလုပ္ပါ၀င္ျပီး စာေမးပြဲအခန္းေစာင့္ ဆရာ၊ ဆရာမ မ်ား မိမိအနားေရာက္လာရင္ စာခိုးခ်ျခင္းအား ရပ္တန္႕ေစရန္ အတြက္ လုပ္ထားေပးပါတယ္။ ဒါ့အျပင္ စမတ္နာရီအတြင္းမွာပါ၀င္တဲ့ အျခားေသာ လုပ္ေဆာင္ခ်က္မ်ားကိုလည္း အေရးေပၚ ခလုပ္ႏွိပ္လိုက္ရင္ လုပ္ေဆာင္ခ်က္မ်ား ရပ္တန္႕သြားေစမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သာမန္နာရီ အျဖစ္ျပန္လည္ အသြင္ျဖစ္သြားမွာပါ။

လက္ရွိမွာေတာ့ စာေမးပြဲခန္းၾကီးၾကပ္သူေတြဟာ အၾကပ္ရုိက္လ်က္ရွိျပီး မည္သို႕မည္ပံုျဖင့္ စာခိုးခ်ျခင္းအား ရပ္တန္႕ေစရမည့္ နည္းလမ္းကို ရွာေဖြေနသည္။ အဆိုပါ စမတ္နာရီမွာ ကမၻာေက်ာ္ အြန္လိုင္းစတိုး Amazon တြင္ တရား၀င္ ေရာင္းခ်လ်က္ရွိသည္။ ေစ်းႏႈန္းမွာ အေမရိကန္ေဒၚလာ ၄၄.၉၅ ေဒၚလာ သာရွိျပီး ျမန္မာေငြ ၆ ေသာင္း၀န္းက်င္ခန္႕သာ ရွိပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: