Home News အောင်ဝင်းခိုင်အား နိုင်ငံအနှံ့ ရှာဖွေဖမ်းဆီးရန် ထပ်တိုးဝရမ်းထုတ်ပေးရေး တင်ပြချက် ပယ်ဖျက်ခြင်းခံရ
အောင်ဝင်းခိုင်အား နိုင်ငံအနှံ့ ရှာဖွေဖမ်းဆီးရန် ထပ်တိုးဝရမ်းထုတ်ပေးရေး တင်ပြချက် ပယ်ဖျက်ခြင်းခံရ
0
အောင်ဝင်းခိုင်အား နိုင်ငံအနှံ့ ရှာဖွေဖမ်းဆီးရန် ထပ်တိုးဝရမ်းထုတ်ပေးရေး တင်ပြချက် ပယ်ဖျက်ခြင်းခံရ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရာတွင် ဆက်စပ်ပါဝင်နေသော တရားခံပြေး အောင်ဝင်းခိုင်အား ဖမ်းဆီးရန် ထပ်တိုးဝရမ်းထုတ်ပေးရေး တင်ပြချက် ပယ်ချခံရကြောင်း သိရှိရသည်။
အကြောင်းရင်းမှာ ယခင်က ထုတ်ထားသော ဖမ်းဝရမ်းမှာ အောင်ဝင်းခိုင်နေထိုင်ရာ ဒေါပုံမြို့နယ် ဝါဆိုလမ်း အတွင်း၌သာ ရှာဖွေနိုင်သည့် ဝရမ်းဖြစ်နေခြင်းကြောင့် ယခုအချိန်တွင် အောင်ဝင်းခိုင်အား နိုင်ငံအနှံ့ရှာဖွေရန် ထပ်တိုးဝရမ်းလိုအပ်ရခြင်း ဖြစ်သည်။ သို့သော် တရားရုံး မှ ထပ်တိုးဝရမ်းထုတ်ပေးရေး တင်ပြချက်ကို မလိုအပ်ဟုဆိုကာ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။ တရားရုံးမှ နိုင်ငံတစ်ကာ ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်ထားခြင်း၊ အာဆီယံ ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ထားခြင်း၊ လေဆိပ်၊ ကားဂိတ်များနှင့်် တရားခံရှာဖွေရေး တို့ကိုချိတ်ဆက်ထားပြီးဖြစ်၍ ထပ်တိုးဝရမ်းမလိုအပ်ဟု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
Zawgyi Font : အောင်ဝင်းခိုင်အား နိုင်ငံအနှံ့ရှာဖွေဖမ်းဆီးရန် ထပ်တိုးဝရမ်းထုတ်ပေးရေး တင်ပြချက် ပယ်ဖျက်ခြင်းခံရ
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: