Home News အစိုးရ ခေါင်းဆောင်တွေ လာဘ်စားရင် တိုင်ကြားဖို့ NLD ညွှန်ကြား

အစိုးရ ခေါင်းဆောင်တွေ လာဘ်စားရင် တိုင်ကြားဖို့ NLD ညွှန်ကြား

0
အစိုးရ ခေါင်းဆောင်တွေ လာဘ်စားရင် တိုင်ကြားဖို့ NLD ညွှန်ကြား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ပြည်ထောင်စု အဆင့် အစိုးရ အဖွဲ့ဝင်တွေ၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ လာဘ်ပေး လာဘ်ယူ၊ အဂတိ လိုက်စားမှုတွေ ရှိနေရင် အချက်အလက် တိတိကျကျနဲ့ တိုင်ကြားဖို့ NLD ခေါင်းဆောင်တွေ က လွှတ်တော် ကိုယ်စားလှယ်တွေကို မှာကြားလိုက်တယ်လို့ သိရပါတယ်။

ပြည်ထောင်စု အဆင့် ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေမှာ အကျင့်ပျက် ခြစားမှုတွေ ရှိလာရင်လည်း သမ္မတ၊ အဂတိ လိုက်စား မှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ လွှတ်တော် ဥက္ကဌ တွေဆီကို တိုင်ကြားဖို့ ပြောဆိုပြီး တကယ်လို့ ရှိလာခဲ့ရင် ပါတီ အနေနဲ့ ဘယ်သူ့ကိုမှ ညှာမှာ မဟုတ်ဘူးလို့ သတိပေးလိုက်တယ် လို့လည်း သိရပါတယ်။

အစိုးရ၊ လွှတ်တော်နဲ့ ပါတီတို့ကြားမှာလည်း Check and Balace လုပ်ပြီး ပူးပေါင်း ဆောင်ရွက်ကြဖို့၊ ပါတီနဲ့ အစိုးရ အဖွဲ့ ကြားထဲမှာလည်း အစောပိုင်းမှာ နားလည်မှု လွဲမှားခဲ့တာတွေရှိလို့ မွန်ဝန်ကြီးချုပ်ကို လဲလှယ်လိုက်ရတာမျိုးတွေ ဖြစ်သွား တယ်ဆိုပြီး ပါတီဝင်တွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၅ ရက်က နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိ ခန်းမဆောင်တွင် NLD ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်သော ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာ မေဝင်းမြင့်၊ ဦးထွန်းထွန်းဟိန် နဲ့ ဦးအောင်စိုး တို့က ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် တွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီးတော့ မှာကြားလိုက်ခြင်း ဖြစ်ပါတယ်။

Zawgyi font : အစိုးရ ေခါင္းေဆာင္ေတြ လာဘ္စားရင္ တိုင္ၾကားဖို႔ NLD ၫႊန္ၾကား

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္(NLD) ပါတီမွ ျပည္ေထာင္စု အဆင့္ အစိုးရ အဖြဲ႕ဝင္ေတြ၊ တိုင္းနဲ႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြနဲ႔ ဝန္ႀကီးေတြ လာဘ္ေပး လာဘ္ယူ၊ အဂတိ လိုက္စားမႈေတြ ရွိေနရင္ အခ်က္အလက္ တိတိက်က်နဲ႔ တိုင္ၾကားဖို႔ NLD ေခါင္းေဆာင္ေတြ က လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကို မွာၾကားလိုက္တယ္လို႔ သိရပါတယ္။

ျပည္ေထာင္စု အဆင့္ ဝန္ႀကီးေတြ၊ ဝန္ႀကီးခ်ဳပ္ေတြမွာ အက်င့္ပ်က္ ျခစားမႈေတြ ရွိလာရင္လည္း သမၼတ၊ အဂတိ လိုက္စား မႈ တိုက္ဖ်က္ေရး ေကာ္မရွင္နဲ႔ လႊတ္ေတာ္ ဥကၠဌ ေတြဆီကို တိုင္ၾကားဖို႔ ေျပာဆိုၿပီး တကယ္လို႔ ရွိလာခဲ့ရင္ ပါတီ အေနနဲ႔ ဘယ္သူ႔ကိုမွ ညႇာမွာ မဟုတ္ဘူးလို႔ သတိေပးလိုက္တယ္ လို႔လည္း သိရပါတယ္။

အစိုးရ၊ လႊတ္ေတာ္နဲ႔ ပါတီတို႔ၾကားမွာလည္း Check and Balace လုပ္ၿပီး ပူးေပါင္း ေဆာင္႐ြက္ၾကဖို႔၊ ပါတီနဲ႔ အစိုးရ အဖြဲ႕ ၾကားထဲမွာလည္း အေစာပိုင္းမွာ နားလည္မႈ လြဲမွားခဲ့တာေတြရွိလို႔ မြန္ဝန္ႀကီးခ်ဳပ္ကို လဲလွယ္လိုက္ရတာမ်ိဳးေတြ ျဖစ္သြား တယ္ဆိုၿပီး ပါတီဝင္ေတြကို ရွင္းျပခဲ့တယ္လို႔ သိရပါတယ္။

မတ္လ ၁၅ ရက္က ေနျပည္ေတာ္ လႊတ္ေတာ္ဝင္းအတြင္းရွိ ဇမၺဴသီရိ ခန္းမေဆာင္တြင္ NLD ပါတီ ဗဟို အလုပ္အမႈေဆာင္ အဖြဲ႕ဝင္ေတြ ျဖစ္ေသာ ဦးဝင္းထိန္၊ ဦးဝင္းျမင့္၊ ေဒါက္တာ ေမဝင္းျမင့္၊ ဦးထြန္းထြန္းဟိန္ နဲ႔ ဦးေအာင္စိုး တို႔က ပါတီဝင္ လႊတ္ေတာ္ ကိုယ္စားလွယ္ ေတြကို ေခၚယူေတြ႕ဆုံခဲ့ၿပီးေတာ့ မွာၾကားလိုက္ျခင္း ျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: