
တောင်ကိုးရီးယား အဆိုတော်အဖွဲ့ iKON အဖွဲ့မှ အဆိုတော် ဂျန်ချန်ဝူး ရိုက်ကွင်းတွင် ဒဏ်ရာရရှိကြောင်း သိရှိရသည်။ မတ်လ ၁၇ ရက် မနက်ပိုင်းတွင် အဖွဲ့၏ သီချင်း ဗီဒီယို MTV ရိုက်ကူးရင်း ဒဏ်ရာရရှိခြင်း ဖြစ်ပြီး ဆေးရုံသို့ ရောက်ရှိသွားကြောင်း YG Entertainment မှ ထုတ်ပြန်ထားသည်။
ဂျန်ချန်ဝူးမှာ ဆေးရုံသို့ ရောက်ရှိနေပြီး ဒဏ်ရာမှာ မကြီးမားဟု သိရှိရသည်။ သို့သော်လည်း မည်ကဲ့သို့ ဒဏ်ရာရရှိကြောင်းကိုမူ YG Entertainment မှ မပြောခဲ့ပေ။ မတ်လ ၁၈ ရက်နေ့တွင် ဂျပန်သို့ ၃ ရက်တိုင်တိုင် ဖျော်ဖြေပွဲရှိကြောင်း သိရှိရသည်။ အဆိုတော် ဂျန်ချန်ဝူး ဏ်ရာရရှိသော်လည်း ဂျပန်နိုင်ငံသို့ သွားရောက် ဖျော်ဖြေမည်ဟု သိရှိရသည်။ ဒဏ်ရာရရှိမှုကြောင့် ဖျော်ဖြေပွဲတွင် Performance အပြည့်ဖြင့် သရုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
Zawgyi Font : iKON အဆိုေတာ္အဖြဲ႕မွ ဂ်န္ခ်န္ဝူး ႐ိုက္ကြင္းတြင္ ဒဏ္ရာရရွိ
ေတာင္ကိုးရီးယား အဆိုေတာ္အဖြဲ႕ iKON အဖြဲ႕မွ အဆိုေတာ္ ဂ်န္ခ်န္ဝူး ႐ိုက္ကြင္းတြင္ ဒဏ္ရာရရွိေၾကာင္း သိရွိရသည္။ မတ္လ ၁၇ ရက္ မနက္ပိုင္းတြင္ အဖြဲ႕၏ သီခ်င္း ဗီဒီယို MTV ႐ိုက္ကူးရင္း ဒဏ္ရာရရွိျခင္း ျဖစ္ၿပီး ေဆး႐ုံသို႔ ေရာက္ရွိသြားေၾကာင္း YG Entertainment မွ ထုတ္ျပန္ထားသည္။
ဂ်န္ခ်န္ဝူးမွာ ေဆး႐ုံသို႔ ေရာက္ရွိေနၿပီး ဒဏ္ရာမွာ မႀကီးမားဟု သိရွိရသည္။ သို႔ေသာ္လည္း မည္ကဲ့သို႔ ဒဏ္ရာရရွိေၾကာင္းကိုမူ YG Entertainment မွ မေျပာခဲ့ေပ။ မတ္လ ၁၈ ရက္ေန႔တြင္ ဂ်ပန္သို႔ ၃ ရက္တိုင္တိုင္ ေဖ်ာ္ေျဖပြဲရွိေၾကာင္း သိရွိရသည္။ အဆိုေတာ္ ဂ်န္ခ်န္ဝူး ဏ္ရာရရွိေသာ္လည္း ဂ်ပန္ႏိုင္ငံသို႔ သြားေရာက္ ေဖ်ာ္ေျဖမည္ဟု သိရွိရသည္။ ဒဏ္ရာရရွိမႈေၾကာင့္ ေဖ်ာ္ေျဖပြဲတြင္ Performance အျပည့္ျဖင့္ သ႐ုပ္ေဆာင္ႏိုင္မည္ မဟုတ္ေၾကာင္း ထုတ္ျပန္ခဲ့သည္။