Home News နာမည်ကြီး Android စမတ်ဖုန်းများတွင် ကြိုတင်ထည့်သွင်းထားသော Malware များပါဝင်နေ

နာမည်ကြီး Android စမတ်ဖုန်းများတွင် ကြိုတင်ထည့်သွင်းထားသော Malware များပါဝင်နေ

0
နာမည်ကြီး Android စမတ်ဖုန်းများတွင် ကြိုတင်ထည့်သွင်းထားသော Malware များပါဝင်နေ

Check Point Software Technologies အဖွဲ့မှ စစ်ဆေးထုတ်ပြန်ချက်များအရ နာမည်ကြီး Android စမတ်ဖုန်းများထဲတွင် ကြိုတင်ထည့်သွင်းထားသော Malware များ ပါရှိနေကြောင်း သိရှိရသည်။ နာမည်ကြီး စမတ်ဖုန်း ၃၆ မျိုးအတွင်းတွင် Malware များပါရှိနေကြောင်း သိရှိရသည်။

စမတ်ဖုန်းထုတ်သည့် ကုမ္ပဏီများ၏ တရားဝင် firmware များတွင် ပါရှိခြင်းမဟုတ်ဘဲ ကုမ္ပဏီများ၏ စီးပွားဖက်အနေဖြင့် ချိတ်ဆက်ထားသော App များတွင် ပါရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် စမတ်ဖုန်းဝယ်လိုက်သည့်အခါ ဖုန်းနှင့်မသက်ဆိုင်သော App အချို့ကို တွေ့ရှိရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ တွေ့ရှိချက်များအရ Loki malware များကို အများဆုံးထည့်သွင်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အချို့ Malware များမှာ ကြေငြာအတွက် ကြိုတင်စီစဉ်ထားခြင်း ဖြစ်ပြီး အခြား အန္တရာယ်ရှိစေသော လုပ်ဆောင်ချက်မျိုး မရှိကြောင်းလဲ သိရှိရသည်။ သို့သော်လည်း စမတ်ဖုန်းအသုံးပြုသူ၏ အချက်အလက်အချို့အား နောက်ယောက်ခံလိုက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ အောက်ပါ စမတ်ဖုန်း စာရင်းကတော့ ကုမ္ပဏီက ထုတ်ထဲက Malware ပါလာတဲ့ စမတ်ဖုန်းတွေရဲ့ စာရင်းဖြစ်ပါတယ်။

Lenovo S90, Oppo R7 Plus, Xiaomi Redmi, Galaxy Note 2, LG G4, Galaxy S7, Galaxy Note 4, Galaxy Note 5, Galaxy Note 8.0, Galaxy A5, Lenovo A850, Xiaomi Mi 4i, ZTE x500, Galaxy Note 3, Galaxy Note Edge, Galaxy Tab 2, Oppo N3, Asus Zenfone 2, viva X6 Plus and Galaxy Tab S2

Zawgyi Font : နာမည်ကြီး Android စမတ်ဖုန်းများတွင် ကြိုတင်ထည့်သွင်းထားသော Malware များပါဝင်နေ





 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: