
Google က အီးမေးလ်ဝန်ဆောင်မှုဖြစ်တဲ့ Gmail ကနေ ပိုက်ဆံတွေကို လွှဲပြောင်းခြင်း နှင့် တောင်းဆိုခြင်းတို့ကို ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ အီးမေးလ်ပို့ရင်းနဲ့ တစ်ခါထဲ ပိုက်ဆံလွှဲခြင်း ဝန်ဆောင်မှုကို ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။
လွှဲလိုက်တဲ့ ပိုက်ဆံတွေဟာ Google ရဲ့ Wallet ထဲကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် Google အနေနဲ့ Google Wallet ဝန်ဆောင်မှုကို တစ်ကမ္ဘာလုံးကို ချဲ့ထွင်ဖို့ အစီအစဉ်ရှိနေတာကို တွေ့ရမှာပါ။ အဆိုပါ လုပ်ဆောင်ချက်ကို Android ဖုန်းတွေအတွက်ဘဲ update ပေးထားတာ ဖြစ်ပြီး iOS အတွက်တော့ လက်ရှိမှာ မထုတ်သေးပါဘူး။
ဒါပေမယ့်လည်း အမေရိကန်နိုင်ငံမှာသာ အသုံးပြုနိုင်အုံးမှာ ဖြစ်ပြီး Paypal, Payza ကဲ့သို့သော ဝန်ဆောင်မှုများအတိုင်း အသုံးပြုပုံကတော့ တူတူဘဲဖြစ်ပါတယ်။