Home News ရှမ်းပြည်နယ် မိုင်းတုံမြို့တွင် စာမေးပွဲဖြေသည့်အခန်း မီးရှို့ခံရ

ရှမ်းပြည်နယ် မိုင်းတုံမြို့တွင် စာမေးပွဲဖြေသည့်အခန်း မီးရှို့ခံရ

0
ရှမ်းပြည်နယ် မိုင်းတုံမြို့တွင် စာမေးပွဲဖြေသည့်အခန်း မီးရှို့ခံရ

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့ နောင်ပါရင် ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းရှိ စာမေးပွဲအခန်း မီးရှို့ဖျက်စီးခံရကြောင်း သိရှိရသည်။ မနက် ၆ နာရီခန့်က အမည်မသိသူများက လာရောက်မီးရှို့ဖျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

မီးရှို့ဖျက်စီးသွားသည့် အခန်းမှာ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပနေသည့် ပတ္တမြားဆောင် စာမေးပွဲခန်းမဖြစ်ပြီး မီးလောင်မှုကြောင့် အဆောင်တစ်ခုနှင့် စားပွဲများ ပျက်စီးဆုံးရှုံးခဲ့သည်။ ထို့ကြောင့် စာမေးပွဲအခန်းဟာ ရွှေ့ပြောင်းဖြေဆိုလိုက်ရပြီး ထိခိုက်ဒဏ်ရာရသူ မရှိဟု သိရှိရသည်။

တာဝန်ရှိသူများက စာမေးပွဲကတ်လာမထုတ်သော ကျောင်းသား ၁၅ ဦးအား စစ်ဆေးမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: