
ယခင်က ဆိုင်ကယ်ဦးထုပ်တွေဟာ အန္တရာယ်ကာကွယ်ဖို့နဲ့ နေပူဒဏ်ခံနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ပေမယ့်လည်း ယခုအချိန်မှာတော့ နည်းပညာတွေနဲ့ မွမ်းမံပြင်ဆင်ထားတဲ့ စမတ်ဆိုင်ကယ်ဦးထုပ်တွေ တီထွင်နေကြပါပြီ။ CrossHelmet အမည်ရတဲ့ ကုမ္ပဏီကနေ တီထွင်ဖန်တီးနေတာဖြစ်ပြီး လုပ်ဆောင်ချက်တွေကို စမ်းသပ်နေပါတယ်။
ဦးထုပ်အတွင်းမှာ rear camera ပါတာဖြစ်တဲ့အတွက် ကိုယ်သွားခဲ့သမျှ ခရီးစဉ်တွေကို မှတ်တမ်းတင်နိုင်မှာ ဖြစ်သလို ယာဉ်တိုက်မှုဖြစ်ခဲ့ရင်လည်း ဘယ်သူမှားလား မှန်လားဆိုတာကို မှတ်တမ်းပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ တစ်ကယ့်ကို အသုံးဝင်မယ့် တီထွင်မှုပါဘဲ။
ဒါ့အပြင် GPS ပါ ထည့်သွင်းပေးထာမှာ ဖြစ်တဲ့အတွက် လမ်းမသိလဲ လမ်းပြပေးနိုင်အုံးမှာပါ။ မိုဘိုင်းလ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးထုပ်အတွင်းမှာ သီချင်းနားထောင်နိုင်ဖို့အတွက် speaker တွေကိုလည်း ထည့်သွင်းထားပါတယ်။
ဒါ့အပြင် ဦးထုပ်အတွင်းမှာ ဖုန်းပြောနိုင်အုံးမှာ ဖြစ်ပါတယ်။ ဆိုင်ကယ်မောင်းနေစဉ်အတွင်း ဖုန်းပြောရင် လေတိုးသံ Noise တွေ အရမ်းပါတာ ဖြစ်တာကြောင့် အဆိုပါ Noise တွေကို လျော့ချပေးပြီး အသံကြည်လင်ပြတ်သားစွာ ပြောဆိုနိုင်ဖို့လည်း ပြုလုပ်ထားပါတယ်။
ဒီထက်ပိုထူးခြားတာကတော့ ဦးထုပ်မှာ တပ်ဆင်ထားတဲ့ မှန်ပါ။ HUD Display ကို အသုံးပြုထားပြီး လမ်းကြောင်း၊ ရာသီဥတုနဲ့ အချိန်တွေကို ဖော်ပြနိုင်မှာပါ။ ဒါကြောင့် Iron Man ဇာတ်ကားထဲကလို အထာကျကျ မျက်စိရှေ့က မှန်သားပြင်ပေါ်မှာ အကြောင်းအရာတွေ ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စမ်းသပ်တီထွင်ဆဲဖြစ်ပြီး ဒီနှစ်ကုန်တဲ့အထိ ဈေးကွက်ထဲကို ရောက်ဖို့ မသေချာသေးဘူးလို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ကင်မရာအပိုင်းကို ပိုမိုတည်ငြိမ်အောင် စမ်းသပ်ဆဲ အဆင့်ဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်။