Home Entertainment Celebrity ကိုးရီးယား နာမည်ကြီး EXO K Pop အဖွဲ့ ရန်ကုန်သို့ လာရောက်ဖျော်ဖြေမည်

ကိုးရီးယား နာမည်ကြီး EXO K Pop အဖွဲ့ ရန်ကုန်သို့ လာရောက်ဖျော်ဖြေမည်

0
ကိုးရီးယား နာမည်ကြီး EXO K Pop အဖွဲ့ ရန်ကုန်သို့ လာရောက်ဖျော်ဖြေမည်

တောင်ကိုးရီးယားနိုင်ငံ၏ K Pop အဖွဲ့များစွာအနက် နာမည်ကြီး EXO K Pop အဖွဲ့ရန်ကုန်သို့ လာရောက်ဖျော်ဖြေမည် ဖြစ်ကြောင်း K Pop ပွဲတော်၏ facebook စာမျက်နှာ၌ ထုတ်ပြန်ကြေငြာခဲ့သည်။ K Pop Festival 2017 in Myanmar ဖျော်ဖြေပွဲတွင် EXO အဖွဲ့နှင့်အတူ TRAX, NCT 127, MATILDA တို့ ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

EXO ၏ ဖျော်ဖြေပွဲကို မေလ ၆ ရက်နေ့တွင် Thuwunna Bhumi Even Park ၌ ကျင်းပဖျော်ဖြေသွားမည် ဖြစ်ပြီး မကြာမှီမှာ လက်မှတ်ဈေးနှုန်းတွေကို ကြေငြာသွားမယ်လို့ JJM ကုမ္ပဏီမှ ပြောသည်။ ကိုးရီးယားအနုပညာသတင်းဆိုဒ် ဖြစ်သော SM Town တွင် EXO အဖွဲ့၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော Baekhyun ၏ မွေးနေ့ မေလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ဖျော်ဖြေပွဲစီစဉ်ထားကြောင်း သိရှိရသည်။ အောက်ပါပုံမှာ Baekhyun ရဲ့ ပုံ ဖြစ်ပါတယ်။

baekhyun

လက်ရှိတွင် လက်မှတ်ဈေးနှုန်းကို မသိရှိရသေးသော်လည်း အများစုမှာမူ လက်မှတ်ဈေးနှုန်းကြီးမြင့်မည်ကို စိုးရိမ်လျက်ရှိသည်။ EXO ၏ ပရိသတ်များသည် မြန်မာနိုင်ငံအနှံ့အပြား၌ ရှိနေပြီး အများအားဖြင့် ဆယ်ကျော်သက်အရွယ်နှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူ အရွယ်က ပိုမိုများပြားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: