Home Knowledge အနာဂတ် နည်းပညာတွေကို မထိန်းချုပ်နိုင်ရင် ကမ္ဘာကြီးပျက်စီးလိမ့်မယ် လို့ ပြောလိုက်တဲ့ စတီဗင်ဟော့ကင်း

အနာဂတ် နည်းပညာတွေကို မထိန်းချုပ်နိုင်ရင် ကမ္ဘာကြီးပျက်စီးလိမ့်မယ် လို့ ပြောလိုက်တဲ့ စတီဗင်ဟော့ကင်း

0
အနာဂတ် နည်းပညာတွေကို မထိန်းချုပ်နိုင်ရင် ကမ္ဘာကြီးပျက်စီးလိမ့်မယ် လို့ ပြောလိုက်တဲ့ စတီဗင်ဟော့ကင်း

နည်းပညာတွေတိုးတက်မြင့်မားလာတာနဲ့အမျှ ယနေ့မှာ AI နည်းပညာလို့ ခေါ်တဲ့ အလိုအလျောက် စဉ်းစားတွေးခေါ်နိုင်တဲ့ မှတ်ဉာဏ်တု နည်းပညာတွေ ပေါ်ပေါက်လာပါပြီ။။ ဒါ့ကြောင့် နည်းပညာအလွန်အကျွံမြင့်မားမှုက လူသားတို့ရဲ့ လူမှုဘဝကို မကြာခင်အချိန်အတွင်းမှာ ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာကျော် ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်းက အနာဂတ်နည်းပညာကို ထိန်းချုပ်ဖို့အတွက် ကမ္ဘာ့အစိုးရ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းသင့်ကြောင်း ပြောလိုက်ပါတယ်။

အနာဂတ်နည်းပညာတွေကို ထိန်းချုပ်နိုင်မယ့် ကမ္ဘာ့အစိုးရသာ အချိန်မှီမဖွဲ့ခဲ့ရင် လူ့လောကကြီးဟာ အနာဂတ်နည်းပညာတွေကြောင့် ပျက်စီးစေနိုင်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ AI နည်းပညာကဲ့သို့သော မှတ်ဉာဏ်တုများနှင့် နျူကလီးယားလက်နက်များက လူ့လောကကြီးကို ဖျက်စီးမှာပါ။

လူသားတို့၏ ဘဝအစဖြစ်သော ကျောက်ခေတ်မှသည် ယနေ့ တိုးတက်မှုမြင့်မားလာသည့်ခေတ်အခြေအနေတွင် တူညီသော အချက်မှာ လူသားအချင်းချင်း မနာလိုမှုနှင့် ရန်လိုခြင်း ဖြစ်သည်ဟု စတီဗင်ဟော့ကင်းက ပြောလိုက်သည်။ ထို့ကြောင့် အနာဂတ်နည်းပညာတို့ကို အမြော်အမြင်ရှိရှိနှင့် ထိန်းချုပ်ဖို့ လိုအပ်ကြောင်း စတီဗင်ဟော့ကင်းက ပြောလိုက်ခြင်း ဖြစ်သည်။

လူသားတို့၏ အချင်းချင်းရန်လိုမှုနှင့် တီထွင်မှုအသစ်အဆန်းများကို ကမ္ဘာ့အစိုးရ အဖွဲ့အစည်းတစ်ခု တည်ထောင်ပြီး ထိန်းချုပ်မည့် နည်းလမ်းမှလွဲ၍ အခြားနည်းလမ်းမရှိကြောင်း ပြောခဲ့သည်။ လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝှမ်းလုံး၌ အစာရေစာရှားပါးမှု၊ ရာသီဥတုဖောက်ပြန်မှု၊ သက်ရှိမျိုးစိတ်များ သေဆုံး ပျောက်ဆုံးရှားပါးလာမှု၊ ကူးစက်ရောဂါများ ဖြစ်ပွားလာမှု၊ သမုဒ္ဒရာရေပြင်၌ အက်ဆစ်ဓာတ်လွန်ကဲစွာ ပါဝင်မှုတို့သည် လူသားတို့၏ လုပ်ရပ်များကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် လူသားအချင်းချင်း ကူညီရိုင်းပင်းမှသာလျှင် အဆိုပါ ဖြစ်ရပ်ဆိုးကို ထပ်မံမတိုးပွားအောင် ဟန့်တားနိုင်မည်ဟု ဟော့ကင်းက ပြောသည်။ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် စတီဗင်ဟော့ကင်း သည် အနာဂတ်နည်းပညာတို့ကို အချိန်မှီ ဟန့်တားရန်အတွက် The Times မဂ္ဂဇင်းသို့ ဒုတိယအကြိမ်အဖြစ် သတိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: